bap-logo
Politics

အောင်မင်္ဂလာအဝေးပြေးမှာလည်း လူငယ်တွေကို စစ်တပ်က ဖမ်းဆီးတာတွေရှိနေ

eaMgX_mMDg1E2QFSYdKk7-image

လွန်ခဲ့သော ၂ ရက် က

BAP၊ ဇန်နဝါရီ ၄။

 

ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာလည်း လူငယ်တွေကို စစ်တပ်က ဖမ်းဆီးမူတွေရှိနေတယ်လို့ အဝေးပြေးကွင်းအတွင်းနေသူအချို့က ပြောပါတယ်။

 

ကားဝင်းထဲက ဂိတ်တွေအထိ လာရောက်ဖမ်းဆီးရှာဖွေမူတွေ ခပ်စိပ်စိပ်ဖြစ်နေတာကြောင့် ဝင်းအတွင်း ညအိပ်နေသူတွေ မအိပ်ရဲဘဲ ကြောက်လန့်နေရတယ်လို့ အဝေးပြေးကားမောင်းသူအချို့က ပြောပါတယ်။

 

"အရင်ဆိုရင် ဒီဝင်းထဲလူတွေများတယ်၊ ကားအိပ်စောင့်သူတွေအဖွဲ့လိုက်အိပ်ကြတယ် ၊ ခုလူငယ်ပိုင်းတွေ စောင့်မအိပ်ရကြဘူး၊ ပေါ်တာဆွဲတာတွေမကြာခဏရှိနေတော့ ညမမှောင်ခင် ကားဝင်းအတွင်း တိတ်ဆိတ် နေကြပြီ၊ ကျနော်တို့လည်းစောင့်မအိပ်ရဲလို့ အိမ်ပြန်အိပ်နေကြပြီ" လို့ အဝေးပြေးကားမောင်း သူတဦးက ပြောပါတယ်။

 

ရန်ကုန်တိုင်းအတွင်းကမြို့နယ်တွေဖြစ်တဲ့၊ သာကေတမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ် မြောက်ဥက္ကလာပ အပါ အဝင် မြို့နယ်တွေမှာလည်း စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှု များနေတယ်လို့ မြို့ခံတွေက အသိပေးပြောကြားကြပါတယ်။

 

အောင်မင်္ဂလာအဝေးပြေးကွင်းထဲမှာ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူတွေများနေချိန် စစ်တပ်နဲ့ရဲတွေက မကြာခဏရှာဖွေတာတွေရှိလာလို့ စိုးရိမ်နေကြတယ်လို့ ခရီးသွားပြည်သူ အချို့က ပြောပါတယ်။

 

ရန်ကုန်မြို့ကနေ အနယ်နယ်ရပ်ရပ်ကိုပြေးဆွဲနေတဲ့အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၂၃၀ ကျော်နဲ့ ယာဉ်စီးရေ ၇၈၉ စီး၊ ခရီးသည် တစ်သေင်းကျော်ရှိနေတယ်လို့ သိရပါတယ်။

 

အောင်မဂ်လာအဝေးပြေးကွင်း ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေ မကြာခဏရောက်ရှိနေတာကြောင့် ညပိုင်းတွေမှာ လူသွားလူလာနည်းနေတယ်လို့ ခရီးသွားလာသူအချို့က ပြောပါတယ်။

 

"မနေ့က ကားဝင်းကိုခရီးသည်လာပို့တာ ရဲတွေအုပ်စုလိုက် ဂိတ်တွေကိုဝင်ရှာနေလို့ အမြန်ပြန်ထွက်လာရတယ် ၊ ကားဝင်းမှာ ဆွဲခံရတဲ့လူငယ်တွေရှိနေတော့လူငယ်အချို့ မနက်ပိုင်းကားပဲစီးတာများလာတယ် ၊တက်စီ သမား တွေလည်း ညဆို အဝေးပြေးကွင်းတွေဖက် မလိုက်ကြတော့ဘူး၊ နေရာတာအနှံ့ဆွဲနေတော့ လန့်နေ ရတယ်"လို့ တက်စီယာဥ်မောင်းတဦးက ပြောပါတယ်။

 

မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၉ နဲ့၁၀ အတွက် လူစုဆောင်းနေတာကြောင့် လူငယ်တွေဖမ်းဆီးခံနေရတယ်လို့ သိရပါတယ်။

Burma Associated Press

 

ရန်ကုန်
အဝေးပြေး
လူငယ်
ဖမ်းဆီး

Share With
bap-logo