bap-logo
International

စမ်းသပ်ဒုံးကျည်များကို မပစ်ချဖို့ မြောက်ကိုရီးယားက အမေရိကန်ကို သတိပေး

0ESka7TXjv9cO4oSkclSN-image

လွန်ခဲ့သော ၂ နှစ် က

ပြုံယမ်း - မတ် ၇။


 
 
မြောက်ကိုရီးယားက ၎င်းတို့စမ်းသပ်ပစ်လွှတ်သည့် ဒုံးကျည်များကို အမေရိကန်နှင့် မဟာမိတ်များ ၏ ကြားဖြတ် ပစ်ချမည့် ကြိုးပမ်းချက်မှန်သမျှကို "စစ်ကြေညာခြင်း" အဖြစ် သတ်မှတ်ဖြစ်ကြောင်း သတိပေးလိုက်သည်။


 
မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမ ကင်မ်ယိုဂျုံက အင်္ဂါနေ့ထုတ်ပြန်ချက်တွင် အမေရိကန်သည် ပြုံယမ်း၏ တိုက်ချင်းပစ်ဒုံးကျည် (ICBM) များကို ပစိဖိတ်သမုဒ္ဒရာဘက်သို့ စမ်းသပ်ပစ်လွှတ်ပါက ပစ်ချရန် စီစဉ်ထား ကြောင်း တောင်ကိုရီးယား မီဒီယာများ၏ ဖော်ပြချက်ကို ကိုးကား၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။


 
အမေရိကန်နှင့် မဟာမိတ်များသည် အိမ်နီးချင်းနိုင်ငံများကို ရှောင်ရှားပစ်ခတ်လေ့ရှိသည့် မြောက်ကိုရီးယား တိုက်ချင်းပစ်ဒုံးကျည်များကို တစ်ခါမျှ ပစ်ချခဲ့ခြင်းမရှိသေးပေ။ သို့သော်လည်း ဂျပန်ပိုင်နက်ကို ဖြတ်သန်း၍ ဒုံးကျည်များ ပိုမိုပစ်လွှတ်မည်ဟု ရိုးတိုးရိပ်တိပ်ပြောဆိုပြီးနောက် တဖန်ပြန်လည်အာရုံစိုက်ခြင်းခံနေရသည်။


 
ကင်မ်ယိုဂျုံက ပြုံယမ်း၏ ဗျူဟာမြောက်လက်နက်စမ်းသပ်မှုများအပေါ် အမေရိကန်၏ စစ်ရေး အရ မည်သည့် တန်ပြန်လုပ်ဆောင်ချက်ကိုမဆို စစ်ကြေညာခြင်းဟု ရှုမြင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။


 
"ပိစိဖိတ်သမုဒ္ဒရာကို အမေရိကန်၊ ဂျပန်ကပဲ စိုးမိုးခွင့်မရှိဘူး" ဟု သူမက ဆိုသည်။


 
မြောက်ကိုရီးယား၏ ဒေါသတကြီးပြောဆိုမှုသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့က ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြန်လည်မြှင့်တင်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

 

ပြီးခဲ့သည့် တနင်္လာနေ့က ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုတွင် အမေရိကန်က ၎င်းတို့၏ B-52 ဗုံးကြဲ လေယာဉ်ကို တပ်ဖြန့်ချထားခဲ့ပြီး ယင်းလုပ်ရပ်မှာ မြောက်ကိုရီးယား၏ နျူကလီးယား၏ နျူကလီးယားလက်နက်နှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို တန်ပြန်အင်အားပြမှုအဖြစ် တောင်ကိုရီးယားက ပြောဆိုထားသည်။


 
ထို့အပြင် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည့် ယခုလအတွင်း အကြီးများဆုံး စစ်ရေး လေ့ကျင့်မှုများ ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင်လျှက်ရှိသည်။


 
ကင်မ်ယိုဂျုံက မြောက်ကိုရီးယားအနေဖြင့် တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ကြီးမားသည့် တန်ပြန်အရေးယူမှုလုပ်ဆောင်ရန် အသင့်ရှိကြောင်း အင်္ဂါနေ့က သတိပေးခဲ့သည်။


 
"အမေရိကန်တပ်ဖွဲ့တွေနဲ့ တောင်ကိုရီးယားရဲ့ ရုပ်သေးစစ်တပ်ရဲ့ လှုပ်လှုပ်ရွရွ စစ်ရေး လှုပ်ရှားမှု တွေကို ကျွန်မတို့ မျက်ခြေမပြတ် စောင့်ကြည့်နေတယ်။ အမြင်မတော်တာတွေ့ရင် ချက်ချင်း ဆိုသလို ကြီးမားတဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ" ဟု မြောက်ကိုရီးယားခေါင်းဆောင် ညီမဖြစ်သူက ဆိုသည်။


 
ကိုရီးယားကျွန်းဆွယ်ရှိ အမေရိကန်တပ်ဖွဲ့များ ပိုမိုလှုပ်ရှားလာမှုနှင့်ပတ်သက်၍ ကင်မ်ယိုဂျုံက အကြိမ်ကြိမ် သတိပေးထားသည်။ ပြီးခဲ့သည့်လကလည်း ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အရေအတွက်မှာ ဝါရှင်တန်တပ်ဖွဲ့များအပေါ်သာ မူတည်မည်ဖြစ်ကြောင်းလည်း ပြီးခဲ့သည်လက ပြောဆိုခဲ့သည်။


 
 
Source – Al Jazeera/ပုံ - မြောက်ကိုရီးယားစစ်တပ်တည်ထောင်ခြင်း ၇၅နှစ်ပြည့် စစ်ရေးပြအခမ်းအနား။

 

Burma Associated Press

မြောက်ကိုရီးယား
ကင်ယိုဂျုံ
အမေရိကန်
နျူကလီးယား
တောင်ကိုးရီးယား

Share With
bap-logo