Politics
တရုတ်၏ မျက်နှာသာရရှိစေရန် မြန်မာစစ်အာဏာရှင်က လူမုန်းများသည့် ဆည်စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်
လွန်ခဲ့သော ၂ ရက် က
BAP ဘာသာပြန်။
၂၀၁၁ ခုနှစ်တွင် ကန့်ကွက်ဆန္ဒပြမှုများကြောင့် ရပ်ဆိုင်းခဲ့ရသည့် ဆည်စီမံကိန်းတစ်ခု ပြန်လည်စတင် လာသော်လည်း ၎င်းမှာ ထွက်ရှိလာမည့် စွမ်းအင်အတွက်ကြောင့် မဟုတ်ပါ။
လူထုကန့်ကွက်ဆန္ဒပြမှုများကြော
၎င်းပြင် ကမ္ဘာတစ်ဝန်းတွင် တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် ဆည်စီမံကိန်းများထဲမှ ပြည်သူလူထု၏ ဆန့်ကျင်မှုကြောင့် ရပ်တန့်သွားခဲ့ရသည့် စီမံကိန်းဟူ၍ အလွန်ပင် ရှားပါးလှသည်။ သို့သော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စစ်ကောင်စီ၏ ဒုတိယအကြီးအကဲ စိုးဝင်းက ၎င်းစီမံကိန်းကို ပြန်လည်စတင်ရန် တရုတ်နိုင်ငံနှင့် သဘောတူညီချက်ရရှိခဲ့ကြောင်း ပြောခဲ့သည်။
၎င်းမှာ မြန်မာနိုင်ငံသား အများအပြားက မိခင်မြစ်ကြီးအဖြစ် သတ်မှတ်ထားကြသည့် ဧရာဝတီမြစ် ဆုံရာနေရာတွင် တည်ဆောက်မည့် အဆင့်ဆင့်သော ဆည်ခုနစ်ခုအနက် တစ်ခုဖြစ်သည်။ မြစ်ဆုံသည် အဆိုပါဆည်များထဲတွင် အဓိကအကျဆုံးဖြစ်ပြီး အငြင်းပွားဖွယ်ရာ အကောင်းဆုံးလည်း ဖြစ်သည်။
မေးစရာရှိသည်မှာ အဆိုပါဆည်ကို အဘယ်ကြောင့် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသနည်း ဟူသောအချက် ဖြစ်သည်။
၎င်းစီမံကိန်းသည် အလွန်အမင်း မုန်းတီးခြင်းခံခဲ့ရပြီး သဘောတူညီချက်မှာလည်း ပွင့်လင်းမြင်သာမှု မရှိခဲ့ပါ။ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား အများစုမှာ တရုတ်နိုင်ငံသို့ ပေးပို့မည်ဖြစ်ကာ မြစ်အောက် ပိုင်းတွင် ရေကြီးမှုများကို ပိုမိုဆိုးရွားစေနိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမျာ
ထိုအချက်များအနက် ပြောင်းလဲသွားခြင်း တစ်ခုမျှ မရှိပါ။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့်လည်း ဤလျှပ်စစ်ဓာတ်အားကို အရေးတကြီး လိုအပ်နေခြင်းမျိုး မဟုတ်ပါ။
ထို့ကြောင့် ဤပြန်လည်ဆန်းသစ်မှုသည် ရေအားလျှပ်စစ်အတွက် အဓိကမဟုတ်ဘဲ အကျိုးအမြတ် အတွက် အသုံးချရန်သာဖြစ်သည်။
တရုတ်နိုင်ငံအပေါ် ပိုမိုမှီခိုလာရသည့် စစ်ကောင်စီသည် တရုတ်နိုင်ငံ၏ မျက်နှာသာရရှိရန်နှင့် အဆိုပါ ဆည်များ တည်ဆောက်မည့် ကချင်ပြည်နယ်၏ နယ်မြေအများစုကို ထိန်းချုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့
ဤစီမံကိန်းသည် တရုတ်နိုင်ငံနှင့် ညှိနှိုင်းရာတွင် အသုံးချမည့် အကွက်တစ်ခု ဖြစ်လာသကဲ့သို့ ဆန့်ကျင် ကန့်ကွက်သူများကို နှိမ်နင်းရန်အတွက် ဆင်ခြေတစ်ခုလည်း ဖြစ်လာခဲ့သည်
ဖိနှိပ်မှုများက ပထမဦးစွာ ရောက်ရှိလာသည်။ စစ်ကောင်စီသည် ဝေဖန်ကန့်ကွက်သူများကို နှုတ်ပိတ်ရန် အသုံးပြုနေကျ ဥပဒေနှစ်ခုအပေါ် အခြေခံ၍ ဆည်စီမံကိန်းကို "ခိုင်လုံသော အထောက်အထားမရှိဘဲ" ကန့်ကွက်သူ မည်သူမဆို ဥပဒေကြောင်းအရ အရေးယူခံရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေအရ လိုင်စင်မဲ့ ဗီပီအင်န် (VPN) များ အသုံးပြုခြင်းနှင့် ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အွန်လိုင်းပေါ်က အချို့သော ပြောဆိုမှုများ ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့ပြီး၊ ဇူလိုင်လက ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဥပဒေကလည်း မကြာသေးမီက ပြုလုပ်ခဲ့သည့် မတရားရွေးကောက်ပွဲအပေါ် ဝေဖန်မှုအားလုံးနီးပါးကို ပိတ်ပင်ခဲ့သည်။ ပြစ်ဒဏ်များမှာ ထောင်ဒဏ် ၃ နှစ်မှသည် သေဒဏ်အထိ ကျခံရနိုင်သည်။
