bap-logo
Politics

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများ အကြိမ်ရေစိပ်လာပြီး အရှက်မဲ့လာကြောင်း ကုလစုံစမ်းရေးမှ ဖော်ထုတ်

b_ZI7_B3y79VXHzuP9RoD-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာစစ်တပ်မှ ကျူးလွန်နေသော အရပ်သားများကို ဗုံးကြဲမှု အပါအဝင် စစ်ရာဇဝတ်မှုများသည် အကြိမ်ရေစိပ်လာပြီး အရှက်မဲ့လာကြောင်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုမှ အင်္ဂါနေ့တွင် ပြောကြားသည်။

 

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား၏ အစီရင်ခံစာတွင် ဂျူလိုင်လ ၂၀၂၂ ခုနှစ်မှ ဂျွန်လ ၂၀၂၃ ခုနှစ်အထိ စုံစမ်းစစ်ဆေးချက်များအရ "တိုက်ခိုက်မှုဆိုင်ရာ စစ်ရာဇဝတ်မှု သုံးမျိုးကို မြန်မာစစ်တပ်နှင့် ၎င်း၏ အပေါင်းပါများက အကြိမ်ရေများစွာ၊ အရှက်မရှိ ကျူးလွန်နေကြောင်း ခိုင်မာသည့် အထောက်များတွေ့ရ” ဟု ဖော်ပြထားသည်။

 

၎င်းရာဇဝတ်မှုများတွင် ခွဲခြားသတ်မှတ်ခြင်းမရှိ(အရပ်ဘက်၊ စစ်ဘက်) သို့မဟုတ် အချိုးအစား မျှတခြင်းမရှိဘဲ(အင်အားမမျှတ) အရပ်သားများကို ဗုံးကြဲခြင်းနှင့် အရပ်သားအိမ်များနှင့် အဆောက်အအုံများကို မီးရှို့ခြင်းကြောင့် ရွာလုံးကျွတ် ပျက်စီးခြင်းများ ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အစီရင်ခံစာက "တိုက်ပွဲဖော်ဆောင်စဉ် ဖမ်းဆီးရရှိသော အရပ်သားနှင့် တိုက်ခိုက်ရေးသမားများကို သတ်ဖြတ်ခြင်း” ကိုလည်း ဖော်ပြထားသည်။

 

ကျွန်ုပ်တို့၏ သက်သေအထောက်များအရ အရပ်သားများအပေါ် ကျယ်ပြန့်ပြီး စနစ်တကျ တိုက်ခိုက်မှု များဖြစ်သည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြန်မာနိုင်ငံအတွင်း အများအပြားတိုးပွားလာကြောင်း နှင့် တာဝန်ရှိသည့် ကျူးလွန်သူ တစ်ဦးချင်းအပေါ် တရားရုံးမှ အရေးယူရာတွင် အသုံးပြုနိုင်မည့် အမှုတွဲများ တည်ဆောက်နေကြောင်း” IIMM အကြီးအကဲ Nicholas Koumjian က ပြောကြားသည်။

 

လွန်ခဲ့သည့် ၂ နှစ် စစ်အာဏာရှင်တို့ စတင် အာဏာထိန်းချုပ်ခဲ့စဉ်မှစ၍ မြန်မာနိုင်ငံသည် ဖရိုဖရဲအခြေအနေသို့ ကျရောက်ခဲ့ပြီး အတိုက်အခံများအပေါ် ရက်စက်စွာ ‌ဖြိုခွင်းမှုများဖြစ်ပေါ်ခဲ့သည့်နောက် ခုခံဆန့်ကျင်သူများက စစ်တပ်ကို နေရာအနှံ့ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ အနောက်နိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများ ပြန်လည် ပြဌာန်းခဲ့သည်။

 

စစ်အာဏာရှင်တို့၏ ပြောရေးဆိုခွင့်ရှိသူကို ကုလသမဂ္ဂ၏ ရှာဖွေတွေ့ရှိချက်များအပေါ် မှတ်ချက်တောင်းဆိုရန် ဆက်သွယ်၍ မရခဲ့ပါ။

 

စစ်အာဏာရှင်တို့က ရက်စက်ကြမ်းကြုပ်မှုများ ကျူးလွန်ခဲ့သည်ကို ယခင်ကပင် ငြင်းဆိုခဲ့ပြီး အကြမ်းဖက် သမားများကို တရားဝင် တိုက်ခိုက်နေခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

စစ်ရေးပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်သည်ဟုဆိုရာတွင် တိုက်ခိုက်သည့်အချိန်တွင် မြန်မာစစ်တပ်သည် အရပ်သားအမြောက်အများ ပစ်မှတ်နေရာ၌ ရှိသည်ကို "သိသင့်သည် သို့မဟုတ် သိခဲ့သည်”ဟု ကုလစုံစမ်းစစ်ဆေးသူများက ပြောဆိုသည်။

 

ကိုးကား - Reuters

ပုံစာ - ဖေဖော်ဝါရီလ ၃ ရက် ၂၀၂၂ ခုနှစ်တွင် မြန်မာစစ်တပ်၏ စစ်ကိုင်းတိုင်းဒေသကြီးမှ မီးရှို့ဖျက်ဆီးခံရသော ရွာတစ်ရွာ (Photo: REUTERS/Stringer/File Photo)

 

စစ်တပ်
စစ်ရာဇဝတ်မှု
မြန်မာ

Share With
bap-logo