Data
Wednesday facts
လွန်ခဲ့သော ၂ နှစ် က
၈၉၀
မြန်မာကနေ တရုတ်နိုင်ငံကို မြေရှားတင်ပို့မှု ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ တန်ချိန် ၄၀,၀၀၀ ကျော်ရှိခဲ့ပြီး ကန်ဒေါ်လာ ၈၉၀ ကျော်တန်ဖိုးကို တင်ပို့ခဲ့တယ်လို့ ISP-Myanmar ရဲ့ စက်တင်ဘာ ၂၁ ရက် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အမေရိကန်အစိုးရက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အတွက် လူသားစာနာမှုအကူအညီအနေနဲ့ ကန်ဒေါ်လာ ၁၁၆ သန်းကျော် ထောက်ပံ့သွားမယ်လို့ စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ခြေရာတော်ရွာအနီးမှာ စက်တင်ဘာ ၂၂ ရက်က စစ်ကောင်စီတပ်ရဲ့ ခြုံခိုတိုက်ခိုက်မှု နှစ်ကြိမ်အတွင်း PDF တွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးသွားခဲ့ပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူဦးရေ အနည်းဆုံး ၂၈၁ ဦး သေဆုံးခဲ့တယ်လို့ ကုလမဟာမင်းကြီးရုံးရဲ့ စက်တင်ဘာလအစီရင်ခံစာမှာ ဖော်ပြပါတယ်။
Burma Associated Press