bap-logo
Politics

ရေစကြိုမြို့ရှိ လဝက ရုံးကို ပကဖ မီးရှို့

caKUDvpQVFGrTBi2tX2ph-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ - ၁၂

 

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ လဝက ရုံးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေစကြို) က မီးရှို့ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ယနေ့ နံနက် ၁၂ နာရီကျော်ခန့်တွင် ရေစကြိုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနကို ဝင်ရောက်စီးနင်းပြီး စာရွက်စာတမ်းတွေထားသည့် အဓိကအခန်းကို မီးရှို့ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူ တဦးက ပြောသည်။

 

" အဓိကကတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုဖို့ ပြင်ဆင်နေတဲ့အတွက် မီးရှို့ခဲ့တာပါ " ဟု ၎င်းကပြောသည်။

 

လဝကရုံးကို ပကဖအဖွဲ့ ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်း ဦးကိုလည်း စစ်ကောင်စီနှင့် မပူးပေါင်းဖို့ ပြောဆိုပြီး ပြန်လည်လွှတ်ပေးခဲ့ကြောင်း ယင်းကဆိုသည်။

 

ဖြစ်စဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(.က.)နှင့်အတူ ရဲဘော်ညီနောင် ပျောက်ကြားတပ်တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

 

Burma Associated Press

 

မကွေး
ဒေသကာကွယ်ရေးတပ်ဖွဲ့
မီးရှို့ခံရ
စစ်ကောင်စီ

Share With
bap-logo