Opinion
သတင်းလွှေ့လွှေ့ အိမ်နီးချင်း
လွန်ခဲ့သော တစ်နှစ် က
ဗမာ၏အိမ်နီးချင်းများနှင့်ဆက်ဆံရေးတွင် ထိုင်းနှင့်ဆက်ဆံရေးကလည်း အရေးပါသောနေရာ၌ရှိနေ၏။ အထူးသ ဖြင့် လက်ရှိကာလ ကုန်သွယ်စီးပွားအရာ၌ နယ်စပ်ဝင်ပေါက်များ၏ အရေးပါမှုအပြင် ထိုင်း၌အလုပ် လုပ်နေသည့် ဗမာရွှေ့ပြောင်းအလုပ်သမား သန်းချီရှိနေသည်ကလည်း ထည့်မတွက်၍ မဖြစ်သောအချက် ဖြစ်သည်။ သို့ကြောင့်ပဲ နှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေးထူထောင်ခြင်းက အစဉ်အဆက် တောင်းဆိုမှုတစ်ခု ဖြစ်နေခဲ့သည်။
မြန်မာက ဦးဆောင်ပြီး ကျင်းပခွင့်ရခဲ့တဲ့ အာဆီယံလေတပ်စစ်ဦးစီးချုပ်များ ညီလာခဲ့အပြီး ထိုင်းလေတပ်က အ ဆင့်မြင့်အရာရှိကြီးများနှင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့တွေ့ဆုံခဲ့သည်။ အမှန်တော့ ထိုတွေ့ဆုံမှုသည် ယေ ဘုယျအားဖြင့် ယဉ်ကျေးမှုသဘောဆန်သည့် တွေ့ဆုံမှုမျိုးအဖြစ် နိုင်ငံများအကြားရှိခဲ့ကြသည် ဖြစ်သော်လည်း လက်ရှိကာလတွေ့ဆုံမှုက ကာလံဒေသံအပြင် အခြားသောအရေးကိစ္စများလည်း ပါဝင်ကောင်း ပါဝင်နိုင်ပေမည်။
လက်ရှိဗမာ့နိုင်ငံရေး ပြဿနာများနှင့်ပတ်သက်၍ ထိုင်းသည် ၂၀၂၁ ခုနှစ်မှစတင်၍ မယုတ်မလွန် သဘောထားမျှ သာပြောဆိုပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့ဟန်မြင်ရသည်။ ထိုစောင့်ကြည့်မှုတွင် အချိန်တန်လျှင် အခိုင်အမာ တည်ဆောက်ထားသောစစ်ကောင်စီ၏အင်အားသည်သာ အနိုင်ရလိမ့်မည်ဟူသော တွက်ဆမှုမျိုး လည်း ရှိကောင်း ရှိခဲ့နိုင်သည်။ အလားတူစွာအခြားတစ်ဖက်တွင်လည်း သူ့နိုင်ငံ၏သိက္ခာက ရှိနေပြန်သည်။
ထိုင်းဟူသည် ဒုတိယကမ္ဘာစစ်မီး အိမ်နီးချင်းနိုင်ငံများဆီကူးစက်ပြီး ပြာပုံဘဝရောက်နေချိန်၌ပင် သံတမန်ရေးရာ ဆောင်ရွက်ချက်များဖြင့် မီးစင်ကြည့်ကရင်း ရနိုင်သမျှသော အကျိုးအမြတ်ကို ဖော်ဆောင်နိုင်ခဲ့သော နိုင်ငံဖြစ် သည်။ ဤအချက်ကို အထူးသဖြင့် ထိုင်းနိုင်ငံရေးသမားတွေက ဂုဏ်သိက္ခာ တစ်ရပ်ဟု ယူဆလေ့ရှိကြသည်။ ထိုအ ချက်ဖြင့်ပင် ဗမာ့အရေးတွင် မယုတ်မလွန်စည်းကို မကျော်ဘဲ အစပိုင်း၌ စောင့်ကြည့် အနေဖြင့်သာ ဖြတ်သန်းခဲ့သည်။ သို့ရာတွင် ဤသည်က အပေါ်ယံမြင်သာသော အမြင်မျှသာ ဖြစ်သည်။
လက်တွေ့တွင် ထိုင်းနှင့်ဗမာကြား ကြီးမားသော ဘုံတူညီချက်တစ်ခု ရှိနေခြင်းက အမှန်ဖြစ်၏ ။ အခြားမဟုတ်ဘဲ စစ်တပ်များ၏ အခန်းကဏ္ဍကို တိုင်ပြည်အုပ်ချုပ်ရေး၌ တိတိကျကျနေရာပေး အထိုင်ချထားခြင်းဖြစ်သည်။ ဘုရင် ၏ အတိုင်ပင်ခံကောင်စီဟူသည် ထိုကိစ္စကိုကိုင်တွယ်ရန်အတွက် အဓိကရည်ရွယ်ရင်းဖြစ်သည်။ စစ်တပ်ထွက် အ ငြိမ်းစား ဗိုလ်ချုပ်တွေ အများအပြားပါဝင်သော ထိုအဖွဲ့၏ ဗမာနှင့်ပတ်သက်သောမူဝါဒက