bap-logo
Article

မြန်မာ၏နှင်းများအစဉ်ဖုံးလွှမ်းရာ မြောက်ပိုင်းအရပ်က နို့တိုက်သတ္တဝါကြီးများ

dRcKWsy3155S6o3ShZJbC-image

လွန်ခဲ့သော ၃ နှစ် က

မြန်မာနိုင်ငံ၏ မြောက်ဖျားစွန်းတွင်ရှိသော ခါကာဘိုရာဇီရူမျှော်ခင်းကို မိုးသစ်တောများ ဖုံးလွှမ်းနေသည့် တောင်စောင်းများနှင့် တောင်ကြားချိုင့်ဝှမ်းများ၊ မတ်စောက်ပြီး နှင်းများအစဉ်ဖုံးလွှမ်းနေသည့် မိုးထိုးနေသော တောင်ချွန်းများက လွှမ်းခြုံလျှက်ရှိသည်။

 

မြေမျက်နှာပြင်ကြမ်းတမ်းပြီး ဝေးလံခေါင်သီသော ယင်းအရပ်သည် မြန်မာ၊ အိန္ဒိယနှင့် တရုတ်တို့ဆုံရာ နယ်စပ်နှင့်နီးစပ်ပြီး အရှေ့တောင်အာရှ၏ အမြင့်မားဆုံးတောင်ဖြစ်သော  ,၈၈၁ မီတာ ( ၁၉,၂၉၅ ပေ) မြင့်သည့်  ခါကာဘိုရာဇီတောင် (နှင်းများအစဉ်ဖုံးလွှမ်းနေသောတောင်) ရှိရာအရပ်လည်း ဖြစ်သည်။

 

ခါကာဘိုရာဇီဥယျာဉ်သည် ပျောက်ကွယ်လုနီးပါး မျိုးစိတ်များဖြစ်သည့် တရုတ်ပန်ဒါနီ၊ အင်းကျား (ခေါ်) သစ်တက်ကျားနှင့် ရှေ့ရစ်မျောက်ကဲ့သို့သော နို့တိုက်သတ္တဝါတို့၏ နိဗ္ဗာန်ဘုံတစ်ခုလည်းဖြစ်ကြောင်းကို ကမ္ဘာ့ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Global Ecology and Conservation) က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကင်မရာထောင်ချောက်များဖြင့် လေ့လာစူးစမ်းမှု တွေ့ရှိချက်များအရ သိရသည်။

 

ခါကာဘိုရာဇီအရပ်သည် ခက်ခဲကြမ်းတမ်းသည့်ခရီးလမ်းကို ရက်ပေါင်းများစွာ ခြေကျင်ဖြတ်သန်းပြီးမှသာ ရောက်ရှိနိုင်သည့်အရပ်ဖြစ်သောကြောင့် ဝေးလံသီခေါင်ပြီး လေ့လာစူစမ်းမှုအနည်းငယ်ကိုသာ လုပ်နိုင်သေး သည်ဟု  Chinese Academy of Sciences (CAS) မှ ဘွဲ့လွန်ကျောင်းသားနှင့် လေ့လာရေးခေါင်းဆောင် စာတမ်းရေးသူဖြစ်သည့် ကိုရဲထက်လွင်က Mongabay သို့ ပြောခဲ့သည်။

 

သို့ဖြစ်စေကာမှု ယင်းအရပ်တွင် ပုန်းကွယ်နေသည့် တောရိုင်းသတ္တဝါများ၏ ပုံရိပ်များကို လွန်ခဲ့သည့် ဆယ်စုနှစ် များအတွင်း တစွန်းတစမြင်တွေ့လာခြင်းနှင့်အတူ သိပ္ပံပညာရှင်များက နို့တိုက်သတ္တဝါနှင့် ငှက်မျိုးစိတ်သစ်ပေါင်း များစွာကို သိပ္ပံဘာသာရပ်တွင် ဖေါ်ပြပေးခဲ့သည်။

