Politics
မန်းမှ လောင်းကစားဝိုင်းတခုကို ပကဖက ဝင်ရောက်ဖမ်းဆီး
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ - ၁၁
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်အတွင်းက လောင်းကစားဝိုင်းတခုကို STF-MDY အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယနေ့ ဇန်နဝါရီလ ၁၁ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အောင်ပင်လယ်ရပ်ကွက် ၅၂ လမ်း၊ ၁၀၃ လမ်းနှင့် ၁၀၄ လမ်းကြားရှိ ပုံဝိုင်းလောင်းကစားဝိုင်းကို ဖမ်းဆီးသတိပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။
အဆိုပါလောင်းကစားဝိုင်းက စစ်ကောင်စီအဖွဲ့ကို ဆက်ကြေးပေး လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ လောင်းကစား ဝိုင်းဒိုင်ဆိုသူ၏ ဖုန်းနှင့်လောင်းကစားငွေ ၃၈,၆၀၀၀ ကို သိမ်းဆည်းခဲ့ကြောင်း ယင်းက ဆိုထားသည်။
ထိုအပြင် နောက်ထပ် လောင်းကစားမလုပ်ရန်နှင့် ထပ်မံတွေ့ရှိပါက အသက်အန္တရာယ်ကို အာမခံမည် မဟုတ်ကြောင်း အသိပေးထားသည်။
Burma Associated Press
မန္တလေး
စစ်တပ်
ဒေသကာကွယ်ရေးတပ်ဖွဲ့
Top News
Articles
Share With