bap-logo
Opinion

ဟန်သာရှိ၍ အဆန်မရှိသည့် စစ်ကောင်စီ

efKBH1ozxaIoIjdIuKYAf-image

လွန်ခဲ့သော ၂ နှစ် က

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်သည် နိုင်ငံတော်အာဏာကိုသိမ်း၍ ဒေါ်အောင်ဆန်း စုကြည်နှင့် ရွေးကောက်ခံအရပ်သား နိုင်ငံရေးသမားများကို ဖမ်းဆီးခြင်းဖြင့် ဆယ်စုနှစ် တစ်ခုကြာ မဆိုစလောက် ဆောင့်ကြီးအောင့်ကြီးပေးလာခဲ့သည့် ဒီမိုကရေစီကို အဆုံးသတ်ခဲ့သည်။

 

ထိုအချိန်မှစ၍ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ တစ်နေ့တခြား ဆိုးရွားလာခဲ့ရာ နိုင်ငံရေး အကျဉ်းသား ဦးရေ ၁၃,၀၀၀ ကျော်အထိ တိုးလာသည်။ စစ်အုပ်စုသည် အာဏာသိမ်းပြီးနောက် သေဒဏ်စီရင်မှုကို ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ပြန်လည်အသက်သွင်းခဲ့သည်။

 

ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ Volker Türk က စစ်ကောင်စီသည် နိုင်ငံရေး အတိုက်အခံ များကို ချေမှုန်းရန် သေဒဏ်ကို အသုံးပြုနေပြီး လူပေါင်း ၁၃၀ ကို စစ်ခုံ ရုံးများက လူမသိသူမသိ သေဒဏ်ချမှတ်လိုက်ခြင်းအ ပေါ် တုန်လှုပ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

 

တရားရင်ဆိုင်နေရသူ ၁၇၀၀ ထဲမှ အများအပြားသည် ရှေ့နေ သို့မဟုတ် ဆွေမျိုးများနှင့်တွေ့ဆုံခွင့် ငြင်းပယ်ခံရသည်။ ထိုထဲမှ တရားသေလွှတ်ပေးခံရသူ တစ်ဦးမျှ မရှိချေ။

 

ကပ်ရောဂါ၊ ယူကရိန်းစစ်ပွဲနှင့် ကမ္ဘာတဝှမ်းမှ အုံကြွမှုများဖြစ်ပေါ်လာ ပြီးနောက် နိုင်ငံတကာအသိုင်း အဝိုင်းသည် စစ်ကောင်စီ၏ မြေလှန်နှိပ်ကွပ် သည့်မူဝါဒကို လက်တွေ့ကျင့်သုံးနေသည် မြန်မာနိုင်ငံက အဖြစ်အပျက်များ ကို ဆက်လက် အာရုံစိုက်နိုင်ခြင်းမရှိတော့ပေ။

 

ကပ်ရောဂါ၊ ယူကရိန်းစစ်ပွဲနှင့် ကမ္ဘာတဝှမ်းမှ အုံကြွမှုများဖြစ်ပေါ်လာပြီးနောက် နိုင်ငံတကာအသိုင်း အဝိုင်းသည် စစ်ကောင်စီ၏ မြေလှန်နှိပ်ကွပ်သည့်မူဝါဒကို လက်တွေ့ကျင့်သုံးနေသည် မြန်မာနိုင်ငံက အဖြစ်အပျက်များကို ဆက်လက် အာရုံစိုက်နိုင်ခြင်းမရှိတော့ပေ။

 

 

စစ်ကောင်စီတပ်များသည် ၎င်းတို့၏ အတိုက်အခံများကို ထောက်ခံသည်ဟု စွပ်စွဲကာ ရွာများကို ဖျက်ဆီး၍ ဆေး ရုံ၊ စာသင်ကျောင်းများသာမက ဖျော် ဖြေပွဲကိုပင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လက်ရှိတွင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ခန့်မှန်းခြေ လူ ၁ ဒသမ ၃ သန်းသည် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရပြီး အလွန်ဆိုးရွားသော အ ခြေအနေတွင် နေထိုင်နေကြရသည်။