 

သို့ပေမယ့်လည်း မြေနိမ့်ပိုင်းအပူပိုင်းဒေသသစ်တောတွေမှသည် တိဘက်ကုန်းပြင်မြင့်အထိ ကျယ်ပြန့်သော ယင်းဒေသ၏ နယ်မြေအခင်းအကျင်းတွင် ပုန်းကွယ်နေသည့် တောရိုင်းသတ္တဝါများ ထပ်မံရှိနေအုံးမည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။

 

image

 

CAS မှ ပူးတွဲ စာတမ်းရေးသား လေ့လာသူ လွင်နှင့် မြန်မာ့သစ်တောတို့ပူးပေါင်း၍ လေ့လာရေး ကင်မရာ ထောင်ချောက်များကို ကျယ်ကျယ်ပြန့်ပြန့်တပ်ဆင်ကာ တရားဝင်အကာအကွယ် ပေးထားသည့် ယင်းနယ်မြေ ပြင်ပနှင့် အတွင်းတို့ရှိ  နို့တိုက်သတ္တဝါကြီးများ၏ မျိုးစိတ်ကွဲပြားမှုများနှင့် ဖြန့်ကျက်နေထိုင်မှုဆိုင်ရာ လျို့ဝှက် ဆန်းကြယ်မှုအချို့ကို ဖေါ်ထုတ်ရန် စိတ်အားထက်သန်စွာဖြင့် လေ့လာခဲ့ကြသည်။

 

၎င်းတို့၏ စာရင်းကောက်ယူလေ့လာမှုသည် ယခုနှစ် စစ်အာဏာမသိမ်းခင် ၂၀၁၅ မှ ၂၀၁၉ ထိ ကြာမြင့်ခဲ့သည်။

 

မျိုးတုန်းနိုင်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်များ၊ ရှားပါးမျိုးစိတ်များ အပါအဝင် မျိုးစိတ်ပေါင်း များစွာကို ကျွန်တော်တို့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ၎င်းတို့ထဲက အများစုက တကယ်ကိုပဲ ထိန်းသိမ်း စောင့်ရှောက်ဖို့ အရေးကြီးပါတယ်ဟု လွင်က ပြောခဲ့သည်။

 

မျိုးတုန်းနိုင်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်များ၊ ရှားပါးမျိုးစိတ်များ အပါအဝင် မျိုးစိတ်ပေါင်း များစွာကို ကျွန်တော်တို့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ၎င်းတို့ထဲက အများစုက တကယ်ကိုပဲ ထိန်းသိမ်း စောင့်ရှောက်ဖို့ အရေးကြီးပါတယ်ဟု လွင်က ပြောခဲ့သည်။

 

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဤဒေသမှာ သိပ္ပံပညာရှင်တွေ စာရင်းကောက်ယူလေ့လာခဲ့ပြီး မှတ်တမ်း တင်ခဲ့တဲ့ မျိုးစိတ်များစွာကိုလည်း ယခုအကြိမ် စာရင်းသစ်ကောက်ယူမှုမှာ တစ်ဖန်ပြန်တွေ့ရတာကြောင့် ဇီဝမျိုးကွဲတွေကို ထိန်းသိမ်းစာင့်ရှောက်ဖို့အခွင့်အရေးတွေ ကျွန်တော်တို့မှာ ရှိနေသေးကြောင်း ဆိုလိုရာရောက်ပါတယ်ဟု လွင်က ထပ်လောင်းဆိုခဲ့သည်။

 

