Politics
ပုဏ္ဏားကျွန်း ခမရ- ၅၅၀ တပ်ရင်းကို သိမ်းပိုက်စဉ် ဗျူဟာမှူး နဲ့ တပ်ရင်းမှူးကို အသေဖမ်းမိ
လွန်ခဲ့သော တစ်နှစ် က
ရခိုင်၊ မတ် ၆။
စစ်ကောင်စီတပ်ရဲ့ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ -၅၅၀ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဗျူဟာမှူး နဲ့ ခလရ -၂၀၈ တပ်ရင်းမှူး တို့ကို အသေဖမ်းဆီး ရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် -AA က ထုတ်ပြန်ပါတယ်။
"စခန်းသိမ်းတိုက်ပွဲအတွင်း ခမရ- ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ DSA အပတ်စဉ် (၄၂) ၊ ခလရ - ၂၀၈တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ -၅၅၀ မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာ အသေရမိခဲ့" လို့ ဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်တော် -AA အနေနဲ့ ၁၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် က ခမရ -၅၅၀ တပ်ရင်းကို မတ်လ ၄ ရက်က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တာပါ။
စစ်တပ်က ကြည်း ၊ ရေ ၊ လေ ပူးပေါင်း ခုခံနေတဲ့ကြားက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာလို့လည်း ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA) အနေနဲ့ လက်နက်ချအညံ့ခံတဲ့သူတွေနဲ့ စောစီးစွာ အလံဖြူထောင်တဲ့ အကြမ်းဖက်စစ်တပ်က တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကို အသက်ချမ်းသာပေးပြီး ကောင်းမွန်စွာ ထား ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ-AA Info Desk
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က