Weather
အယ်နီညိုမှ လာနီညာသို့ ပြောင်းလဲမှုကြောင့် အာရှတွင် မိုးရွာပြီး အမေရိကားတွင် ခြောက်သွေ့ဖွယ်ရှိ
လွန်ခဲ့သော တစ်နှစ် က
အားကောင်းသော အယ်နီညိုဖြစ်စဉ်အပြီး ကမ္ဘာ့ရာသီဥတုအခြေအနေသည် လာနီညာဖြစ်စဉ်သို့ ၂၀၂၄ ခုနှစ် နှစ်ဝက်တွင် ပြောင်းလဲဖွယ်ရှိနေသည်။ ၎င်းလာနီညာဖြစ်စဉ်ကြောင့် ဩစတြေးလျ၊ အရှေ့တောင်အာရှနှင့် အိန္ဒိယတို့တွင် မိုးရွာသွန်းလေ့ရှိကာ စပါးနှင့် ဆီထွက်သီးနှံများထုတ်လုပ်ရာ အမေရိကားဒေသများတွင် ရာသီဥတု ပိုမိုခြောက်သွေ့မည်ဟု မိုးလေဝသနှင့် စိုက်ပျိုးရေး လေ့လာဆန်းစစ်သူများက ပြောသည်။
ရာသီဥတုပုံစံ ၂၅ ခုမှာ တစ်ခုလောက်ကတော့ အားကောင်းတဲ့ လာနီညာဖြစ်စဉ်ကို ပြသနေပါတယ်
လာနီညာဖြစ်စဉ် အပျော့စားတစ်ခုဆီသို့ ပြောင်းလဲဖြစ်ပေါ်မှုသည် စိုက်ခင်းများအပေါ် မည်မျှ ပြင်းထန်စွာ သက်ရောက်မှုရှိမည်ကို ခန့်မှန်းရန် စောနေသေးသည်ဟု မိုးလေဝသပညာရှင်များက ပြောသည်။ လာနီညာဖြစ်စဉ်ဆိုသည်မှာ တောင်အမေရိကတိုက်၏ အပူပိုင်းဒေသ အနောက်ဘက်ကမ်းရိုးတန်းရှိ သမုဒ္ဒရာရေမျက်နှာပင်များ အေးမြလာချိန်တွင် ဖြစ်ပေါ်သည်။
“ရာသီဥတုပုံစံ အများစုကတော့ ဒီနှစ် နှစ်ဝက်မှာ ဒါမှမဟုတ် နောက်ဆုံး လေးလပတ်မှာ အားနည်းတဲ့ လာနီညာဆီကို ဦးတည်ညွှန်ပြနေကြပါတယ်။ ရာသီဥတုပုံစံ ၂၅ ခုမှာ တစ်ခုလောက်ကတော့ အားကောင်းတဲ့ လာနီညာဖြစ်စဉ်ကို ပြသနေပါတယ်။” ဟု အမေရိကန်အခြေစိုက် အာကာသနည်းပညာကုမ္ပဏီမှ မိုးလေဝသပညာရှင် Chris Hyde က ပြောသည်။
အာရှတွင် လာနီညာဖြစ်စဉ် သုံးနှစ်အပြီးနောက် ပြီးခဲ့သည့်နှစ် လာနီညာဖြစ်စဉ်တွင် ပူပြင်း၊ ခြောက်သွေ့သည်ကို တွေ့မြင်ခဲ့ရပြီး အမေရိကားဒေသများတွင် ပိုမိုသည်းထန်သော မိုးရွာသွန်းမှုများ တွေ့ခဲ့ရသည့်အတွက် အာဂျင်တီးနားနှင့် အမေရိကန်လွင်ပြင်တောင်ပိုင်းတို့
ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ အိန္ဒိယနိုင်ငံသည် မုတ်သုံအားနည်းသည့်အတွက် ဆန်တင်ပို့မှု ကန့်သတ်ခဲ့ပြီး ဂျုံဒုတိယအများဆုံးတင်ပို့သူ ဩစတြေးလျသည် ထိခိုက်မှု ကြုံတွေ့ခဲ့သည်။ စားအုန်းဆီစိုက်ခင်းများနှင့် စပါးခင်းများရှိရာ အရှေ့တောင်အာရှတွင် ပုံမှန်မိုးရေချိန်အောက် လျော့နည်းရရှိခဲ့သည်။
လာနီညာဖြစ်စဉ်သည် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည်။
“စကားအဖြစ်ပြောရရင် လာနီညာဟာ ဩစီစိုက်ခင်းတွေအတွက် အလွန်ကောင်းတယ်ဆိုတာ မြင်သာပါတယ်။ ဒါပေမယ့် ဘယ်အချိန် မိုးရွာသလဲ၊ မိုးမရွာဘူးလဲဆိုတာပေါ် အလွန်မူတည်ပါတယ်။” ဟု ဆစ်ဒနီရှိ စိုက်ပျိုးရေးအကျိုးဆောင်လုပ်
“စိုက်ပျိုးမှုမတိုင်ခင် မိုးရွာဖို့ လိုတယ်။ ဒါမှ စိုက်ပျိုးတဲ့ ရာသီမှာ အောက်ခံမြေဆီလွှာအစိုဓာတ် ကောင်းကောင်းရမှာဖြစ်ပါတယ်။”
ဆန်နှင့် စားအုန်းဆီ ထုတ်လုပ်ရာ အရှေ့တောင်အာရှနိုင်ငံများတွင် စိုစွတ်သည့် ရာသီဥတုက အထွက်နှုန်းတိုးစေနိုင်ပြီး ပုံမှန် အိန္ဒိယမုတ်သုန်က ထုတ်လုပ်မှုနှင့် လယ်ယာဝင်ငွေ တိုးမြှင့်နိုင်သည်ဟု လေ့လာဆန်းစစ်သူများက ပြောသည်။
“အန္ဒိယတောင်ပိုင်းမှာ ခြောက်သွေ့မှု ကြာရှည်ကောင်း ကြာရှည်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံအဓကနေရာ အနှံ့အပြား အထူးသဖြင့် အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ ပုံမှန်ထက် အနည်းငယ် မိုးပိုနိုင်ပါတယ်။” ဟု Maxar မှ Hyde က ပြောသည်။
ကိုးကား - Reuters
ပုံစာ - ၂၀၂၂ ခုနှစ် ဂျူလိုင်လ ၅ ရက် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အနီး ဝင်ဆာမြို့ ဆင်ခြေဖုံးတွင် မိုးသည်းထန်မှုကြောင့် နိုင်ငံအရေးပေါ်ဝန်ဆောင်မှုဝန်
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က