တောကြီးမျက်မည်းမှ ကြိုဆိုပါတယ်။

ဤနို့တိုက်သတ္တဝါကြီးများကို လေ့လာနိုင်ရန်အတွက် လွင်နှင့် ၎င်း၏ လုပ်ဖေါ်ကိုင်ဖက်များသည် အိန္ဒိယ၊ တရုတ် နယ်စပ်တို့နှင့်ကပ်လျှက်ရှိပြီး ကာကွယ်စောင့်ရှောက်ထားသည့် နယ်မြေ နှစ်ခုဖြစ်သော ခါကာဘိုရာဇီ အမျိုးသား ပန်းဥယျာဉ်နှင့် ဖုန်ကန်ရာဇီ တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော နှစ်ခုတို့၏ ဝေးလံ ခေါင်သီသည့်သစ်တောများနှင့် တောင်စောင်းများသို့တိုင်အောင် ကင်မရာများကို နေရာချရန်ရည်ရွယ်၍ ရတ်သတ္တပတ်ပေါင်းများစွာ ခြေလျင် ခရီးကြမ်း နှင်ခဲ့ရသည်။

 

၎င်းတို့သည် မြန်မာ့သစ်တောမှ အဆိုပြုခဲ့သော အမျိုးသားပန်းခြံ၏ တောင်ဖက်ခြမ်း နယ်မြေကျယ်များတွင် ကင်မရာများကို တပ်ဆင်ထားခဲ့သည်။

 

၂၀၁၅ မှ ၂၀၁၉ ခုနှစ်အတွင်း ၎င်းတို့အဖွဲ့သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၇၀ (ပေ ၁,၅၀၀) မှ မီတာ ,၀၀၀ (ပေ ,၈၀၀) ကျော်အကြားရှိ လေ့လာရေးနယ်မြေ ၁၁,၂၈၀ စကွဲရားကီလိုမီတာ (,၃၅၀ စကွဲရားမိုင်) တဝှမ်းတွင် ကင်မရာ ထောင်ချောက် ၁၇၄ ခုကို ဖြန့်ကျက်ထားရှိခဲ့သည်။

 

image


ထိုကဲ့သို့သောအမြင့်အထိ ခရီးပေါက်ဖို့ရန်အတွက် လွင်နှင့် ၎င်း၏သူငယ်ချင်းများသည် သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသည့် အပူလျော့ပိုင်းမိုးသစ်တောများကို ပင်ပန်းကြီးစွာ လျှောက်လှမ်း ဖြတ်သန်းရင်း ထင်းရူး နှင့် တောင်ဇလပ်အုပ်များရှိရာမှတဆင့် အဆုံးမှာတော့ မြူတိမ်များဖြင့် ရောနှောနေပြီး မပြေမပြစ်နှင့် ကြမ်းတမ်းနေသော တောင်ထိပ်ပိုင်းများကို ရိပ်ခနဲလှမ်းမြင်နိုင်သည့် မြင့်မားသောနေရာရှိ မြက်ခင်းပြင်များသို့ ရောက်ခဲ့ကြသည်။

 

တာဝန်က ခက်ခဲကြမ်းတမ်းပင်ပန်းပြီး ရူခင်းတွေကလည်း သိပ်ပြီးလှပပါတယ်။ တစ်ခါတလေမှာ ကျွန်တော် တို့တွေ တစ်နာရီ (သို့) နှစ်နာရီလောက် လမ်းလျှောက်ကြတာတောင် မတ်စောက်တဲ့ လမ်းတွေကြောင့် မီတာ ၁၀၀ (သို့) မီတာ ၂၀၀ (ပေ ၃၃၀ မှ ပေ ၆၆၀ ) အထိပဲ ခရီးပေါက်တာမျိုးတွေရှိပါတယ်ဟု လွင်က ၎င်း၏ခရီးကြမ်းတွေအကြောင်းကို ပြန်မျှခဲ့သည်။

 

