bap-logo
Article

ကြွေရွက်စိမ်းများ

FSY54PG95KixyRO0Qi67R-image

လွန်ခဲ့သော ၂ နှစ် က

ဇန်နဝါရီ ၂၇

 

သင်္ချိုင်းမြေထဲကို ဝင်လိုက်သည်နှင့် မကြာသေးခင်ကမှ ခုတ်ထွင်ရှင်းထားပုံရသည့် မြေကွက်လပ်၏ အရှေ့ဘက်ခြမ်းတွင် ဆေးမခြောက်သေးသည့် အနီရောင်ရဲရဲ အုတ်ဂူ ခုကို မြင်လိုက်ရသည်။

 

အုတ်ဂူများကို လုံးတန်းနှင့် လုံး တန်းဟူ၍ နှစ်တန်း တန်းထားပြီး အဆိုပါ အုတ်ဂူများထံမှ စူးရှရှ ဆေးနံ့ကို ခံစားလိုက်မိသည်။

 

အဝတ်အထည် ခမ်းနွမ်းနွမ်းကို ဝတ်ထားသည့် နုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွေး ခပ်ကျဲကျဲနှင့် လူတစ်ယောက်က အုတ်ဂူများအကြား အလုပ်များနေသည်။

 

ထိုသူက ဆေးအနီရောင် ခြယ်ထားသည့် အုတ်ဂူ၏ မျက်နှာစာတွင် စိတ်အေးလက်အေးနှင့်ပင် ခဲတံနှင့် ကော်ပေတံကို အသုံးပြုကာ အမှတ်အသားလုပ်နေသည်။ သူ့အနီးအနားတွင်တော့ ကြယ်ပုံစံ ပုံစံငယ် ရေးဆွဲ ထားသည့် စက္ကူအဖြူရောင်၊ သင်္ဘောဆေး အနီရောင်နှင့် အဖြူရောင်ဘူးများ၊ စုတ်တံငယ်များ ရှိနေသည်။

 

မိနစ်ပိုင်းလောက်အကြာတွင် သချိုင်းအတွင်းသို့ နောက်ထပ် လူနှစ်ယောက် ထပ်ရောက်လာခဲ့သည်။

ခင်ဗျားကြယ်က စောင်းနေသလိုပဲ၊ ဟုတ်တယ်မလား ကို ---- ကျွန်တော်ပဲ အဲလိုမြင်နေတာလားဟု ခဲတံ ဆွဲနေသူကို နောက်မှရောက်လာသူက ရယ်သံဖြင့် ပြောလိုက်သည်။

 

သချိုင်းမြေရှိ အုတ်ဂူများအကြားတွင် အလုပ်များနေသည့် ထိုသုံးယောက်သည် သုဘရာဇာများ မဟုတ်ကြပါ။

 

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ တပ်မဟာ အတွင်းရှိ ပြည်သူ့ ကာကွယ်ရေး တပ်မတော်၊ အမှတ် စစ်ဒေသ၊ ဒေါနစစ်ကြောင်းမှ ရဲဘော်များဖြစ်ကြသည်။

 

သူတို့က ကျနော်တို့ရဲ့ ဒုတိယ မိသားစုဝင်တွေပါဟု နောက်မှ ရောက်လာသူ နှစ်ဦးအနက် အရပ်ရှည်ရှည်နှင့် လူက အနီရောင်အုတ်ဂူများကို လက်ဝှေ့ယမ်းပြရင်း ပြောသည်။

 

စစ်အာဏာရှင်ကို လက်နက်စွဲကိုင်ဆန့်ကျင်ရန် တော်လှန်ရေးနယ်မြေများအတွင်း ထပ်မံဆုံရသည့် ရဲဘော် ရဲဘက်များကို သူက တင်စားပြောဆိုလိုက်ခြင်းဖြစ်သည်။

 

ထိုဒုတိယ မိသားစုများအနက် တော်လှန်ရေး လမ်းခုလတ်တွင် ကြွေလွင့်ခဲ့ရသည့် ရဲဘော်များအတွက် သူတို့ သုံးယောက် သချိုင်းမြေအတွင်းရောက်နေခြင်းဖြစ်သည်။

 

သူတို့ တစ်နေရာတည်းမှာပဲ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အိပ်စက်အနားယူနိုင်ဖို့ပါဟု အုတ်ဂူ လုံး ဘက်သို့ ငဲ့ရင်း ပြောသည်။

 

 

သူတို့ တစ်နေရာတည်းမှာပဲ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အိပ်စက်အနားယူနိုင် ဖို့ပါဟု အုတ်ဂူ လုံး ဘက်သို့ ငဲ့ရင်း ပြောသည်။

 

 

 

