bap-logo
Politics

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ကြံ့ခိုင်ရေးပါတီကို မှတ်ပုံတင်ခွင့်ပြု

lTRWp4tWL7OedZpDKtAwR-image

လွန်ခဲ့သော တစ်နှစ် က

ဧပြီ ၂၁။

စစ်ကောင်စီဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်က စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မှတ်ပုံတင်ခွင့်ပြုလိုက်သည်ဟု ယမန်နေ့ ဧပြီလ ၂၀ ရက်တွင် ကြေညာသည်။

 

ကြံ့ခိုင်ရေးပါတီသည် စစ်ကောင်စီပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအတိုင်း ပြန်လည်မှတ်ပုံတင်ခဲ့သည့် နိုင်ငံရေး ပါတီဖြစ်သည်။

 

အဆိုပါပြင်ဆင်လိုက်သည့် ဥပဒေအတိုင်း စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ထံတွင် ပြန်လည် မှတ်ပုံတင် သည့် နိုင်ငံရေးပါတီပေါင်း ၆၃ ခု ရှိနေသည်။ ယင်းတို့အနက် ပါတီအဟောင်း ပြန်လည်မှတ်ပုံတင်ခြင်း ၅၀ ရှိကာ ပါတီအသစ် ၁၃ ပါတီ ပါဝင်သည်။

 

ထိုအထဲတွင် တစ်နိုင်ငံလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီနှင့် ပြည်နယ်နှင့် တိုင်းအလိုက် စည်းရုံးမည့် ပါတီ ၅၁ ပါတီ ရှိနေသည်။

 

စစ်ကောင်စီထံ ပြန်လည်မှတ်ပုံမတင်ထားသည့် အင်အားကြီးပါတီများ ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ-NLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-SNLD တို့ အပါအဝင် ပါတီ ၄၀ သည် နိုင်ငံရေး ပါတီအဖြစ်မှ ပယ်ဖျက်ခြင်းခံခဲ့ရသည်။

 

စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်နေသည့် ကြံ့ခိုင်ရေးပါတီသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါဝင် ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲတိုင်းတွင် အစိုးရဖွဲ့နိုင်လောက်သည့် မဲအရေအတွက်ကို တစ်ကြိမ်မျှမရခဲ့ပေ။

 

ဓာတ်ပုံ - USDP

 

Burma Associated Press

စစ်ကောင်စီ
ရွေးကောက်ပွဲ
ပါတီ

Share With
bap-logo