၎င်းတို့အနေဖြင့် ခရီးတွင်မှုကို ပိတ်ဆို့နေသော ရေလွှမ်းခြင်းနှင့် မြေပြိုမှုများ၊ မိုးရေကြောင့် ရေလျှံနေသည့် မြစ်များကို ရှောင်ရှားနိုင်ရန် အခြားလမ်းကြောင်းများကို ရှာတွေ့ဖို့ရည်ရွယ်ကာ ပြုတ်ကျလုဆဲဆဲ ကွေ့ရှောင် သွားရသည့်လမ်းများမှနေ၍ သစ်တောထဲသို့ အရောက်သွားရသည်လည်းရှိသလို၊ အဆိပ်ပြင်းသောမြွေများကို ပက်ပင်းတိုးမိသည်လည်းရှိသည်တို့ကြောင့် စိတ်လှုပ်ရှားစရာကောင်းသည် ဟူသောစကားလုံးကို ဖေါ်ပြ ရန်ပင် မလိုကြောင်း လွင်က ပြောခဲ့သည်။

 

မျိုးကွဲနို့တိုက်သတ္တဝါများ

၎င်းတို့၏ ကွင်းဆင်းလေ့လာမှုအဆုံးတွင် ဓာတ်ပုံပေါင်း တစ်သောင်းနီးပါးကို စုဆောင်းရရှိခဲ့ပြီး ပုံတစ်ဝက်ခန့်မှာ နို့တိုက်သတ္တဝါအကောင်ကြီးများ၏ပုံများ ဖြစ်ကြသည်။

 

ကုန်းနေနို့တိုက်သတ္တဝါအကောင်ကြီးမျိုးစိတ် ၃၁ မျိုးနှင့် သစ်ပင်ထက်တွင်နေသော မျိုးစိတ် မျိုးတို့ကို ကင်မရာများမှနေ၍ သတိပြုမိခဲ့သည်။ မူရင်းမျိုးစိတ်ကို သုတေသနပညာရှင်များ အတည်မပြုနိုင်သေးသည့် သတ္တဝါတို့မှာ လင်းသက်နှင့် ရှဉ့်ပျံတို့ ဖြစ်ကြသည်။

 

သူတေသနပြုလုပ်သူများသည် အရှေ့ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်တို့၏ အသံများကို တောထဲတွင် ကြားခဲ့ရ သော်လည်း ကင်မရာတွင်တော့ ၎င်းတို့၏ပုံရိပ်များကို မဖမ်းနိုင်ခဲ့ပေ။ ထို့အပြင် သုတေသန ပညာရှင်များသည် ဒေသခံရွာသားများပြသသော ဒေသရင်းမျိုးစိတ်များကို ၎င်းတို့နှင့် ဆွေးနွေးညှိုနှိုင်းပြီး ဒေသရင်းမျိုးစိတ်အဖြစ် ကျန်ရှိနေသေးသော နို့တိုက်သတ္တဝါကြီး ကောင်အဖြစ် စစ်တမ်းသို့ ထည့်သွင်းခဲ့သည်။

 

ဤသို့ဖြင့် သုတေသနပညာရှင်များသည် မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ် ၁၅ မျိုးအပါအဝင် နို့တိုက်သတ္တဝါကြီး အကောင် ၄၀ ကို ခါကာဘိုရာဇီအရပ်ရှိ သတ္တဝါများ စာရင်းသို့ ထည့်သွင်းနိုင်ခဲ့သည်။ ၎င်း ၁၅ မျိုးထဲတွင် ပျောက်ကွယ်လုနီးပါးဖြစ်သော တရုတ်ပန်ဒါနီ၊ တောခွေး၊ ရှေ့ရစ်မျောက်၊ မျောက်လေပွေ၊  မျောက်မောင်းမ၊ ကတိုးကောင်တို့ ပါဝင်ကြသည်။

 

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ,၇၀၀ (ပေ ,၉၀၀) ခန့်တွင် တပ်ဆင်ထားသော ကင်မရာ ထောင်ချောက် တစ်ခုတည်းတွင် ပန်ဒါနီကို တွေ့ရှိရခြင်းသည် အားရဖွယ်ပင်ဖြစ်သည်ဟု လွင်က ဆိုခဲ့သည်။

 

