bap-logo
Data

ဆေးဝါးစောင့်ရှောက်မှု အလုံအလောက်မရလို့ ယခုနှစ် ၉ လအတွင်း နိုင်/ကျဉ်း ၁၂ ဦး သေဆုံးခဲ့

ZA5Xhlx3h1AemzHhbSmcs-image

လွန်ခဲ့သော ၁၆ ရက် က

BAP၊ အောက်တိုဘာ ၁။

 

အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိလို့ အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာ လကုန်အထိ CDM ရဲတဦးအပါဝင် နိုင်/ကျဉ်း ၁၂ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန် ရက်- PPNM ကထုတ်ပြန်ပါတယ်။

 

အဲဒီအရေအတွက်ဟာ မြန်မာတနိုင်ငံလုံးက အကျဉ်းထောင် ၉ ခု မှာ သေဆုံးခဲ့ရတာလို့ အသိပေးထားပါတယ်။

 

၂၀၂၄ ခုနှစ် အစပိုင်းကစတင်ပြီး စက်တင်ဘာလကုန်အထိ ကျိုက်မရော၊ မကွေး၊ ကလေး၊ မန္တလေးအိုးဘို၊ ဒိုက်ဦး၊ လယ်ဝေး၊ သရက်၊ အင်းစိန်နဲ့ သထုံထောင်တို့က နိုင်ငံရေးအ ကျဉ်းသား(၉) ဦး ၊ နိုင်ငံရေးအကျဉ်းသူ(၂) ဦး၊ ရဲ CDM (ရဲပြေးအမှုဖြင့် တရားစွဲဆိုခံထားရသူ) (၁) ဦး စုစုပေါင်း (၁၂) ဦး အသက်သေဆုံးခဲ့တာပါ။

 

သေဆုံးခဲ့ရသူအများစုဟာ ဆေးဝါးလုံလောက်မှုမရခဲ့လို့ သေဆုံးသူ ၇ ဦး၊ စစ်ကြောရေးမှာရှိခဲ့တဲ့ဒဏ်ရာတွေ ကောင်းစွာကုသခွင့်မရခဲ့လို့ သေဆုံးသူ ၃ ဦးနဲ့ အကျဉ်းထောင်ဆရာဝန်ပေါ့ လျော့မှုကြောင့် CDM ရဲဝန်ထမ်းအပါ ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

 

အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေဟာ အရှေတန်းစစ်မြေပြင်သဖွယ် ခေါင်းစဉ်အမျိုးမျိုးနဲ့ သတ်ဖြတ်ခံ နေရကြောင်းနဲ့ ဆေးဝါးလုံလောက်မှု၊ ဆရာဝန်လုံလောက်မှုမရှိလို့ ထောင်ဆေးရုံတွေဟာ နိုင်ကျဉ်းတွေ မသေဆုံးခင် ယာယီထားတဲ့ နေရာကဲ့သို့သာ ဆက်ရှိနေတယ်လို့ PPNMက အသိပေးထားပါတယ်။

 

ဓာတ်ပုံ- PPNM

Burma Associated Press

 

သေဆုံးခဲ့
အကျဉ်းထောင်
နိုင်ငံရေးအကျဉ်းသား

Share With
bap-logo