ဒေသခံများမှာ မကျေနပ်ကြသော်လည်း နားလည်နိုင်လောက်သည့် အခြေအနေများကြောင့် ကြောက်ရွံ့ နေကြရသည်။ မေလအတွင်းက NGO ၄၉ ဖွဲ့က ဆည်နှင့်ပတ်သက်၍ အသစ်ထုတ်ပြန်လိုက်သည့် နှုတ်ပိတ်မိန့်သည် လွတ်လပ်စွာ ဖော်ပြခွင့်ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရှုတ်ချခဲ့ကြပြီး စစ်ကောင်စီသည် သဘောတူညီချက်အတုအယောင်များ ဖန်တီးရန်အတွက် ဟန်ပြဆွေးနွေးပွဲများကို လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့ကြသည်။ စစ်ကောင်စီသည် ထိုဒေသတစ်ခွင်တွင် ယင်းကဲ့သို့သော အစည်းအဝေးပေါင်း ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်
ယခင်က ဆည်ဆန့်ကျင်သည့် NGO များတွင် လုပ်ကိုင်ခဲ့ဖူးသည့် ကချင်လူမျိုး အများအပြားမှာ စီမံကိန်းပြန်လည်စတင်ရေး ကော်မတီတွင် ပါဝင်ရန် ဖိအားပေးခြင်း ခံခဲ့ရသည်။
ဒေသခံခေါင်းဆောင်များသည် စောင့်ကြည့်ခြင်းခံနေရပြီး အကယ်၍ ထုတ်ဖော်ပြောဆိုပါက ဖမ်းဆီးခံရခြင်း သို့မဟုတ် ၎င်းတို့၏ မိစုများကို လက်တုံ့ပြန်ခြင်းများ ခံရနိုင်ကြောင်း စီမံကိန်း နယ်မြေနှင့် နီးစပ်သည့် ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ဒုတိယပစ်မှတ်မှာ ကချင်နယ်မြေ ဖြစ်သည်။ စစ်ကောင်စီသည် မြစ်ကြီးနားမြို့နှင့် ဆည်တည် ဆောက်မည့် နယ်မြေကို ထိန်းချုပ်ထားသော်လည်း ပတ်ဝန်းကျင်ရှိ တောတောင်များမှာ KIA ၏ နယ်မြေများ ဖြစ်သည်။ စစ်ကောင်စီအနေဖြင့် ဤစီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းအားဖြင့် KIA က နယ်မြေများ ဖယ်ပေးရစေမည့် ထိပ်တိုက်တွေ့ဆုံမှုတစ်ခုကို ဖန်တီးရန် မျှော်လင့်နေနိုင်သည်။ နှစ်ဦးနှစ်ဖက်စလုံးသည် ကုန်သွယ်ရေးနှင့် လက်နက်များအတွက် တရုတ်နိုင်ငံကို မှီခိုနေကြရသည်။
ဆည်စီမံကိန်းကို စတင်အဆိုပြုခဲ့စဉ်က ထွက်ရှိလာမည့် စွမ်းအင်၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပေးပို့ရန် သတ်မှတ်ခဲ့သည်။ ယနေ့အချိန်တွင်မူ တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း၊ အထူးသဖြင့် ဈေးနှုန်းချိုသာသည့် နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်တို့သည် အမြင့်ဆုံး လိုအပ် ချက်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့် ဆည်စီမံကိန်းကို စောင့်ဆိုင်းနိုင်သည်။ တရုတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံမြောက်ပိုင်း မန္တလေးမြို့နှင့် ဘင်္ဂလားပင်လယ်အော်ရှိ ရေနက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူမြို့အထိ ဆက်သွယ်မည့် ရထားလမ်းကို စစ်ကောင်စီက တည်ဆောက်ပေးသည်ကိုသာ ပိုမိုလိုလားသည်။ ၎င်းတို့ လိုလားသည့်အတိုင်းလည်း ဖြစ်လာနိုင်ဖွယ် ရှိသည်။
ကိုးကား - The Economist
ဓာတ်ပုံ - Shutterstock
Top News
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၈ ရက် က
လွန်ခဲ့သော ၁၂ ရက် က