bap-logo
Article

လူမူကွန်ယက်မှာ စစ်တပ်ထောက်ခံသူများရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ အမျိုးသမီးများ

detaHxaG5PhWuej7qir1k-image

လွန်ခဲ့သော ၂ နှစ် က

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအမြင်တွေကို လူမူကွန်ယက်မှာ ထုတ်ဖေါ်ရေးသားတဲ့ အမျိုးသမီးတွေဟာ စစ်တပ်ထောက်ခံတဲ့ အွန်လိုင်းအသုံးပြုသူများရဲ့ ဖမ်းဆီးရန် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်းတို့ အပါအဝင် သတ်ဖြတ်မယ်၊ မုဒိမ်းကျင့်မယ် ကဲ့သို့သော အကြမ်းဖက်ခြိမ်းခြောက်ခြင်းများကို ရင်ဆိုင်ရလျက် ရှိတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

 

အွန်လိုင်းပေါ်မှာ အနိုင်ကျင့်စော်ကားခံရမှုများကို တယ်လီဂရန် နဲ့ Facebook ကဲ့သို့သော လှုမှုကွန်ရက် ပလက်ဖေါင်းတွေက ကိုင်တွယ်ဖြေရှင်းမှုကို နိုင်နင်းစွာမလုပ်နိုင်ခြင်းနဲ့ ယင်းသို့ပြုလုပ်ကျူးလွန်သူများနဲ့ ရေးသားမှုများကို လျင်မြန်စွာဖယ်ရှားနိုင်ခြင်း မရှိခဲ့ဘူးလို့ ယခု လေ့လာမှုကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ Myanmar Witness က ဆိုခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံအတွင်း နဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေအပေါ် နိုင်ငံရေး အရရည်ရွယ်ပြီး အနိုင်ကျင့်စော်ကားမှုတွေဟာ ငါးဆတက်လာကြောင်း၊ အမျိုးသမီးများအပေါ် ပစ်မှတ်ထား‌ စော်ကားတဲ့ စာများရေးသားပြန့်နှံ့မှုဟာ အခြားလူမှုကွန်ယက်များနဲ့နှိုင်းယှဉ်ရင် တယ်လီဂရန်မှာ အဆ ၅၀၀ ပိုမို ဖြစ်ပွားလျက်ရှိကြောင်း ယင်းလေ့လာမှုမှတ်တမ်းအရ သိရပါတယ်။

 

"ယင်းကဲ့သို့သော အနိုင်ကျင့်စော်ကားတဲ့ အရေးအသားများကို ရေးသားသူအများစုဟာ မြန်မာစစ်တပ်ကို ထောက်ခံတဲ့ အမျိုးသားမျက်နှာပုံများနဲ့ အကောင့်ပိုင်ရှင်များဖြစ်ကြပြီး ၎င်းတို့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးများကို ပစ်မှတ်ထားရေးသားတိုက်ခိုက်ကြပါတယ်" လို့ ဗုဒ္ဓဟူးနေ့ (၁၅..၂၃) က ထုတ်ပြန်ခဲ့တဲ့ Myanmar Witness ရဲ့ လေ့လာမှုအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

 

"ယင်းကဲ့သို့အွန်လိုင်း၌ အနိုင်ကျင့်‌စော်ကားခံရမှုများနဲ့ ကိုယ်ရေးဆိုင်ရာအချက်အလက်များ ဖေါ်ထုတ် တိုက်ခိုက် ခံရမှုများဟာ နစ်နာသူအမျိုးသမီးကို ၎င်းရဲ့လူမှုဘဝရှင်သန်မှုမှာ လူအများကို ရှောင်တာမျိုးကို ဖြစ်ပေါ်လာ စေပြီး ကာယကံရှင်ကို တိတ်တဆိတ်နဲ့ထိခိုက်စေမှုတွေ ဖြစ်စေပါတယ်" လို့ ယင်းအစီရင်ခံစာက ဆိုထားပါတယ်။

 

"တိုက်ခိုက်ရေးသားသူများရဲ့ရူမြင်သုံးသပ်ချက်‌တွေ၊ လူ့ဂုဏ်သိက္ခာအပေါ်တိုက်ခိုက်မှုတွေ၊ မုဒိန်းကျင့်မည်၊ သတ်ဖြတ်ပစ်မည်၊ အကြမ်းဖက်မည်ဟု ခြိမ်းခြောက်ခံရမှုတွေဟာ စိတ်ပိုင်း နဲ့ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်" လို့ ခြိမ်းခြောက်တိုက်ခိုက်ခံရသူအမျိုးသမီးများက ဆိုကြပါတယ်။

 

ကာယကံရှင်ရဲ့ခွင့်ပြုချက်မရှိဘဲ ၄င်းရဲ့ အိမ်လိပ်စာ၊ ဖုန်းနံပတ် အသေးစိတ်နဲ့ ဓာတ်ပုံတွေကဲ့သို့‌သော ကိုယ်‌‌ရေး ဆိုင်ရာအချက်အလက်များကို အွန်လိုင်းမှာ ထုတ်‌ဖေါ်တဲ့ပုံစံနဲ့ (Doxxing) အနိုင်ကျင့် စော်ကားခံရတာ များကြောင်း တယ်လီဂရန်ရှိ . သန်းသော ရေးသားချက်များ၊ ယင်းသို့တိုက်ခိုက်ခံရသူများကို တွေ့ဆုံမေးမြန်း မှုများ နဲ့ လေ့လာခွင့်ရခဲ့သည့်ဖြစ်စဉ်များအရ သိရပါတယ်။