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ,၇၀၀ (ပေ ,၉၀၀) ခန့်တွင် တပ်ဆင်ထားသော ကင်မရာ ထောင်ချောက် တစ်ခုတည်း တွင် ပန်ဒါနီကို တွေ့ရှိရခြင်းသည် အားရဖွယ်ပင် ဖြစ်သည်ဟု လွင်က ဆိုခဲ့သည်။

 

 

image

 

၂၀၂၀ ခုနှစ်ထိတိုင်အောင် ပန်ဒါနီသည် မျိုးစိတ်တစ်ခုတည်းတွင်သာ ပါဝင်သည်ဟု ယေဘူယျအားဖြင့် မှတ်ယူခဲ့သော်လည်း CAS က ဦးဆောင်ပြုလုပ်သည့် တောတွင်းနေ ပန်ဒါနီ ၆၅ ကောင်ကို ပြုလုပ်ထားသည့် သုတေသနစစ်တမ်းတစ်ခုအရ ပန်ဒါနီတွင် ဟိမဝန္တာပန်ဒါနီ နှင့် တရုတ်ပန်ဒါနီဟူ၍ မျိုးစိတ်နှစ်မျိုး ရှိကြောင်းကို သိပ္ပံပညာရှင်များက အဆိုပြုခဲ့သည်။

 

ယခု ရရှိထားသည့် တစ်ခုတည်းသော ဓာတ်ပုံတွင်ပါသော ပန်ဒါနီမှာ ၎င်း၏ အနီရောင်မျက်နှာနှင့် အစင်းကြောင်း ပါသော အမြီးတို့ကြောင့် ယင်းမှာ တရုတ်ပန်ဒါနီသာဖြစ်ကြောင်း သုတေသနပညာရှင်များက ယူဆကြသည်။

 

ယခင်ကတော့ ပန်ဒါနီကို အဖြူအနက် အရစ်ရစ်အမြီးဖွာရှိသည့် ရက်ကွန်းဝံ (သို့) ဝက်ဝံနှင့် ဆက်စပ်နိုင်မည်ဟု တွေးထင်ခဲ့ကြသော်လည်း ယခုတွင်တော့ ပန်ဒါနီတို့မှာ ၎င်းတို့၏ကိုယ်ပိုင်မျိုးရင်းမှ ဆင်းသက်လာကြသူများ သာဖြစ်ကြောင်း သိလာကြသည်။

 

ပန်ဒါနီတို့သည် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွင် အသိသာအထင်ရှားဆုံးဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်မှု အန္တရာယ် ကို ရင်ဆိုင်နေရသော နို့တိုက်သတ္တဝါမျိုးစိတ်လည်း ဖြစ်ပေသည်။  

 

ကင်မရာဖြင့် ပုံဖမ်းယူနိုင်ခဲ့သော အခြားရှားပါးမျိုးစိတ်ဝင်သတ္တဝါများမှာ တောခွေး၊ ရှေ့ရစ်မျောက်၊ တာကင်းတို့ ဖြစ်ကြသည်။ ယင်းအပြင် သုတေသနပညာရှင်များသည် ဖက်ဂျီ (ချေ) နှင့် ချေ (ဂျီ) နက်တို့ အပါအဝင် အလွန် ကျဉ်းမြောင်းလှသော မြေမျက်နှာပြင်အနေအထားတွင် နေထိုင်နိုင်ကြသည့်  နို့တိုက်သတ္တဝါများကိုပါ အတည်ပြု စာရင်း ထည့်နိုင်ခဲ့သည်။ ဤကဲ့သို့ စာရင်းပြုစုရာတွင်မြန်မာနိုင်ငံမြောက်ဖျားပိုင်းရှိ နို့တိုက်သတ္တဝါများ ထိန်းသိမ်းစောင့်ရှောက်ရေး၏ အရေးပါးသော အခန်းကဏ္ဏအတွက် သက်သေများကို ဒေသတွင်းစံနှုန်းများနှင့် သာမက ကမ္ဘာ့စံနှုန်းများနှင့်ပါ သဘောတူ လက်ခံနိုင်အောင် ဆောင်ရွက်ကြောင်းလေ့လာမှု၌ ဖေါ်ပြထားသည်။

