bap-logo
International

အိန္ဒိယအခွန်အရာရှိများက ဘီဘီစီရုံးများကို ဝင်ရောက်ရှာဖွေ

gjgAoQzcSuDMUbBTLwaqO-image

လွန်ခဲ့သော ၂ နှစ် က

 

နယူးဒေလီ - ဖေဖော်ဝါရီ ၁၄

 

မကြာသေးမီသတင်းပတ်က ၂၀၀၂ ခုနှစ် ဂူဂျာရတ်အဓိကရုဏ်းဖြစ်စဉ်တွင် ဝန်ကြီးချုပ်နာရင်ဒရာမိုဒီ၏ အခန်းကဏ္ဍကို ဝေဖန်သည့် ဘီဘီစီမှတ်တမ်းရုပ်ရှင်ကို ဆိုရှယ်မီဒီယာတွင် ဝေမျှခွင့်၊ ပြသခွင့်ပိတ်ပင်ပြီးနောက် အိန္ဒိယအခွန်အရာရှိများက နယူးဒေလီနှင့် မွမ်ဘိုင်းရှိ ဘီဘီစီရုံးများကို ယနေ့ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

 

ဘီဘီစီမှတ်တမ်းရုပ်ရှင်သည် ဂူဂျာရတ်လူမျိုးရေးအဓိ ကရုဏ်းဖြစ်စဉ်အတွင်း ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီး ချုပ်မိုဒီ၏ ခေါင်းဆောင်မှုအခန်းကဏ္ဍကို အဓိကရိုက် ကူးထားသည်။

 

မိုဒီ ဂူဂျာရတ်ပြည်နယ် ပြည်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း လူ ၁၀၀၀ ခန့်သေဆုံးကာ အများစုမှာ မွတ်ဆလင်များဖြစ်သည်။

 

ယနေ့ ဝင်ရောက်ရှာဖွေမှုအတွင်း အိန္ဒိယအခွန်အရာရှိများက စာရင်းကိုင်များနှင့် ပြောဆိုကာ မည်သူ့ကိုမျှ ရုံးပြင်ထွက်ခွင့်မပြုခဲ့ကြောင်း နယူဒေလီရှိ ဘီဘီစီရုံးသ တင်းရင်းမြစ်က ဆိုသည်။

 

ပြီးခဲ့သည့်လက နယူးဒေလီရဲတပ်ဖွဲ့သည် အစိုးရက ဝါဒ ဖြန့်မှုအဖြစ် သတ်မှတ်ထားသည့် မိုဒီမှတ်တမ်းရုပ်ရှင်ကို စုရုံးကြည့်ရှုရန်စီစဉ်ထားသည့် တက္ကသိုလ်ကျောင်းသားများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက အဆိုပါမှတ်တမ်းရုပ်ရှင်မှာ ဘက်လိုက်ပြီး နယ်ချဲ့စိတ်ဓာတ်ကို ဆက်လက်ပြသ လိုသော ဝါဒဖြန့်မှုသာဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလက တုံ့ပြန်ခဲ့သည်။

 

ဘီဘီစီကမူ ၎င်းတို့၏ မှတ်တမ်းရုပ်ရှင်နှင့်ပတ်သက်၍ အခိုင်အမာရပ်တည်ပြောဆိုခဲ့သည်။

 

နာရင်ဒရာမိုဒီသည် ၂၀၁၄ တွင် အိန္ဒိယဝန်ကြီးချုပ်ဖြစ်မလာမီ အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ကို ဆယ်စုနှစ်တစ်ခုကြာ အုပ်ချုပ်ခဲ့သည်။

 

ထိုအချိန်က လူထောင်ချီသေဆုံးခဲ့သည့် အဓိကရုဏ်းကို ရပ်တန့်ရန် ပျက်ကွက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များမှာ မိုဒီခေါင်းဆောင်မှုကာလတစ်လျှောက် အရိပ်မည်းသဖွယ် ထက်ကြပ်မကွာ လိုက်နေခဲ့သည်။

 

Burma Associated Press

 

အိန္ဒိယ
ပိတ်ပင်
မှတ်တမ်းရုပ်ရှင်
လူမှုကွန်ယက်
သတင်းမီဒီယာ

Share With
bap-logo