bap-logo
Politics

တရုတ်နိုင်ငံက ICC ကို 'သမာသမတ်ကျပြီး မျှတမှုရှိရန်’ ပြော

gslphXtTX31WdhyYCMiHa-image

လွန်ခဲ့သော တစ်လ က

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး(ICC) သည် 'သမာသမတ် ကျပြီး မျှတမှုရှိရန်’၊ ၎င်းတို့၏ တာဝန်များကို 'နှိုင်းနှိုင်းချိန်ချိန်’ ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောသည်။ မြန်မာစစ်ခေါင်းဆောင်ကို ICC က ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းမှုအကြောင်း မေးမြန်းခြင်းကို ၎င်းဝန်ကြီးဌာနက  ပြန်လည် တုန့်ပြန်ဖြေကြားခြင်းဖြစ်သည်။

 

မူဆလင်လူနည်းစု ရိုဟင်ဂျာတို့ကို ဖိနှိပ်ရက်စက်သည့်စွပ်စွဲချက်ဖြင့် မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုအတွက် ဖမ်းဆီးရန် ကြိုးပမ်းသွားမည်ဟု ICC ရှေ့နေ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံးမှ တရားလိုရှေ့နေကြီး ကာရင်(မ်) အေ အေ ခန်း (ကေစီ)က ပြောသည်။ ယင်းကဲ့သို့ ဖမ်းဝရမ်း လျှောက်ထားခြင်းသည် မြန်မာစစ်အာဏာရှင် ထိပ်တန်းအရာရှိတစ်ဦးကို ၎င်းတို့၏ ရုံးမှ ပထမအကြိမ် ဖမ်းဝရမ်း လျှောက်ထားခြင်းဖြစ်ပြီး နောက်ထပ် လျှောက်ထားမှုများလည်း လာဦးမည်ဟု ဆိုသည်။

ကိုးကား - Reuters ICC

ပုံစာ - အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံးတော်မှ တရားလိုရှေ့နေကြီး ကာရင်(မ်) အေ အေ ခန်း (ကေစီ) Photo: ICC

တရုတ်
မင်းအောင်လှိုင်
နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး

Share With
bap-logo