 

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်များနှင့် ထောင်ဒဏ်များကိုလည်း ထပ်တိုးသည်။ တစ် ဖက်တွင် စစ်သားများနှင့် စစ်‌ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ၏ တရားလက်လွတ် သတ်ဖြတ်မှုများရှိနေကြောင်း လူ့အခွင့်အရေးအဖွဲ့များက အစီရင်ခံကြသည်။

 

အစပိုင်းတွင် သဘောထားကွဲလွဲမှုနှင့် ဒီမိုကရေစီနိဒါန်းပျိုးမှုကို နှိမ်နှင်းရာတွင် အထူးကျွမ်းကျင်လှသည့် မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးမကြာမီ ပြန်လည်ထိန်း ချုပ်နိုင်လိမ့်မည်ဟု ယူဆခဲ့ကြသည်။

 

အချို့သော ဆန္ဒပြသူများ လက်နက်များကိုင်ဆောင်ကာ ဒီမိုကရေစီလိုလားသော အမျိုးသား စည်းလုံးညီညွတ်ရေးအစိုးရက “ခုခံစစ်” ကို ကျောထောက်နောက်ခံပြုသည့်တိုင် ဘဏ္ဍာရေး၊ လက်နက် ကိရိယာများနှင့် လေ့ကျင့်သင်ကြားမှုများ ချို့တဲ့မှုကြောင့် မျှော်လင့်ချက်မဲ့သော ကြိုးပမ်းမှုတစ်ခုဟုသာ ထင်ခဲ့ရသည်။

 

သို့သော်လည်း ခုခံစစ်မှာ သိသိသာသာ ရှည်လျားလာရုံသာမက အချို့သော အခြေအနေတွင် အံ့အားသင့်ဖွယ် ထိရောက်မှုရှိခဲ့သည်။ အရပ်သား ပြည်သူ့ခုခံစစ်များသည် ယခင်ကတည်းက တိုက်ပွဲဝင်နေသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အချို့နှင့် လက်တွဲကာ စစ်အခြေ စိုက်စခန်းများနှင့် ယခင်ကဝင်ရောက်တိုက်ခိုက်ရန် မဖြစ်နိုင်သော ဗဟိုနယ်မြေများတွင် တိုက်ခိုက်မှုများ လုပ် ဆောင်နိုင်စွမ်းရှိလာသည်။

 

သို့သော်လည်း ခုခံစစ်မှာ သိသိသာသာ ရှည်လျားလာရုံသာမက အချို့သောအခြေအနေတွင် အံ့အားသင့်ဖွယ် ထိရောက်မှုရှိခဲ့သည်။ အရပ်သားပြည်သူ့ခုခံစစ်များ သည် ယခင်ကတည်းက တိုက်ပွဲဝင်နေသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အချို့နှင့် လက်တွဲကာ စစ်အခြေ စိုက်စခန်းများနှင့် ယခင်ကဝင်ရောက်တိုက်ခိုက်ရန် မဖြစ်နိုင်သော ဗဟိုနယ်မြေများတွင် တိုက်ခိုက်မှုများ လုပ် ဆောင်နိုင်စွမ်းရှိလာသည်။

 

စစ်ကောင်စီတပ်သားများ အညံ့ခံခြင်း၊ တပ်ပြေးဘက်ပြောင်းခြင်းများရှိလာသည်။ မြန်မာစစ် အစိုးရသည် တရုတ်၊ အိန္ဒိယနှင့် အခြားနိုင်ငံများကို အားကိုးနေရဆဲဖြစ်သော်လည်း လက်နက် အများအပြားအတွက် ရုရှားကိုလည်း မှီခိုအားထားခဲ့သည်။

 

