Local News
ပခုက္ကူမြို့နယ် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ
လွန်ခဲ့သော ၂ နှစ် က
ဖေဖော်ဝါရီ ၉
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် အီနာကာ ပစ်ချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ယာဉ်တန်းလမ်းကြောင်းကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၉ ရက်တွင် မြိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီး အထိုင်ချထားသော စစ်ကောင်စီနှင့် ပျူစောထီးများသည် စစ်ဆေးရေး ဂိတ်မှ ဖြတ်သန်းသွားလာသည့် ပြည်သူများထံမှ ငွေကြေးအတင်းဓမ္မကောက်ခံနေသဖြင့် အီနာကာ ၈လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တောက်လျှောက် ပြန်လည် ပစ်ခတ်ခဲ့ပြီး၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦးနှင့် ပျူစောထီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ယင်းအပြင် ကမ္မမှသရက်ကန်သို့သွားနေသော စစ်ကောင်စီယာဉ်တန်းအပါအဝင် တွင်းမ- သရက်ကန် လမ်းပိုင်း တနေရာတွင် ဖလံကိုင်းမှပြန်လာသောစစ်ကောင်စီယာဥ်တန်းကို လုံခြုံရေးယူပေးနေသည့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အတွင်းသတင်းအရ ပျူ ၃ ဦးမှာ ပြင်းထန် ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြိုင် ပ.က.ဖ အဖွဲ့၏ ထုတ်ပြန်ချက်အရ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ ၁ နှင့် ၂ - ဂဠုန်၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ YSO Urban Revoluiton Force အဖွဲ့တို့အပါအဝင် Black Cobra နှင့် Black Cheetah တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Top News
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၇ ရက် က
လွန်ခဲ့သော ၁၁ ရက် က