 

အရေးကြီးသော ထိန်းသိမ်းစောင့်ရှောက်မှုဇုန်

နို့တိုက်သတ္တဝါများသည် ပင်လယ်ပြင်ရေမျက်နှာပြင်အမြင့် အပိုင်းအခြားအလိုက် သီးခြား ရှင်သန်နေထိုင်ကြ ခြင်း ဖြစ်သည်ကို သုတေသနပညာရှင်များက တွေ့ရှိခဲ့သည်။ ဥပမာအားဖြင့် အမြင့်ပေ နိမ့်သော အရပ်ရှိ ကင်မရာများတွင် ဆတ်၊ ခွေးတူဝက်တူ (သို့) ကြောင်အူမျိုးတစ်မျိုးနှင့် မလေးဝက်ဝံတို့၏ ပုံများကို ရိုက်ကူး ရရှိနိုင်ခဲ့သော်လည်း ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ မြင့်မားသော နေရာတို့တွင်မှု ၎င်းတို့ကို မတွေ့ရှိရပေ။ အလားတူပင် တောင်ဆိတ်နှင့် တရုတ်ပန်ဒါနီတို့ကဲ့သို့သော နို့တိုက်သတ္တဝါကြီး နှစ်မျိုးကိုမှု အမြင့်ပေ မီတာ ,၀၀၀ (ပေ ,၆၀၀) အထက်တွင်သာ တွေ့ရှိနိုင်သည်။

 

မျိုးစိတ်များ၏ ပင်လယ်ရေမျက်နှာပြင်အထက်ပေါ်မှုတည်ပြီး ဖြန့်ကျက်နေထိုင်မှု့ကို ပိုင်းခြားစိတ်ဖြာ လေ့လာခြင်းအားဖြင့် သုတေသနပညာရှင်များသည် မီတာ ,၆၀၀ ( ပေ ,၂၀၀) အရပ်ရှိ တောင်ပေါ် သမပိုင်းစွတ်စိုတောအရပ်တွင် နေထိုင်သည့်  နို့တိုက်သတ္တဝါအုပ်စုကို ရှင်းရှင်းလင်းလင်းသိနိုင်ခဲ့သည်။

 

ဤစပ်ကူးမပ်ကူးဇုန် (ecotone) သည် တောင်ပေါ်သစ်တောများ အစပြုလွှမ်းမိုးရာအရပ်ဖြစ်ပြီး မြေနိမ့်ပိုင်း ဒေသများတွင် စိုက်ပျိုးမြေတိုးချဲ့မှုများနှင့် အမဲလိုက်ခြင်းကဲ့သို့သော လူသားတို့၏ဖိအားပေးမှုများမှ ထွက်ပြေး လွတ်မြောက်လာသည့် တိရိစ္ဆာန်များ ခိုလှုံရာအရပ်လည်းဖြစ်သောကြောင့် ယင်းဇုန်ကို ထိန်းသိမ်းစောင့်ရှောက် ရန်မှာ အလွန့်အလွန်အရေးကြီးကြောင်း လွင်က ပြောခဲ့သည်။

 

ဥပဒေဖြင့် အကာအကွယ်ပြုခံရသည်လည်းရှိသော၊ မခံရသည်လည်းရှိသော အရပ်များတွင် မျိူးစိတ်ကွဲသော နို့တိုက်သတ္တဝါကြီးများစုဝေးနေသည်ကို ကင်မရာမှတ်တမ်းများမှတဆင့်သိရခြင်းသည် စိုက်ပျိုးမြေများ ချဲ့ခြင်း၊ ရွှေ့ပြောင်းတောင်ယာများလုပ်ကိုင်ခြင်းနှင့် အမဲလိုက်ခြင်းတို့မှာ နောက်ပိုင်းတွင် မကြာခဏဆိုသလို ဖြစ်ပွားနေ ကြောင်းကို လေ့လာမှုများအရ သိရသည်။