 

NUG နဲ့ PDF ကို ထောက်ခံဖွဲ့စည်းထားတဲ့ အုပ်စုများမှာ အပြုသဘောဆောင်တဲ့မှတ်ချက်များကို ဝင်ရောက် ရေးသားတဲ့အမျိုးသမီးတွေက ယင်းသို့ ကိုယ်ရေးဆိုင်ရာအချက်အလက်များ‌ကို ဖေါ်ထုတ် တိုက်ခိုက်ခံရဖို့ ပေါ်လွင်နေစေပါတယ်။

 

"ယင်းသို့ ကိုယ်ရေးအချက်အလက် ဖေါ်ထုတ်တိုက်ခိုက်ခံရမှုရဲ့ ၂၈ ရာခိုင်နှုန်းမှာ အွန်လိုင်းပြင်ပမှာလည်း ပြစ်ဒဏ် ပေးဖို့ဖုန်းဆက်‌ပြောဆိုမှုတွေရှိပြီး မြန်မာစစ်တပ်ရဲ့ ဒီဖုန်းပြောဆိုမှုအားလုံးနီပါးမှာ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ အမျိုးသမီးကိုဖမ်းဆီးရန် (သို့) ၎င်းပိုင်ပစ္စည်းများကိုသိမ်းဆည်းရန်တို့ပါဝင်ပါတယ် " လို့ ယင်းလေ့လာမှုမှာ ရေးသားထားပါတယ်။

 

"ယင်းသို့ ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့အမျိုးသမီးရဲ့ ကိုယ်ရေးအချက်အလက်များကိုဖေါ်ထုတ်ထားတဲ့ ရေးသားချက်များအား ထပ်ဆင့်မျှဝေခြင်း၊ ပြောဆိုခြင်းတို့ကို ပူးပေါင်းကြံစည်ကြသူများက ပြုလုပ်လေ့ရှိပြီး၊ စစ်အာဏာပိုင်များအား ယင်းအမျိုးသမီးကို ဖမ်းဆီးအပြစ်ပေးရန်နဲ့ ဖမ်းဆီးခံရသည့်အခါမှာလည်းရေးသား တိုက်ခိုက်သူများက အောင်ပွဲခံကြလေ့ရှိပါတယ်" လို့ ယင်းလေ့လာမှုအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

 

ထို့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အမျိုးသမီးတွေဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားသားတွေရဲ့ လိပ်ပိုင်းဆိုင်ရာဖျော်ဖြေခံတွေဖြစ်ကြောင်း၊ မျိုးမစစ်ကြသူများ ဖြစ်ကြောင်း‌ လူမူကွန်ယက်မှာရေးသားပြောဆိုဖြန့်‌ဝေခြင်းဖြင့် ၎င်းတို့ရဲ့ ကိုယ်ကျင့်သိက္ခာပိုင်းကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခံရပါတယ်။

 

သိုသိပ်သောအဖွဲ့များ (closed group) များရှိ ရေးသားချက်များကိုလည်းအလှမ်းမမီသည့်အပြင် Facebook ရဲ့ အချက်အလက်မူဝါဒအရ လေ့လာဆန်းစစ်မှုအမြောက်အမြားမလုပ်နိုင်တဲ့ အတွက်မို့ ယခုလေ့လာမှုအစီရင်ခံ စာမှာ ဖေါ်ထုတ်ရေးသားချက်များဟာ အမှန်တကယ်ကျူးလွန်ခံရတဲ့ ဖြစ်စဉ်များရဲ့အနည်းအကျဉ်းကိုသာ သိရှိရခြင်း ဖြစ်ကြောင်း Myanmar Witness ကဆိုခဲ့ပါတယ်။

 

လူမူကွန်ယက်ပလက်ဖေါင်းများအနေဖြင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနဲ့ လက်တွဲ လုပ်ဆောင်သင့်ကြောင်းနဲ့ ဒေသဆိုင်ရာဘာသာစကား ကျွမ်းကျင်သူများနဲ့ စောင့်ကြည့်ရေးအဖွဲ့များ ရှိသင့် ကြောင်း ယင်းလေ့လာမှုအစီရင်ခံစာကို ရေးသားသူများက ဆိုခဲ့ပါတယ်။

 

ယင်းကဲ့သို့ အွန်လိုင်းတွင်အနိုင်ကျင့်တိုက်ခိုက်ခံရမှုများကို တန်ပြန်အရေးယူဆောင်ရွက်နိုင်ရန်အတွက် အချက် အလက်များ လက်လှမ်းမီဖို့အရေးနဲ့ ယင်းဖြစ်စဉ်များအပေါ် အရေးယူတုန့်ပြန်ဆောင်ရွက်မှုများကိုလည်း အချိန်တိုအတွင်းလုပ်ဆောင်နိုင်ရန် လူမှုကွန်ယက်ကုမ္ပဏီများကဆောင်ရွက်သင့်ကြောင်း Myanmar Witness က ယင်းတို့ရဲ့ လေ့လာမှုအစီရင်ခံစာမှာ ရေးသားထားပါတယ်။

 

အယ်လ်ဂျာဇီးယား သတင်းဌာနရဲ့ "Myanmar women target of online abuse by pro-military social media" ကို ဆီလျော်အောင်ဘာသာပြန်သည်။

 

Photo – AP

 

Burma Associated Press

မြန်မာ
အာဏာသိမ်း
အမျိုးသမီးများ

Share With
bap-logo