bap-logo
Data

သြဂုတ်လတွင် စစ်​ကောင်စီထံမှ ဒုဗိုလ်မှူးကြီး (၃)ဦး၊ ဗိုလ်မှူး (၂)ဦး အပါအဝင် (၄၁) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

50fOix1iSVdoGpmIG6KkX-image

လွန်ခဲ့သော တစ်လ က

စက်တင်ဘာ ၁၃။

 

ယခုနှစ် ဩဂုတ်လအတွင်းမှာ အရာရှိကြီးတွေအပါအဝင် စစ်ကောင်စီထံကနေ တပ်သားနဲ့ ရဲ (၄၁)ဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန က မနေ့ညက ထုတ်ပြန်ပါတယ်။

 

စစ်ကောင်စီရဲ့ ဒုတိယဗိုလ်မှူးကြီး ()ဦး၊ ဗိုလ်မှူး ()ဦး၊ ဗိုလ်ကြီး ()ဦး၊ ဗိုလ် ()ဦး အပါအဝင် တပ်သားနဲ့ ရဲ (၄၁)ဦးက ပြည်သူ့ဘက်ကို ရပ်တည် ကူးပြောင်းလာခဲ့တာလို့ ဆိုပါတယ်။

 

လက်နက်နဲ့တကွ ခိုလှုံလာသူတွေလည်း ရှိပြီး လက်နက်ယူဆောင်လာသူတွေကို ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

သြဂုတ်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေ ယူဆောင်လာတဲ့ လက်နက်မျိုးစုံ (၁၈) လက်နဲ့ ခဲယမ်း မီးကျောက်တွေ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ပုံစာ- ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ (ပုံဟောင်း)

 

Burma Associated Press

စစ်တပ်
တပ်သားများ
CDM

Share With
bap-logo