တော်လှန်ရေးလမ်းခုလတ်တွင် ကျဆုံးခဲ့သည့် ရဲဘော်များ၏ ကြွင်းကျန်ရစ်သည့် ခန္ဒာ၊ ကျန်ရစ် ပစ္စည်း များနှင့် အရိုးပြာ စသည် တစ်ခုခုကို သက်ဆိုင်ရာ မိသားစုများထံ ပို့ဆောင်ရန် အခွင့်မသာသည့် အတွက် နောက်တစ်ချိန် တွင် အမှတ်တရအဖြစ် ကြွင်းကျန်ရစ်စေသောငှာ ယခုကဲ့သို့ အုတ်ဂူများ စနစ်တကျ လုပ်အောင်ပေးရသည် ဟုလည်း ဆိုသည်။

 

ဒါကြီးစရှင်းတော့ ဒီနေရာမှာ ခြုံဖြစ်နေပြီ။ ရဲဘော် --- ကို ဒီနေရာမှာ မြှပ်ခဲ့တယ်ဆိုတာ ကျနော်က အုတ်ခဲတစ်လုံးနဲ့ မှတ်ထားလို့သာ သိတာ၊ ကြာလာရင် ခြုံအောက်မှာ ပျောက်သွားမှာဟု ရဲဘော် တစ်ဦးက ဆိုသည်။

 

တဆက်ထဲမှာပင်-

ဒီထဲမှာဆို ကနဦး ကျသွားတဲ့ ရဲဘော် ဂန္ဓမာ၊ KNLAက ဆရာဇေယျာတို့ ပါတယ်။ ဆရာဇေယျာဆိုရင် ကျွန်တော်တို့ကို ဖောက်ခွဲရေးအတွက် သင်ပေးတယ်။ သူတို့ နှစ်ယောက် လုံးက မိုင်းမတော်တဆကြောင့် ပထမ ဆုံး ကျသွားခဲ့ရတာဟု သူကဆက်ပြောသည်။

 

အုတ်ဂူ လုံးအနက် ရဲဘော် ထက်ကြီး ရဲဘော် ငတိုးတို့သည် စစ်ကောင်စီ၏ ကြိတ်စခန်းကို သိမ်းသည့် တိုက်ပွဲတွင် မတော်တဆမှုနှင့် ကြုံတွေ့ကာ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

 

ကေအဲန်ယူ၊ တပ်မဟာ အတွင်းရှိ 'ကြိတ်'စခန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် မွန်းလွဲအချိန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ KNLA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

 

ကျနော်တို့က သာမာန်လူတွေကနေ စစ်သားဘဝကို ဝင်ခဲ့တယ်၊ ဆိုတော့ မတော်တဆမှုတွေက ရှိမှာပဲ၊ ကျနော်တို့ကလည်း တိုက်ပွဲတွေ၊ မိုင်းတွေနဲ့ ပတ်သက်တဲ့ အသိပညာတွေ မရင့်ကျက်သေးဘူးလေဟု ကျဆုံးရဲဘော်တစ်ချို့အတွက် နှမျောတသစွာဖြင့် သူက ပြောပြသည်။

 

သုံးဦးအနက် တစ်ဦးက တော်လှန်ရေးရဲဘော်များ ငြိမ်းချမ်းစွာ လဲလျောင်းနေသည့် အုတ်ဂူများအကြောင်း ပြောနေစဉ်တလျှောက်လုံး ကျန်နှစ်ဦးဖြစ်သည့် ပိန်ပိန်ပါးပါးလူနှင့် မျက်မှန်ထူထူ တပ်ထားသည့် လူငယ်တို့က အနီရောင်အုတ်ဂူ၏ မျက်နှာစာတွင် အဖြူရောင် ကြယ်တစ်လုံးကို ပို၍ ရုပ်လုံးကြွစေရန် အလို့ငှာ ဆေးဖြင့် ထပ်ခါထပ်ခါ ခြယ်သနေသည်။

 

တန်ဖိုးကြီးပန်းချီကားတစ်ချပ် ဖြစ်လာစေမည့် အနုစိတ်လက်ရာပေါ် ဆေးရောင်ခြယ်သကဲ့သို့ စိတ်နှစ်ပြီး ခဲတံဖြင့်ဆွဲထားသည့် ကြယ်ပုံစံမျဉ်းပြင်၏ပြင်ပသို့ ဆေးဖြူမထွက်အောင် သတိထား ခြယ်သနေခြင်း ဖြစ်သည်။

 

ဒီထဲမှာဆို တကယ့်တိုက်ပွဲမှာ ကျသွားတဲ့ ရဲဘော်တွေလည်း ပါပါတယ်။ ရဲဘော် ဒေါက်ရှဲတို့၊ ရဲဘော် ‘----- ’ တို့ဆိုရင် တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံနဲ့ အသက်ပေးသွားကြတာဟု စကားပြောနေသူက သူ၏ စကားကို ဆက်သည်။

