bap-logo
Article

အမျိုးသမီးများသည် မုဒိမ်းကျင့်ရန် သားကောင်များမဟုတ်

f4f2gBXb5sGSu_bFts-gH-image

လွန်ခဲ့သော ၂ နှစ် က

 

ရုရှား စစ်သားတွေက ကျမကို မုဒိမ်းကျင့်တယ်။ ကျမယောက်ျားကို သတ်ခဲ့တယ်”  

 

ဒါက ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ အနီးနားရွာတစ်ခုက အမျိုးသမီးတစ်ဦးက ပြောတာပါ။ ယူကရိန်း နိုင်ငံ ကိယက်ဗ်မြို့ အနီးတဝိုက်ကို ရုရှားတပ်တွေ ဝင်လာတဲ့အခါမှာ အပြစ်မဲ့ အရပ်သားတွေ သေကြေခဲ့ကြသလို အမျိုးသမီးတွေလည်း မုဒိန်းကျင့်ခဲ့ရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ ရတာတွေ ရှိခဲ့ပါတယ်။

 

ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုနဲ့ ပတ်သက်ပြီး မှတ်တမ်းအချက်အလက်တွေကို ဖော်ပြထားတဲ့ ဝဘ်ဆိုဒ်တစ်ခုမှာတော့ ရုရှားစစ်သားတွေရဲ့ မုဒိမ်းကျင့်မှုနဲ့ ပတ်သက်တဲ့ ဇာတ်လမ်း တွေကို ဖော်ပြထားပြီး အမျိုးသမီးကြီးငယ် အရွယ်စုံကို မုဒိမ်းကျင့်ခဲ့တယ်လို့ ဆိုထားခဲ့ပါတယ်။

 

CBS သတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာတော့ ရုရှားစစ်သားတွေဟာ ရွာတစ်ရွာမှာ ရှိတဲ့ အသက် ၈၃ နှစ်အရွယ် အငြိမ်းစား ကျောင်းဆရာမတစ်ဦးကို မုဒိမ်းကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အမျိုးသမီး ကြီးကသူငါ့ကို အဲလိုလုပ်မယ့်အစား သတ်လိုက်ရင်ကောင်းမှာပဲလို့ ငါဆုတောင်းမိတယ်လို့ သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

 

စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေက အပြစ်မဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေ၊ စည်းစိမ်တွေ ပျက်စီး ဆုံးရှုံးရတာ၊ အပြစ်မဲ့ပြည်သူတွေ သေဆုံးရတာ၊ ပြီးတော့ အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်တာတွေနဲ့  မုဒိမ်းကျင့်မှုတွေအတွက် ပစ်မှတ်ထားခံရတာ ဖြစ်ပါတယ်။ ဒါဟာ ဘယ်စစ်ပွဲတိုင်းမှာမဆို ဒွန်တွဲပါလာလေ့ရှိတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်တာပါ။

 

အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိ လိင်ပိုင်း ဆိုင်ရာ စော်ကားနှောင့်ယှက်တာတွေနဲ့ မုဒိမ်းကျင့် မှုတွေအတွက် ပစ်မှတ်ထားခံရတာ ဖြစ်ပါတယ်။ ဒါဟာ ဘယ်စစ်ပွဲတိုင်းမှာမဆို ဒွန်တွဲပါလာလေ့ ရှိတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်တာပါ။

 

 

ယူကရိန်းမှာ အမျိုးသမီးတွေ စစ်ပွဲကာလအတွင်း မုဒိမ်းကျင့်ခံရတယ်။ အဲဒီလိုပဲ စစ်အာဏာသိမ်း ခြင်းကို ခံနေရတဲ့ မြန်မာနိုင်ငံမှာလည်း အကြမ်းဖက် စစ်တပ်ဟာ တစ်နိုင်ငံလုံးအနှံ့ မြို့ရွာတွေ အိမ်တွေကို မီးရှို့ဖျက်စီးတာ၊ အပြစ်မဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ ပြီးတော့ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 

