Politics
အမရပူရ ပုထိုးတော်ကြီးဘုရားနား ရောက်လာသည့် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း ပကဖ ထုတ်ပြန်
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ - ၁၁
မန္တလေးတိုင်း အမရပူရမြို့နယ် ပုထိုးတော်ကြီးဘုရားအနားရောက်လာသည့် စစ်အုပ်စု၏ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD အဖွဲ့ကထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က အမရပူရမြို့နယ် ပုထိုးကြီးအရှေ့ဘက်အပေါက် ခေါင်းလောင်းကြီးအနီးတွင် စစ်အုပ်စု၏ DCကားနှစ်စီး ဖြတ်သွားချိန်တွင် ချိန်ကိုက်မိုင်းနှင့် တိုက်ခိုက်ခဲ့ကြောင်း ဆိုထားသည်။
မိုင်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်အုပ်စု၏ ကား ၂ စီးအနက်မှ နောက်ဆုံးကား တစ်စီးထိခိုက်ခဲ့ကြောင်း ဆိုထားသည်။
စစ်ကောင်စီဘက်ကလည်း အဆိုပါမိုင်းခွဲမှုကို ပကဖက ဘုရား ညောင်ပင်ကို မိုင်းခွဲသည့် ပုံစံအဖြစ် သတင်း ဖြန့်နေကြောင်း သိရသည်။
Burma Associated Press
မန္တလေး
မိုင်း
စစ်တပ်
ဒေသကာကွယ်ရေးတပ်ဖွဲ့
Related Articles
- စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချနေရာအား ကန့်ဘလူမဟာမိတ်များ ဝင်ရောက်တိုက်ခိုက်
- ဒီပဲယင်း အင်းတိုင်နှင့် ချောင်းနား ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့၊ ဒေသခံအချို့အား ဖမ်းဆီးထား
- အပစ်အခတ်ရပ်စဲမည်ဆိုသည့် စစ်ကောင်စီ ပြောဆိုချက်သည် အလိမ်အညာသက်သက်ဖြစ်ကြောင်း ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ပြောဆို
Share With