bap-logo
Weather

ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် လဝက်နီးပါးအထိ နံနက်ပိုင်း မြူထူဆိုင်းနိုင်

d3HXwGV6PsJlPITRV4cy2-image

လွန်ခဲ့သော ၁၀ လ က

နိုဝင်ဘာ ၂၈။

 

ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတွင် ဒီဇင်ဘာ ရက်မှ ၁၅ ရက်အထိ နံနက်ပိုင်း မြူထူများ ဆိုင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန် အသိပေးထားသည်။

 

ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ နေပြည်တော်နှင့် ရခိုင်၊ ကယားနှင့် ကရင် ပြည်နယ်တို့တွင် ၁၀ ရက်ကြာ နံနက်ပိုင်းတွင် မြူထူဆိုင်းနိုင်ကြောင်း ဖော်ပြထားသည်။

 

ဒါ့အပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်း၊ ချင်းနှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ နံနက်ပိုင်း မြူဆိုင်းနိုင်ကြောင်း ဆိုသည်။

 

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းနှင့် ကယားတို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု သိရသည်။

 

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း(အရှေ့ပိုင်း) ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာ ရက်မှ ရက်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း၊ ချင်း၊ ကယားနှင့် ကရင်ပြည်နယ်တို့တွင် ဒီဇင်ဘာ ရက်မှ ရက် ခန့် မိုးထစ်ချုန်း ရွာနိုင်သည်။

 

နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူး တိုင်း၊ ဧရာ၀တီတိုင်း၊ ရှမ်း (တောင်ပိုင်း) ရခိုင်နှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်၏ (.) ဒီဂရီစင်တီဂရိတ်နှင့် အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) ချင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်သည်ဟု သိရသည်။

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း ()ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ () ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းလည်း အသိ ပေးထားသည်။

 

Burma Associated Press

မြူ
မြန်မာ
ရန်ကုန်

Share With
bap-logo