bap-logo
Politics

မြန်မာ့အရေး စိတ်ပါလက်ပါကူညီဖြေရှင်းသင့်ဟု မလေးရှားဝန်ကြီးချုပ်က ထိုင်းအစိုးရကို တိုက်တွန်း

mf5OGC40w2ijRXfzOY8Io-image

လွန်ခဲ့သော ၂ နှစ် က

ဘန်ကောက် - ဖေဖော်ဝါရီ ၁၀

 

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာနိုင်ငံပဋိပက္ခများဖြေရှင်းရာတွင် ပိုမိုတက်ကြွစွာ ပါဝင်လုပ် ဆောင်သင့်ကြောင်း ထိုင်းအစိုးရကို တောင်းဆိုခဲ့ပြီး စစ်ကောင်စီကို ကိုင်တွယ်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကြား သဘောထားကွဲနေဟန်တူကြောင်းလည်း အရိပ်ပြပြောဆိုခဲ့သည်။

 

ဒေသတွင်းဒုက္ခသည်အကျပ်အတည်းကို ဖြစ်ပေါ်စေသည့် အကျပ်အတည်းနှင့်ပတ်သက်၍ အရှေ့တောင်အာရှ ကျွန်းနိုင်ငံများက အစဉ်တစိုက်တွန်းအားပေးပြောဆိုနေလင့်ကစား ထိုင်းနိုင်ငံကဲ့သို့ မြန်မာနှင့်အနီးကပ် အိမ် နီးချင်းများမှာ စစ်ကောင်စီတာဝန်ခံလာရေးအတွက် ဝိုင်းဝန်းတွန်းအားပေးရန် တွန့်ဆုတ်လျှက်ရှိသည်။

 

ထိုင်းနှင့်မလေးရှားတို့သည် အခြားသောအာဆီယံအဖွဲ့ဝင်များနည်းတူ အနည်းဆုံး မြန်မာနိုင်ငံပြဿနာ လျော့ ပါးရေးအတွက် ကြိုးပမ်းအားထုတ်မှု ပြုလုပ်သင့်သည်ဟု မစ္စတာ အန်ဝါက ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ဘန်ကောက်တွင် တွေ့ဆုံအပြီးတွင် ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံက ပြည်တွင်းရေးပြဿနာကို ပြည်တွင်းမှာ ဖြေရှင်းရမှာဖြစ်ပေမယ့် ဒီပြဿနာဟာ အာဆီယံဒေသ တွင်းထိ သက်ရောက်မှုတွေ ရိုက်ခတ်မှုတွေ ရှိနေတယ်" ဟု မစ္စတာ အန်ဝါက ပူးတွဲသတင်းစာရှင်းလင်းပွဲ အတွင်း ဗိုလ်ချုပ်ကြီးပရာယွတ်ကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ပရာယွတ်က မစ္စတာအန်ဝါ၏ မှတ်ချက်ကို တိုက်ရိုက်တုံ့ ပြန်ခြင်း မရှိခဲ့သော်လည်း “ကျနော်တို့က မိသားစုတွေ ပါ။ ကျေးဇူးပါ မိတ်ဆွေ" ဟုသာ နောက်ပိုင်တွင် တုံ့ပြန်ခဲ့သည်။

 

အာဆီယံအဖွဲ့သည် မြန်မာစစ်ကောင်စီ၏ အကြမ်းဖက်မှုကိုအဆုံးသတ်ရန် ဘုံသဘောတူညီချက်ငါးရပ်ကို ထုတ်ပြန်ခဲ့သော်လည်း အဖွဲ့ဝင်များကြား လက်ရှိအချိန်ထိ သဘောထားကွဲလျှက်ရှိနေကြောင်း ပြီးခဲ့သည့်လက ကုလကျွမ်းကျင်သူများ ညည်းတွားခဲ့ကြသေးသည်။

 

လက်ရှိတွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူတို့က စစ်အစိုးရ၏ တရားဝင်မှုဆိုင်ရာ တောင်းဆိုချက်များကို ပယ်ချထားလင့်ကစား ကမ္ဘောဒီး ယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့က စစ်ကောင်စီနှင့် ဆက်ဆံရန်ဆုံးဖြတ်ထားကြောင်း အစီရင်ခံစာက ဆို သည်။

 

Burma Associated Press

 

မြန်မာ
မလေးရှား
ထိုင်းနိုင်ငံ
အာဆီယံ

Share With
bap-logo