စစ်ကောင်စီ၏ မတော်မတရားပြုမှုတိုင်းသည် ပြည်သူ့ဘက်တော်သား ကာကွယ်ရေးအဖွဲ့များအတွက် ဆက် လက်တိုက်ပွဲဝင်ရန် အကြောင်းအရင်းတစ်ခုဖြစ်ပြီး စစ်ကောင်စီဘက်က ညှိနှိုင်းလာမည်ဟု မည်သူမျှ မယုံ ကြည်ပါ။

လာမည့်နှစ်တွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟု စစ်ကောင်စီက ကတိပြုထားသော်လည်း စစ်အာ ဏာသိမ်းရခြင်းအကြောင်းအရင်းမှာ ရွေးကောက်ပွဲအကြိမ်ကြိမ်ရှုံး နိမ့်မှုကြောင့်သာဖြစ်ပြီး လက်ရှိ အချိန်တွင် စစ်တပ်အတိုက် အခံများလည်း အကျဉ်းချခံထားရသည်။

 

ပြီးခဲ့သည့်လက စစ်ကောင်စီသည် ဗြိတိန်သံအမတ်ဟောင်း Vicky Bowman အပါအဝင် အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ပေး၍ လူထုဆက်ဆံရေးအဆင်ပြေလာစေရန် ယောင်တိယောင်ဝါး ကြိုးစားခဲ့သေး သည်။ သို့သော် အချို့ကို ထိုနေ့တွင်ပင် ထပ်မံဖမ်းဆီးခဲ့ပြီး မကြာမီ ဖမ်းဆီးခံရသူ အရေ အတွက် ပြန်လည်မြင့်တက်လာသည်။

 

စစ်အစိုးရနှင့် ၎င်းတို့၏ မိသားစုများကို စနစ်တကျ ပစ် မှတ်ထား၍ အရေးယူပိတ်ဆို့ထားသင့်သည်။ ဒီမိုကရက်တစ်လှုပ်ရှားမှုထောက်ခံသူတွေက နိုင်ငံတကာတွင် ဦးဆောင်နေသည့် ဗြိတိန်အစိုးရကို ချီးကျူးဂုဏ်ပြုကြသော်လည်း ယခုထက်ပို လုပ်ဆောင်သင့်သည်ဟု ယုံ ကြည်နေကြသည်။

 

ဒီမိုကရေစီထောက်ခံသူများက စစ်တပ်အတွက် လေယာဉ်ဆီလမ်းကြောင်းကို ဖြတ်တောက်ရန် အခိုင်အမာတောင်းဆိုနေကြသည်။ စစ်အစိုးရ၏ ပို၍ဆိုးရွာလာသော လူမဆန်မှုသည် ၎င်းတို့၏ အကြောက်တရားကို ဖော်ပြခြင်းဖြစ်နိုင်သကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူး လွန်လာမည့် အရိပ်အရောင်လည်း ဖြစ်နိုင်သည်။

 

လက်ရှိအချိန်တွင်မူ ခုခံတော်လှန်စစ် အောင်မြင်ခြင်းမရှိသေးသော်လည်း ဒီမိုကရေစီအတွက် တိုက်ပွဲနေသူအချို့မှာ အာဏာသိမ်းမှုဟု မပြောတော့ဘဲ "အာဏာသိမ်းရန် ကြိုးပမ်းမှု" ဟု ယုံယုံကြည်ကြည် ပြောဆိုလာနိုင်သည်။ အာဏာသိမ်းမှုဖြစ်မသွားအောင်လည်း ဒီမိုကရေစီလှုပ် ရှားမှုတွင် ပါဝင်ကြိုးစားနေသူများအတွက် အထောက်အပံ့ကောင်းများ ပိုမိုလိုအပ်လျှက်ရှိသည်။

 

( ဒီဇင်ဘာ ၆ ရက်ထုတ် ဂါးဒီးယန်းသတင်းစာ၏ အယ်ဒီတာ့အာဘော်အား ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါ သည်။)

Burma Associated Press

 

စစ်တပ်
ဖွဲ့စည်းပုံအခြေခံဥပဒေ
စစ်ကောင်စီ
သေဒဏ်
အောင်ဆန်းစုကြည်

Share With
bap-logo