bap-logo
Local News

ပခုက္ကူ - ရေစကြို ကားလမ်းပေါ်တွင် စစ်ကောင်စီ၏ ကားနှစ်စီး တိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံး

0rbA6A-k4DdbkwMUG3D8I-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူ - ရေစကြို ကားလမ်းတစ်နေရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဒေသအခေါ် ပျူစောထီး) အဖွဲ့တို့လိုက်ပါလာသည့် ကားနှစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၀ ဦး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်တပ်ရင်း() က ထုတ်ပြန်ထားသည်။

 

ယခုလ ဖေဖော်ဝါရီလ ရက် ညနေ နာရီခွဲ အချိန်ခန့်တွင် ပခုက္ကူ - ရေစကြို ကားလမ်းပေါ်ရှိ ကိုရှိန်း ဆီဆိုင်ရှေ့၌ အင်အား ၁၄ ဦးခန့်ပါ စစ်ကောင်စီ ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် တပ်ရင်း () မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ယင်းပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး နေရာမှာပင် သေဆုံးသွားပြီး အခြား ဦးမှာလည်း ပစ်ခတ်မှုမှ ထွက်ပြေးလွတ်မြောက်သွားသည့် ကားပေါ်တွင်ပါသွားခဲ့ပြီး ဆေးရုံတွင် ထပ်မံ သေဆုံးသွားကြောင်း ဆိုထားသည်။

 

အဆိုပါ ပစ်ခတ်မှုမှာ မိနစ်ခန့်သာကြာမြင့်ပြီး စစ်အုပ်စုဖက်မှ ဟင်္သာကျေးရွာ ပျူစောထီးခေါင်းဆောင် တစ်ဦး အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အထိခိုက်မရှိခဲ့ကြောင်း ဆိုထားသည်။

 

ထို့အပြင် စစ်သားများထံမှ သေနတ် လက် အပါအဝင် ကျည်ဆန်၊ လက်ပစ်ဗုံးနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဆိုထားသည်။

 

Photos - ပခုက္ကူခရိုင် အမှတ် () တပ်ရင်း၊

 

Burma Associated Press

 

အာဏာသိမ်း
စစ်ကောင်စီ
မကွေး
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Share With
bap-logo