ချင်းပြည်နယ် တီးတိန်က ဖြစ်စဉ်မှာဆို စစ်ကောင်စီတပ်သားတွေဟာ မီးဖွားပြီးကာစ အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်တယ်။ ပြီးတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်တယ်။ အမျိုးသမီးရဲ့ အမျိုးသားကို သေနတ်နဲ့ ချိန်ထားရင်း မုဒိမ်းကျင့်တာဖြစ်တယ်။

 

ဒါတွေ အားလုံးဟာ စစ်ပွဲနဲ့အတူ ဒွန်တွဲပါလာတဲ့ အမျိုးသမီးတွေအပေါ် တရားမဲ့ပြုကျင့်မှုတွေ ဖြစ်တယ်။ ဒါတွေကို စစ်ပွဲတွေတိုင်းမှာ မြင်တွေ့နိုင်တာဖြစ်တယ်။ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အမျိုးသမီးတွေဟာ မုဒိမ်းမှု သားကောင်တွေ ဖြစ်နေတာ ဖြစ်တယ်။

 

ဒီလို စစ်ပွဲတွေရဲ့ အကျိုးဆက်အပြင် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင့်ရေးလှုပ်ရှားမှု တိုင်းမှာ ပါဝင်ခဲ့ကြသူတွေ၊ ဒေသဆိုင်ရာကာကွယ်ရေးအဖွဲ့တွေမှာ ပါဝင်ခဲ့ကြသူ အမျိုးသမီးတွေကို စစ်ကောင်စီက ဖမ်းဆီး ထောင်ချတာတွေ လုပ်တဲ့အခါမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ အများအပြားကို ရှိနေပါတယ်။ ဒါကို လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့  (HRW) ရဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

 

အမျိုးသမီးတွေကို စစ်ပွဲတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ မုဒိမ်းကျင့်တာတွေက ပျောက်ပျက် မသွားဘဲနှစ်ပေါင်းများစွာ ဒီနည်းလမ်းအတိုင်းပဲ ရှိနေတာပါ။ ပြည်တွင်းစစ်ပွဲဒဏ်ကို ကြာရှည်စွာ ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ဒီလိုဖြစ်ရပ်မျိုးတွေက ဒုနဲ့ဒေး ရှိခဲ့တာပါ။

 

အခုလို အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့ တိုက်ပွဲကာလတွေမှာ လည်း အမျိုး သမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ မုဒိမ်းကျင့်တာတွေက အများအပြား ဆက်ရှိနေမှာ သေချာပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့သူတွေ၊ မုဒိမ်းကျင့်တဲ့ လက်နက်ကိုင်တွေဟာ အများအားဖြင့် သူတို့လုပ်ခဲ့တာနဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ပေး မှုတွေကနေ လွတ်မြောက်နေကြတာ ဖြစ်ပါတယ်။

 

အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ်တွေထဲမှာ အမျိုးသမီးတွေကို စစ်ပွဲအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်တာ၊ ပြီးတော့ မုဒိမ်းကျင့်တာတွေ ပတ်သက်ပြီး ပြောထားတဲ့ ဆုံးဖြတ်ချက်အမှတ်တွေလည်း ပါရှိပါတယ်။  ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၈၂၀ မှာ ဆိုရင်လည်း အဲဒီအချက်တွေ ဖော်ပြထားတာ ဖြစ်ပါတယ်။

 

အဲဒီဆုံးဖြတ်ချက် အမှတ်တွေထဲမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို စစ်ရေးဗျူဟာအဖြစ် အသုံးပြုခြင်းလို့ ဆိုထားပါတယ်။ အဲဒီလို ကိစ္စရပ်တွေအတွက် ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ အကောင်အထည်ဖော်ဆောင်ရွက်ရန် လုံခြုံရေးကောင်စီက အဆင်သင့်ရှိရ မယ်လို့ တောင်းဆိုမှု ပါဝင်ပါတယ်။ အရပ်သားနဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းတွေ အားလုံးကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ တောင်းဆိုတာလည်း ပါဝင်ပါတယ်။

