bap-logo
International

ဟွန်ဆင်ကိုဝေဖန်မှုဖြင့် "ဒီမိုကရေစီအသံ" သတင်းဌာန ပိတ်သိမ်းခံရ

3GOFT3qwjtIwR3IOBpqhl-image

လွန်ခဲ့သော ၂ နှစ် က

ဖနွမ်းပင် - ဖေဖော်ဝါရီ ၁၃

 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်သည် သူနှင့် သူ့သားဝေဖန်ခံရပြီးနောက် တိုင်းပြည်ထိခိုက်နစ်နာ ကြောင်းပြောဆိုကာ ပြည်တွင်းရှိ အမှီအခိုကင်းသည့် နောက်ဆုံးလက် ကျန်သတင်းဌာနက ပိတ်သိမ်းရန် အမိန့်ပေးခဲ့သည်။

 

VOD ဟု လူသိများသည့် "ဒီမိုကရေစီအသံ" သည် တနင်္လာနေ့နံနက် ၁၀ နာရီမှ စတင်၍ ရေးသား ထုတ်ဝေခွင့် သို့မဟုတ် ထုတ်လွှင့်ခွင့်လိုင်စင် မရှိတော့ကြောင်း ဝန်ကြီးချုပ်က ၎င်း၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

 

ဟွန်ဆင်က ဖနွမ်းပင်ရဲတပ်ဖွဲ့အား အမိန့်အတိုင်းသာလိုက်နာဆောင်ရွက်ခိုင်းပြီး ‌ပိုင်ဆိုင်မှုအား မသိမ်းရန် အမိန့် ပေးခဲ့သည်။

 

ထို့အပြင် VOD ကို ထောက်ပံ့နေသည့် ပြည်ပအလှူရှင်များအနေဖြင့် ၎င်းတို့ပိုက်ဆံကို ပြန်လည် သိမ်းယူ၍ ဝန်ထမ်များလည်း အလုပ်သစ်ရှာကြရန် ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

 

"ဘေးလူတွေက ကျွန်တော်နဲ့ ကျွန်တော့်သား ဟွန်မာနက်ကို တိုက်ခိုက်ဖို့ကြိုးစားကြတယ်။ ဒီသတင်းပတ် အစောပိုင်းက ထုတ်တဲ့ VOD သတင်းတစ်ပုဒ်ဟာ ကမ္ဘောဒီးယားအစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်" ဟု ရေးသားကာ VOD ၏ လိုင်စင်ကို ဖျက်သိမ်းရန် ပြန်ကြားရေးဝန် ကြီးဌာနကို အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

 

VOD သည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ကမ္ဘောဒီးယားက တူရကီငလျင်ဒဏ်သင့်သူများအတွက် ပေးအပ်သည့် အကူအညီတစ်ခုနှင့်ပတ်သက်၍ သတင်းတစ်ပုဒ်ရေးသားခဲ့သည်။

 

ဝန်ကြီးချုပ်၏ သားဖြစ်သလို၊ ဝန်ကြီးချုပ်ဟွန်ဆင်ကို ဆက်ခံမည့်သူဟု အများကယုံကြည်ထားသည့် ဟွန်မာနက်က‌ အဆိုပါ အကူအညီပေးရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အစိုးရပြောရေး ဆိုခွင့်ရှိသူ ဖေးစီဖန်၏ ပြောကြားချက်ကို သတင်းတွင် ကိုးကားဖော် ပြထားသည်။

 

ဟွန်မာနက်သည် ကမ္ဘောဒီးယားနိုင်ငံ စစ်တပ်၏ ပူးတွဲစစ် ဦးစီးချုပ်နှင့် လက်ထောက်တပ်မှူးဖြစ်ပြီး ယင်းသဘော တူညီချက်ကို လက်မှတ်ရေးထိုးခြင်းမှာ ၎င်း၏ရာထူးစည်းမျဥ်းကို ကျော်လွန် လုပ်ဆောင်မှုအဖြစ် ယူဆနိုင်သည်။

 

ကမ္ဘာ့သက်တမ်းအရှည်ဆုံး အာဏာရှင်တစ်ဦးဖြစ်သည့် ဟွန်ဆင်အစိုးရလက်ထက် နိုင်ငံရေးပြိုင် ဘက်များ ထောင်သွင်းအကျဉ်းချခံရခြင်း၊ ပြည်နှင်ဒဏ်ပေးခံရခြင်း၊ ဝေဖန်ရေးသားသည့် သတင်းဌာနများ ပိတ်သိမ်း ခံရခြင်းနှင့် အမြင်မတူသူများကို နှိမ်နင်းခြင်း သို့မဟုတ် လူသိရှင်ကြား တောင်းပန်ခိုင်း ခြင်းများ ပြုလုပ်ခဲ့သည်။

 

VOD သည် ကမ္ဘောဒီးယားတွင် ပထမဆုံး ပိတ်သိမ်းခံရသည့် မီဒီယာအဖွဲ့အစည်း မဟုတ်ပေ။ ၂၀၁၇ ခုနှစ်တွင် ဟွန်ဆင်အစိုးရသည် ‌ ကမ္ဘောဒီးယားနေ့စဉ်သတင်းစာ (Cambodia Daily) အား နောက်ကျ အခွန်ငွေ သန်းပေါင်း များစွာကို တစ်လအတွင်းပေးဆောင်စေပြီးနောက် ပိတ်သိမ်းခဲ့သည်။

 

ကမ္ဘောဒီးယားနေ့စဉ်သည် ထိရှလွယ်သည့်အကြောင်း အရာသတင်းထူးများနှင့်ပတ်သက်၍ ကျော်ကြား သည့် သတင်းစာတစ်စောင်ဖြစ်ပြီး ၂၀၁၈ အထွေထွေ ရွေး ကောက်ပွဲမတိုင်မီ ပိတ်သိမ်းခံခဲ့ရသည်။ ကမ္ဘောဒီးယား အစိုးရသည် ၂၀၂၃ အထွေ ထွေရွေးကောက်ပွဲကို ဇူလိုင် လတွင် ကျင်းပရန် စီစဉ်ထားသည်။

 

Source – Reuters/ဓာတ်ပုံ - ဝန်ကြီးချုပ် ဟွန်ဆင်

Burma Associated Press

 

ကမ္ဘောဒီးယား
သတင်းမီဒီယာ
ပိတ်ပင်
ဝန်ကြီးချုပ်

Share With
bap-logo