bap-logo
Politics

အင်းတော်တိုက်ပွဲတွင် ပကဖရဲဘော်တစ်ဦး ကျဆုံး၊ စစ်ကောင်စီတပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့

nwLoMC-k8zGyfVDDzy7cG-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီလ ၂၁

 

စစ်ကိုင်းတိုင်း ကသာခရိုင်၊ အင်းတော်မြို့၊ ကြိမ်ချောင်းရွာနှင့် သစ်ပုံလွင်ရွာကြားတွင် စစ်ကောင်စီတပ်နှင့် KIA PDF၊ ပကဖ ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားပြီး အသက် ၂၀ အရွယ် ပကဖ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အင်းတော်-တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

 

ထီးချိုင့်ဘက်မှ တက်လာသည့် အင်အား ၁၃၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးဘက်မှ PDF ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပကဖ တစ်ဦးကျဆုံးခဲ့ကြောင်း ဆိုသည်။

 

ထိုသို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ လယ်မှီးရွာမှ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာ သည့် အပြစ်မဲ့ပြည်သူ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ဦးသျှစ်ကုန်းရွာ တောထဲတွင် ပစ်ထားခဲ့သည်ဟုလည်း အင်းတော်- တော်လှန်ရေး အဖွဲ့က ဆိုသည်။

 

သတ်ဖြတ်ခံရသူ ဦးမှာ အသက် ၃၅ နှစ်အရွယ် ဦးရဲဝင်းအောင်၊ ဦးညိုအေးနှင့် အသက် ၄၀ အရွယ် ဦးစန်းဝေတို့ဖြစ်ကြောင်း အဆိုပါ စစ်ကြောင်းသည် စစ်ကောင်စီတပ် တပ်မ ၈၈လက်အောက်ခံ ခမရ ၃၀၁ နှင့် ခလရ ၄၁၆ တပ်ရင်းတို့ ဖြစ်ကြောင်း အင်းတော်အဖွဲ့က ဆိုသည်။

 

ဓာတ်ပုံ Indaw- Revolution

 

Burma Associated Press

စစ်ကိုင်း
ဒေသကာကွယ်ရေးတပ်ဖွဲ့
စစ်တပ်
အရပ်သား
အသတ်ခံရ

Share With
bap-logo