 

CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် ရဲဘော် ဒေါက်ရှဲသည် မကြာသေးမီကဖြစ်ခဲ့သည့် တိုက်ပွဲ အတွင်း စစ်ကောင်စီ တပ်သား ဦးကို ပစ်ချနိုင်ခဲ့သူဖြစ်သည်။ ကော့ကရိတ်မြို့အနီး တိုက်ပွဲတွင် စစ်ကောင်စီက ပစ်လိုက်သည့် လက်နက်ကြီး ကျည်စ ခေါင်းကို ထိမှန်ကာ ကျဆုံးခဲ့ရခြင်းဖြစ်သည်။

 

အာဏာသိမ်းပြီး နှစ်နီးပါးအကြာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ အသီးသီးတွင် KNLA အပါအဝင် လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပေါင်း ,၀၀၀ ကျော် ဖြစ်ပွားခဲ့သည်။

 

ထူးထူးခြားခြားအနေဖြင့် အုတ်ဂူ လုံးတွင် ပါဝင်နေသူများအနက် အသက် ၂၂ နှစ်အရွယ် တစ်ဦးမှာ တော်လှန်ရေးနယ်မြေအတွင်း ကျဆုံးခဲ့ရခြင်းမဟုတ်ပါ။

 

ဒေါနစစ်ကြောင်းကနေ သင်တန်းတက် ပြန်သွားပြီး ရန်ကုန်မှာ UG လုပ်ရင်း ကျဆုံးသွားတဲ့ ရဲဘော် လည်း ပါတယ်။ စစ်ကောင်စီကတော့ အဲဒီရဲဘော်ရဲ့ အလောင်းနဲ့ အရိုးပြာကို ပေးဖို့ ငြင်းဆန်ခဲ့တယ်။ ဒါကြောင့် သူ့ကျန်ခဲ့တဲ့ အမှန်တရပစ္စည်းတစ်ခုကို အုတ်ဂူထဲမှာ သူ့ကိုယ်စားမြှပ်နှံထားရတယ်ဟု အုတ်ဂူများအကြောင်း ရှင်းပြနေသူကဆိုသည်။

 

ကျဆုံးခဲ့သည့် ရဲဘော်များအတွက် တနည်းအားဖြင့် ၎င်းတို့၏ ဒုတိယ မိသားစုဝင်တိုင်းအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံမှ အသိအမှတ်ပြုသည့် ဝမ်းနည်းကြောင်း သဝဏ်လွှာကိုလည်း ကျန်ရစ်သည့် ရဲဘော်များက မျှော်လင့်နေကြသည်။

 

ကျနော်ကတော့ ငွေကြေးအနေနဲ့ မတောင်းဆိုလိုဘဲ ယုံကြည်လို့ PDF လုပ်နေတဲ့ အစိုးရဆီကနေ ကျဆုံး သွားတဲ့ ရဲဘော်တွေအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာလေး တစ်ယောက် တစ်စောင်စီ လိုချင်တယ်ဟု သူက မချိတင်ကဲပြောသည်။

ကျနော်ကတော့ ငွေကြေးအနေနဲ့ မတောင်းဆိုလိုဘဲ ယုံကြည်လို့ PDF လုပ်နေတဲ့ အစိုးရဆီကနေ ကျဆုံးသွားတဲ့ ရဲဘော်တွေ အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာလေး တစ်ယောက် တစ်စောင်စီ လိုချင်တယ်ဟု သူက မချိတင်ကဲပြောသည်။

 

 

ယုံကြည်ချက်ကို စွဲကိုင်ရင်း တိုင်းပြည်အတွက် အသက်ခန္ခာကို ပေးအပ်ခဲ့သည့်၊ နီစွေးစွေး အုတ်ဂူ အတွင်း လဲလျောင်းနေသည့် ရဲဘော်များသည် ပျမ်းမျှအားဖြင့် အသက် ၂၂ နှစ်မှ ၃၀ အကြား လူငယ် လူရွယ်များသာဖြစ်သည်။

 

တော်လှန်ရေး လှိုင်းတံပိုးသည် ထန်ဆဲဖြစ်သည့်အတွက် ၎င်းတို့ထံသို့ မည်သည့် မိသားစုတစ်ဦးဦးကမှ လာရောက်တွေ့ဆုံရန် အခွင့်မသာသေးပေ။

 

အာဏာသိမ်းပြီးချိန်မှ ယခု ပြီးခဲသည့်နှစ် ဒီဇင်ဘာလကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၏ နောက်ဆုံး ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံတဝှမ်း တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် လူငယ် ,၀၅၉ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

 

Burma Associated Press

 

 

မြန်မာ
အာဏာသိမ်း
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ကရင်

Share With
bap-logo