International
တူရကီ၊ ဆီးရီးယားငလျင်လှုပ်ခတ်မှု လူ ၁,၀၀၀ ကျော်သေဆုံး
လွန်ခဲ့သော ၂ နှစ် က
ဖေဖော်ဝါရီ ၆
တူရကီနိုင်ငံအလယ်ပိုင်းနှင့် ဆီးရီးယားအနောက်မြောက်ပိုင်းတွင် ယနေ့ မြေငလျင်လှုပ်ခတ်ခဲ့ရာ လူ ၁,၃၀၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆောင်းရာသီနံနက်မိုးမသောက်မီ လှုပ်ခတ်ခဲ့သည် ရစ်ချ်တာစကေး ၇ ဒသမ ၈ အဆင့်ရှိ ငလျင်သည် ယခု ရာစုနှစ်အတွင်း တူရကီနိုင်ငံတွင် အပျက်အစီးအများဆုံးငလျင်ဖြစ်ကာ လှုပ်ခတ်မှုကို ဆိုက်ပရပ်စ်နှင့် လက်ဘနွန်နိုင်ငံများမှပင် ခံစားခဲ့ရသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်သားများသည် နေရာအနှံ့အပျက်အစီးများကြားမှ လူအသေ အပျောက်များကို ဆွဲထုတ်ခဲ့ရသည်။
"ပုခက်တစ်ခုလို လှုပ်ခတ်သွားတာ။ ကျွန်တော်တို့အိမ်မှာ မိသားစုဝင်အားလုံးပေါင်း ၉ ယောက်ရှိတယ်။ ကျွန်တော့်သားနှစ်ယောက်က အခုအချိန်ထိ အပျက်အစီးတွေကြားမှာပဲ။ အခု ကျွန်မ သူတို့ကို စောင့်နေတာ" ဟု တူရကီအရှေ့တောင်ပိုင်း Diyarbakir မြို့မှ လက်ကျိုးပြီး မျက်နှာတွင် ဒဏ်ရာရထားသည့် အမျိုးသမီးတစ်ဦးက လူနာတင်ယာဉ်ပေါ်မှ ပြောသည်။
ငလျင်လှုပ်ခတ်မှုအတွင်း လူ ၉၁၂ ဦး သေဆုံးပြီး ၅,၃၈၃ ဦး ဒဏ်ရာရရှိကာ အဆောက်အဦး ၂၁,၈၁၈ လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း တူရကီသမ္မတ ရီဂျစ် တိုင်ယစ် အာဒိုအန်က ပြောကြားခဲ့သည်။
ထို့ပြင် ရှာဖွေကယ်ဆေးရေး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး လူအသေအပျောက်စာရင်း မည်မျှ တိုးလာမည် ကိုပင် မခန့်မှန်းနိုင်သေးကြောင်း တူရကီသမ္မတက ဆိုသည်။
ပြည်တွင်းစစ် ၁၁ နှစ်ကြာဖြစ်ပွားလျှက်ရှိသည့် ဆီးရီးယားတွင်လည်း သေဆုံးသူ ၃၂၆ ဦးထိရှိပြီး ၁,၀၄၂ ဦး ဒဏ်ရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Top News
လွန်ခဲ့သော ၆ နာရီ က