bap-logo
Crime

ရှမ်းမြောက်မှာ မပေါက်ကွဲတဲ့လက်နက်ကြီးကျည်ကို ဆော့ရာက ကလေး ၃ ဦးသေဆုံး

fG99Nx_js4OI2yNOxfI4G-image

လွန်ခဲ့သော ၁၀ လ က

ရှမ်း၊ ဖေဖော်ဝါရီ ၂။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ယူဆော့ရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက သိရပါတယ်။

 

ဒီနေ့ ဖေဖော်ဝါရီ ၂ ရက် မနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက်(၉)နှစ်၊ အသက်(၆) နှစ်နဲ့ (၈) နှစ်အရွယ် ၃ ဦး သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

 

ကလေးသုံးယောက်လုံး အတူတူထိုင်ဆော့နေတာ၊ ပေါက်ကွဲသွားတော့ ၂ ယောက်က ဆုံးသွားတယ်၊ တယောက်က ဆေးရုံပို့ရင်းလမ်းမှာ ဆုံးသွားတာ” လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက အသိပေး ပြောကြားပါတယ်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း ၆ မြို့နယ်မှာ အခုနှစ် ဇန်နဝါရီလ တလအတွင်း မြေမြုပ်မိုင်းနင်းမိတာကြောင့် အမျိုးသမီးနဲ့ကလေးအပါအဝင် ဒေသခံ (၁၆) ဦး မိုင်းနင်းမိခဲ့ကြတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ ကောက်ယူစုဆောင်းထားတဲ့မှတ်တမ်းပြုစုချက်အရသိရပါတယ်။

 

ရှမ်း/မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ နမ္မတူ၊ နမ့်ဆန် မြို့နယ်တို့မှာ မြေမြှပ်မိုင်းနင်းမိတဲ့ဒေသခံ (၁၆)ဦးရှိပြီးလို့ ဆိုပါတယ်။

 

ဒေသခံတွေဟာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် ကြွင်းကျန်ပစ္စည်းတွေကြောင့် ကိုယ်လက်အင်္ဂါများ ထိခိုက် ပျက်စီးခြင်းနဲ့ အသက်ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ထား ပါတယ်။

 

ဓာတ်ပုံ - တအာင်းအမျိုးသမီးအဖွဲ့အစည်း

Burma Associated Press

 

ရှမ်းပြည်နယ်မြောက်ပိုင်း
လက်နက်ကြီး
ကလေးများ
သေဆုံးခဲ့

Share With
bap-logo