bap-logo
Politics

ချောင်းဦးမြိုမဈေးအနီး စစ်ကောင်စီကပစ်ခတ်လို့ အရပ်သားတဦးသေဆုံး

e-_pWkHSrk2T9QpgtcdMN-image

လွန်ခဲ့သော တစ်နှစ် က

ချောင်းဦး၊ စက်တင်ဘာ ၂။

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊  မြို့မဈေးအနီးမှာ စစ်ကောင်စီတပ်က မနေ့ စက်တင်ဘာ ၁ ရက်က အရပ်သားတဦးကို ပစ်ခတ်ခဲ့လို့ အသက် ၅၀ အရွယ် ဈေးဝယ်အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။

 

ရွာတွေဘက်ကနေ ဈေးလာဝယ်သူတွေက ဆိုင်ကယ် နှစ်ယောက်တွဲစီးတာ။ သူတို့ပစ်တာက ဈေးဝယ်နေတဲ့ အသက် ၅၀ အရွယ်နယ်ခံအမျိုးသားကို သွားမှန်တာ။ နှစ်ယောက်တွဲစီးသူကတော့ လွတ်သွားတယ်“လို့ ချောင်းဦးမြို့ဒေသခံတဦးက ပြောပါတယ်။

 

ဒါ့အပြင် အဆိုပါစစ်ကောင်စီတပ်တွေဟာ မနေ့ကညနေပိုင်းကလည်း လမ်းသွားလမ်းလာတွေ ကို ဖမ်းဆီးသွားခဲ့ပါသေးတယ်လို့ သူက ဆိုပါတယ်။

 

ဖမ်းဆီးခံရသူတွေထဲမှာ မြို့မဈေးထဲမှာ ဈေးဆိုင်ခန်းဖွင့်ထားသူတွေ၊ ဈေးကို ရွာတွေကနေ အသီးအနှံကုန်စိမ်း လာပို့သူတွေ၊ ဈေးလာဝယ်တဲ့ အရပ်သားတွေ ပါဝင်ပြီး သူတို့ကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

 

မြို့မဈေးနဲ့ရဲစခန်းက လှမ်းမြင်နေရတဲ့အနေထားရှိတယ်။ သူတို့က မြင်မြင်သမျှကို ဖမ်းပြီးငွေညှစ် ပြန်လွှတ်တာတွေ လုပ်နေကြတာတော့ကြာပြီ ။ ဖမ်းခံရသူတွေကိုလဲ ငွေညှစ်ပြီးပြန်လွှတ်မယ် ထင်တယ်” လို့ အဆိုပါဒေသခံက ပြောပါတယ်။

 

ချောင်းဦးမြို့ပေါ်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားပြီး မြို့ရဲ့ လမ်းဆုံလမ်းခွတွေနဲ့ အချက်အခြာကျတဲ့ နေရာတွေမှာလည်း CCTV ကင်မရာတွေတပ်ဆင်ထားသလို အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေကလည်း မြို့အနှံ့မှာ ကင်းလှည့်နေတယ်လို့ ဒေသခံတွေက ထံက သိရပါတယ်။

 

စစ်အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၄,၀၂၉ ဦး အသတ်ခံခဲ့ရပြီး၊ ၁၉,၈၄၆ ဦး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၁ ရက်အထိထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

 

Burma Associated Press

ချောင်းဦး
အရပ်သား

Share With
bap-logo