 

မုဒိမ်းမှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အမျိုးမျိုးတို့ကို စစ်ရာဇဝတ်မှု၊ လူမဆန်တဲ့ ရာဇဝတ်မှု (သို့မဟုတ်) လူမျိုးပြုန်းတီးသွားစေဖို့ ကျူးလွန်မှုအဖြစ် သတ်မှတ်နိုင်တာ၊ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အစိုးရ တွေအနေနဲ့ အဲဒီလို ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးအရေးယူတာ ပြုလုပ်သွားဖို့နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုခံစားရသူ အမျိုးသမီးနဲ့ ကလေးငယ်တွေကို ဥပဒေအရ အကာအကွယ်ပေးတာ၊ တရားမျှတရေးအတွက် တန်းတူညီမျှရရှိအောင် ဖော်ဆောင်ပေး ရမယ့် တာဝန်ရှိတာကို သတိပေးတာ စတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ၂၀၀၉ ခုနှစ်က အတည်ပြုခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၈၈၂ မှာလည်း ဆုံးဖြတ်ချက်အမှတ် ၁၈၂၀မှာ ဖော်ပြထားတဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက် အကောင်အထည်ဖော်ဖို့ အချက်တွေပါဝင်ပြီး ပဋိပက္ခအတွင်း ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ တောင်းဆိုတဲ့အချက်တွေ ပါဝင်တာကို လည်း တွေ့ရပါတယ်။ ၂၀၁၀ ပြည့်နှစ်က အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက် အမှတ် ၁၉၆၀ မှာ ဆိုရင်လည်း ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဖော်ပြ ထားတာဖြစ်ပါတယ်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၈၈၂ မှာလည်း ဆုံးဖြတ်ချက်အမှတ် ၁၈၂၀မှာ ဖော်ပြထားတဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက် အကောင်အထည်ဖော်ဖို့ အချက်တွေ ပါဝင်ပြီး ပဋိပက္ခအတွင်း ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် အထူး ကိုယ်စားလှယ် ခန့်အပ်ဖို့ တောင်းဆိုတဲ့အချက်တွေ ပါဝင်တာကိုလည်း တွေ့ရပါတယ်။

 

ဒီလို အမျိုးမျိုးသော လုပ်ဆောင်ချက်တွေ၊ ကြိုတင်ကာကွယ်မှုတွေ ရှိနေပေမဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အရပ်သားတွေ တိုက်ခိုက်ခံရတာ၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖို့အတွက် ပစ်မှတ်ထားခံရတာတွေ ရှိနေတာကို လက်ရှိယူကရိန်းက ဖြစ်စဉ်တွေနဲ့ မြန်မာနိုင်ငံက ဖြစ်စဉ်တွေမှာ တွေ့နေရပါတယ်။

 

ဒါတွေကို ပျောက်ပျက်သွားဖို့အတွက် အဖွဲ့အစည်းတိုင်း၊ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ အမျိုးသမီးတွေကို အကြမ်းဖက်မှု၊ စစ်ရေးဗျူဟာအဖြစ် အသုံးပြုနေမှုကို ရပ်တန့်စေဖို့က အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါပေမဲ့ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲတွေနဲ့ ကြမ်းကြုတ်ရက်စက်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် အမျိုးသမီးတွေဟာ ပစ်မှတ်ထား ကျူးလွန်ခံနေရဆဲ၊ သားကောင်တွေ ဖြစ်နေရဆဲ ဆိုတာကလည်း ကမ္ဘာကြီးမှာ အခုထိ သက်သေရှိနေတာ ဆိုးရွားခါးသီးတဲ့ အကြောင်း တရားပါပဲ။

 

Burma Associated Press

 

မြန်မာ
အာဏာသိမ်း
တိုက်ပွဲ
လက်နက်
အမျိုးသမီးများ
မုဒိမ်းမှု
နိုင်ငံတကာ

Share With
bap-logo