ရှေးဘုရင်များခေတ်တွင် အခြေခံသည်။ အစဉ်အဆက်ဆိုသလို ပြိုက်ဖက်လည်းဖြစ် ၊ ရန်ဖက်လည်း အကြိမ်ကြိမ်ဖြစ်ခဲ့သည့် သမိုင်း ကြောင်း ပြဌာန်းမှုဆိုလျင်လည်းမမှားပေ။ အခြားသောအကြောင်းအနေနှင့်မူ ဗမာပြည်တွင်း ရင်းနှီးမြှုပ်နှံထား သော အကျိုးစီးပွားများနှင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရားမဝင် အလုပ်သမားများ ကိစ္စများရှိပေမည်။
လက်ရှိတွင် "သက်ဆင်"ပါတီမှ အမတ်တစ်ဦးဝန်ကြီးချုပ်ဖြစ်လာသည်။ သက်ဆင်လည်းပြည် တော်ပြန်ဝင်လာ သည်။ ဤသည်ကပင် ထိုင်းနိုင်ငံရေး၏ အပေးအယူပုံစံဖြစ်သည်။ သို့ရာတွင်ခြွင်းချက်တစ်ခုတော့ရှိသည်။နိုင်ငံရေး အရ စစ်တပ်၏တည်ရှိမှုနှင့် ဘုရင်စနစ်အား ထိပါးမေးခွန်းထုတ်ခွင့်မျိုးမရှိ။ နိုင်ငံအရေးများတွင် စစ်တပ်၏ပါ ဝင် ပတ်သက်နေမှုကို ဆန့်ကျင်၍မရ။ ထို့အတွက်လွှတ်တော်ထဲတွင် စစ်တပ်ကခန့်ထားသော အမတ်တစ်စုက အ သင့်စောင့်ကြိုနေမည်။ ဘုရင်စနစ်ကို ဆန့်ကျင်ဝေဖန်သည့် လုပ်ရပ်များလုပ်ကိုင်ခွင့်မရှိ။ ထိုအတွက် ဥပဒေ တစ် ရပ်က အသင့်စောင့်ကြိုနေမည်။ လက်ရှိအချိန် အနိုင်ရပြီးဝန်ကြီးချုပ်နေရာနှင့်လွဲခဲ့သူ" ရှေ့သို့ချီ ပါတီခေါင်းဆောင် ‘ဖိထာ’၏ ဖြစ်ရပ်က သက်သေဖြစ်သည်။
ထိုအချင်းအရာများကိုကြည့်လျင်ပင် ထိုင်းစစ်တပ်၏ စစ်ကောင်စီနှင့်ဆက်ဆံရေးမည်မျှ အရေးပါကြောင်း မြင်နိုင်လိမ့်မည်။ ဗမာစကားအရ "သူတော်ချင်း သီတင်းလွှေ့လွှေ့" ဆိုသလိုပင်ဖြစ်သည်။ အလားတူစွာ ကိုယ်ကျိုး စီးပွား အရ အပြန်အလှန်ဆက်စပ်မှုများက လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရှေ့လျှောက် ထိုင်း၏ဗမာ့နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုနှင့်ပါဝင်ပတ်သက်မှု ပုံစံက လက်ရှိအနေမှ တစုံတရာပြောင်းလဲလာဖို့ရာ အကြောင်းမမြင်ပေ။ စစ်တပ်ကို အခိုင်အမာအထိုင်ချထာသည့်ပုံစံဖြင့်သာ ဆက်၍လည်ပတ်မည်မှာသေချာသည်။
သို့ဖြစ်ရာနှစ်နိုင်ငံကြား သိက္ခာရှိသောဆက်ဆံရေး ၊အထူးသဖြင့် ပြည်သူများအကြား၌ ချစ်ကြည်သော ရေရှည် ဆက်ဆံရေးကို ရည်မျှော်လျင်မူ လက်ရှိဖော်ဆောင်နေသော စစ်တပ်အချင်းချင်းလက်ဝါးချင်းရိုက်ပြီး တည်ငြိမ် ဟန်ပြသည့် ဆက်ဆံရေးကို အဆုံးသတ်မှဖြစ်မည်။ နွေဦးတော်လှန်ရေးသည် ထိုအချက်ကို အကောင်အထည် ဖော်ရေး လမ်းစဖြစ်သည်။ သို့ဖြစ်၍ နွေဦးတော်လှန်ရေး အောင်မြင်ရေးသည် လူလူသူသူဘဝကို ပြည်သူများပိုင်ဆိုင်နိုင် ရေးနှင့်တိုက်ရိုက်အချိုးကျသည်မို့ တော်လှန်ရေးတွင် ပိုမိုအားထည့်ကြရန်မှတပါး အခြားမရှိသည်က ကွက်ကွက် ကွင်းကွင်းထင်သာမြင်သာသော အကြောင်းပင် ဖြစ်ပေသည်။
Burma Associated Press
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က