bap-logo
Crime

ဆီတင်သင်္ဘောပေါက်ကွဲမှု မြန်မာခုနစ်ဦး၊ ထိုင်းတစ်ဦးသေဆုံး

ZMWlG2IivlND3ZCDk4uv7-image

လွန်ခဲ့သော ၂ နှစ် က

ဘန်ကောက်၊ ဇန်နဝါရီ ၁၉

 

ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ရှိ မဲခေါင်မြစ်ခွဲအတွင်း ရပ်နားထားသော  ဆီတင်သင်္ဘောကို ပြုပြင် ရာတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦး သေဆုံးကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးကထုတ်ပြန်သည်။

 

ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသားနှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။

 

ရပ်နားထားသည့်ဆီတင်သင်္ဘောကို ဇန်နဝါရီ ၁၇ ရက်က အလုပ်သမား ၃၀ ဦးဖြင့်  ဆီပိုက်လိုင်းများ ဂဟေဆော် နေချိန်တွင် ပိုက်လိုင်းအတွင်းရှိ  ဆီလက်ကျန်များမှတဆင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

 

ပေါက်ကွဲမှုဖြစ်ပွားသည့် ဇန်နဝါရီ ၁၇ ရက်တွင် မြန်မာနိုင်ငံသားတစ်ဦးကိုရှာဖွေတွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၁၈ ရက် တွင် မြန်မာနိုင်ငံသား ၆ ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးတို့၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

 

ပေါက်ကွဲမှုကြောင့် မဲခေါင်မြစ်အတွင်း အလုပ်သမားများပြုတ်ကျပျောက်ဆုံးသွားရာမှ ရုပ်အလောင်းများ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

 

လုပ်ငန်းခွင်အတွင်းသေဆုံးသွားသည့် အလုပ်သမားများအတွက် အာမခံကြေး၊ ဆုကြေး အပါအဝင် နစ်နာကြေး များကို ကျန်ရစ်သူမိသားစုများရရှိနိုင်ရန် အလုပ်ရှင်များနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်သည်။ 

 

 ဓာတ်ပုံ-  အင်တာနက်

 

 

မြန်မာ
ထိုင်းနိုင်ငံ
မတော်တဆမှု
သေဆုံး

Share With
bap-logo