 

အရေးတကြီးထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် အမျိုးသားဥယျာဉ်၏ သစ်တောနယ်မြေကို တောင်ဖက်ပိုင်း သို့ ချဲ့ထွင်အသိအမှတ်ပြုပေးရန် သစ်တောဌာနသို့ အကြံပြုခဲ့သည်။

 

ကာကွယ်ထိန်းသိမ်းရမည့်နယ်မြေကို တောင်ဖက်ပိုင်းသို့ ချဲ့ထွင်လိုက်ခြင်းသည် နို့တိုက်သတ္တဝါကြီးများအတွက် အလွန်ကိုမှအရေးကြီးကြောင်း သက်သေများကို  လေ့လာမှုအသစ်များအရ သိရှိရသလို မျိုးဆက်ပေါင်းများစွာ သစ်တောနှင့်ယှဉ်ပြီး နေထိုင်လာသည့် ဒေသခံလူထု၏ ထောက်ပံ့ပါဝင်ကူညီမှု အပြုအဝရှိမှသာလျှင် သစ်တော ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်ချက်များမှာ အောင်မြင်မည်ဖြစ်ကြောင်း လွင်က ပြောခဲ့သည်။

 

မျိုးဆက်ပေါင်းများစွာ သစ်တောနှင့်ယှဉ်ပြီး နေထိုင်လာသည့် ဒေသခံလူထု၏ ထောက်ပံ့ပါဝင်ကူညီမှု အပြုအဝရှိမှသာလျှင် သစ်တော ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်ချက်များမှာ အောင်မြင်မည် ဖြစ်ကြောင်း လွင်က ပြောခဲ့သည်။

 

ကွင်းဆင်းလေ့လာဖို့ လိုခြင်းကြောင့်ဖြစ်သော်လည်း ကျွန်တော့်အနေနဲ့ နှင်းတောင်ကျားသစ်တွေလို တောင်ကျွမ်းကျင်ပါရဂူကြီးတွေ ရှိ၊ မရှိကို သိနိုင်ဖို့အတွက် ယခုထက် ပိုမြင့်တဲ့နေရာတွေကိုတောင် ပြန်သွားပြီး ကင်မရာတွေကို တပ်ဆင်ချင်ပါသေးတယ်။ အမြင့်ပေ ,၂၀၀ မီတာ (ပေ ၁၀,၅၀၀) အထက်မှာရှိတဲ့ အရာတွေမှာရှိတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ လက်လွတ်ခဲ့ရပါတယ်။ မလေ့လာနိုင်ခဲ့ပါဘူး။ အကယ်၍များ ထိုအရပ်တွေထိ ကျွန်တော်တို့ လွှမ်းခြုံလေ့လာနိုင်မယ်ဆိုရင် ခါကာဘိုရာဇီရူမျှော်ခင်းမှာရှိတဲ့ ဇီဝမျိုးကွဲတွေကို နံပတ်စဉ်တပ်ပြီး တွက်ထုတ်နိုင်ပါပြီဟု လွင်က ပြောခဲ့သည်။

 

Mongabay တွင် ဖေါ်ပြပါရှိခဲ့သော ဆောင်းပါးရှင် Carolyn Cowan  “Myanmar’s snowcapped north is a haven for large mammals, new study finds” ကို ဘာသာပြန်ဆိုသည်။

 

ဓာတ်ပုံများ - Mongabay; Ye Htet Lwin Southeast Asia Biodiversity Research Institute


Burma Associated Press

 

မြန်မာ
ချင်း
ခါကာဘိုရာဇီတောင်
တောရိုင်းတိရစ္ဆာန်

Share With
bap-logo