bap-logo
International

ဂျာမဏီအစိုးရက Huawei နှင့် ZTE ကို 5G ကွန်ယက်တွင် အသုံးပြုခွင့်ပိတ်ပင်မည်

bvYeB3XefJNKpqB5PLvmC-image

လွန်ခဲ့သော ၂ နှစ် က

ဘာလင် - မတ် ၇


 
ဂျာမဏီအစိုးရသည် နိုင်ငံအတွင်း ဆက်သွယ်ရေးကုမ္ပဏီများအား တရုတ်ကုမ္ပဏီများဖြစ်ကြသည့် Huawei နှင့် ZTE တို့မှ ထုတ်လုပ်သည့် အစိတ်အပိုင်းအချို့ကို 5G ကွန်ယက်တွင် အသုံးပြုခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုမှ သိရသည်။


 
အဆိုပါတရုတ်ပစ္စည်းအသုံးပြုခွင့်ပိတ်ပင်မှုအရ ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် ယခင် ထည့်သွင်း အသုံးပြုထားသည့် အစိတ်အပိုင်းများကိုပါ ဖယ်ရှား၍ အစားထိုးရမည်ဟု သတင်းရင်းမြစ် များကို ကိုးကား၍ Zeit Online က ဖော်ပြခဲ့ခြင်းဖြစ်သည်။


 
လက်ရှိတွင် ဂျာမဏီအစိုးရသည် ၎င်းတို့၏ ထိပ်တန်းကုန်သွယ်ဖက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်လျှက်ရှိသည်။


 
"
ဒါကိုကြည့်ရင် ဂျာမဏီအစိုးရအနေနဲ့ တရုတ်နှင့်ပတ်သက်တဲ့ အန္တရာယ်တွေကို အမျိုးသား လုံခြုံရေးအဆင့်ထိ အရေးတယူလုပ်ဆောင်တော့မယ်ဆိုတဲ့ သဘောတွေ့ရတယ်" ဟု ဂျာမန်-တရုတ်ဆက်ဆံရေး အထူးပြု သုတေ သနကုမ္ပဏီ Rhodium Group မှ မန်းနေးဂျင်းအယ်ဒီတာ Noah Barkin က ပြောကြားခဲ့သည်။


 
"
ဒါပေမဲ့ အဲ့ဒီလိုလုပ်ဖို့ နှစ်ပေါင်းများစွာ ချီတုံချတုံလုပ်ပြီးတဲ့နောက်မှာတော့ ဂျာမဏီဟာ တရုတ် ပစ္စည်း တွေအပေါ် အကြီးအကျယ်မှီခိုနေရပါပြီ။ ဒါကိုပြန်ဖြေဖို့ နှစ်အတော်ကြာ အချိန်ယူရဦးမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။


 
Huawei
နှင့် ZTE ဝေဖန်သူများက - အဆိုပါကုမ္ပဏီများနှင့် တရုတ်အစိုးရလုံခြုံရေးဌာနတွေကြား နီးကပ်သည့် ဆက်ဆံရေးကို ကြည့်ခြင်းအားဖြင့် အနာဂတ်မှာ တရုတ်သလျှိုများအပြင် အဖျက်သများပါ နိုင်ငံ၏ မရှိမဖြစ် အရေးပါသည့် နည်းပညာအခြေခံအဆောက်အအုံများကို ဝင်ရောက်ခွင့်ရလာနိုင် ကြောင်း သတိပေးထားသည်။


 
သို့သော် Huawei ZTE နှင့် တရုတ်အစိုးရတို့က ဝေဖန်သူများ၏ ပြောဆိုချက်များမှာ တရုတ်မဟုတ်သည့် ပြိုင်ဘက်များကို ကာကွယ်အားပေးလိုမှုကြောင့်သာဖြစ်ကြောင်း တုန့်ပြန်ထားသည်။


 
Huawei
ပြောရေးဆိုခွင့်ရှိသူကမူ ၎င်းတို့အနေဖြင့် လူအများ၏ ရမ်းသမ်းပြောဆိုမှုများအပေါ် မှတ်ချက် ပေးနေမည်မဟုတ်ကြောင်းနှင့် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ဂျာမဏီနှင့် ကမ္ဘာ့နိုင်ငံများသို့ နည်းပညာပစ္စည်း များရောင်းချရာတွင် အလွန်ကောင်းသောမှတ်တမ်းကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့သည်။


 
ဥရောပတခွင်မှ နိုင်ငံအတော်အများများမှာ ဆက်သွယ်ရေးမူဝါဒများ ရေးသားနေကြသည့်တိုင် လက်ရှိအချိန်ထိ ဗြိတိန်နှင့် ဆွီဒင်တို့ကသာ အရေးကြီးသည့် 5G ကွန်ယက်များတွင် Huawei နှင့် ZTE ပစ္စည်းအသုံးပြုခွင့် ပိတ်ပင်ထားသည်။


 
ဂျာမဏီသည် ၂၀၂၁ တွင် အိုင်တီလုံခြုံရေးဥပဒေပြဌာန်းပြီးနောက် ဆက်သွယ်ရေးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများအတွက် မျိုးဆက်သစ်ကွန်ယက်အသုံးပြုမှု သတ်မှတ်ချက်ကို မြှင့်တင်ခဲ့သော်လည်း Huawei နှင့် ZTE တို့အား အခြားသောနိုင်ငံများကဲ့သို့ ပိတ်ပင်နိုင်ခြင်းမရှိခဲ့ပေ။


 
ဂျာမန်ဆက်သွယ်ရေးအော်ပရေတာများမှာ ၎င်းတို့၏ ပင်မကွန်ယက်များတွင် တရုတ်ကုမ္ပဏီ၏ နည်းပညာကို ရှောင်ရှားခဲ့ကြသော်လည်း ဂျာမဏီသည် 4G ထက် 5G ရေဒီယိုအသုံးပြုခွင့် ကွန်ရက်စက်ပစ္စည်း (RAN) အတွက် Huawei ကို ယခင်ထက်ပင် မှီခိုနေရပြီဖြစ်ကြောင်း အစီရင်ခံစာသစ်တစ်စောင်တွင် ဖော်ပြထားသည်။


 
 
Source/
ပုံ – Reuters

 

 

ဂျာမဏီ
တရုတ်
ပိတ်ပင်
ZTE
Huawei

Share With
bap-logo