bap-logo
Politics

စစ်ကောင်စီ၏ လေယာဉ်ဆီဝယ်ယူနေမှုအပေါ် ပိတ်ဆို့အရေးယူရန် နိုင်ငံတကာကို NUG တောင်းဆို

kNk8ORR2KZX9Zs6VUY_Uq-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၂၃

 

စစ်ကောင်စီ၏ လေယာဉ်ဆီများ ဝယ်ယူရရှိနေမှုကို ထိထိရောက်ရောက် တားဆီးပိတ်ပင်မှုများ ပြုလုပ်ရေးအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူရေး အဖွဲ့များအနေဖြင့် မြန်မာ နိုင်ငံနှင့် မြန်မာပြည်သူလူထုအတွက် မဖြစ်မနေဆောင်ရွက်ပေးသင့်ကြောင်း NUG ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။

 

ပြည်သူလူထုအပေါ် သွေးချောင်းစီးသည့် အကြမ်းဖက်လုပ်ရက်များကို ဆက်လက်လုပ်ဆောင်နိုင်နေစေသည့် အရင်းအမြစ်များကို မဖြစ်မနေဖြတ်တောက်အရေး ယူရမည်ဟုလည်း စစ်ကောင်စီ၏ လေယာဉ်ဆီ ဝယ်ယူ ရရှိနေမှု အပေါ် ရည်ညွှန်းပြောဆိုခဲ့သည်။

 

၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် စစ်ကောင်စီ အနေဖြင့် ပြည်သူလူထုနှင့် ပြည်သူပိုင်အဆောက်အအုံများနှင့် စီးပွားရေးနှင့် အများပြည်သူပိုင် အဆောက်အအုံ များအပေါ်တွင် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများအား အထူးစိုးရိမ်မိကြောင်း ဖော်ပြထားခဲ့ သည်။

 

ထိုအချက်ပေါ်မူတည်၍ စစ်လေယာဉ်ဆီများ ဝယ်ယူရရှိနေခြင်းကို တားဆီးပိတ်ပင်နိုင်ရေးအတွက် ထိရောက်မှု ရှိသော အ‌ရေးယူပိတ်ဆို့မှုများပြုလုပ်ပေးပါရန် အမျိုးသားညီညွတ်ရေးအစိုးရမှ မြန်မာပြည်သူများကိုယ်စား တောင်းဆိုကြောင်း NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်ကို တွေ့ရသည်။

 

Burma Associated Press

အမျိုးသားညီညွတ်ရေးအစိုးရ
စစ်ကောင်စီ
ကုလ လုံခြုံရေးကောင်စီ
လောင်စာဆီ

Share With
bap-logo