bap-logo
Data

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဗျူဟာမြောက်လက်နက်တွေ ဘယ်လောက်ဆုံးရှုံးထားပြီလဲ

97bnmhCTx_FoqPuSmSxsl-image

လွန်ခဲ့သော ၂ လ က

BAP၊ စက်တင်ဘာ ၂။
 
 
 
အာဏာသိမ်းပြီးနောက်မှာ ပြင်းထန်လာတဲ့ ခုခံတော်လှန်စစ်တွေ၊ တန်ပြန်ထိုးစစ်တွေကြောင့် စစ်ကောင်စီဟာ အဘက်ဘက်ကနေ အထိနာနေပါတယ်။
 
 
တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုတွေရဲ့ ခုခံတွန်းလှန်မှုကြောင့် စစ်တပ်ဟာ သမိုင်းမှာ မကြုံစဖူး အရှုံးနဲ့ ရင်ဆိုင်နေရပြီး နယ်မြေဒေသများစွာ လက်လွှတ်ထားရပါတယ်။
 
 
စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ကို အထိနာစေခဲ့တာက ချင်း၊ ကရင်နီဒေသထိုးစစ်တွေ၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ ပူးပေါင်း စစ်ဆင်ရေး၊ ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်၊ အခုနှစ်မှာ စတင်တဲ့ ၁၀၂၇ ရှမ်းမန်း ပူးပေါင်းစစ်ဆင်ရေးတွေနဲ့ ကရင်ဒေသရဲ့ အာရှလမ်းထိန်းချုပ်နိုင်ရေး တိုက်ပွဲတွေဖြစ်ပါတယ်။
 
 
အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဟာ နယ်မြေ၊ လူသူလက်နက်အင်အား အများအပြားဆုံးရှုံးခဲ့ရပါတယ်။ ဆုံးရှုံးမှုတွေထဲမှာ တရုတ်၊ ရုရှား၊ ယူကရိန်း၊ အစ္စရေး တို့ကနေ ဝယ်ယူထားတဲ့ ဗျူဟာမြောက် လက်နက်တွေ ပါဝင်ပါတယ်။
 
 
ယခု ဘီအေပီက ဖော်ပြထားတဲ့ စစ်ကောင်စီဆုံးရှုံးထားတဲ့ မဟာဗျူဟာမြောက်လက်နက်တွေဟာ တော်လှန်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ထားသလောက်သာဖြစ်ပြီး မြေပြင်မှာ ဒီထက်မက ပိုဆုံးရှုံးထားနိုင်ပါတယ်။
 

 

 

 

 

 

 

 

 

မြေပြင်ကြည်းတပ်ရဲ့ စစ်လက်နက်တွေအပြင် စစ်ကောင်စီဟာ K-8W အမျိုးအစား တိုက်လေယာဉ်ကို ကရင်နီ၊ Mi-17 အမျိုးအစား ရဟတ်ယာဉ် နှစ်စီးကို ကချင်နဲ့ ကရင်နီ ၊ FTC-2000G အမျိုးအစား တိုက်လေယာဉ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ Y-8 အမျိုးအစား သယ်ယူ ပို့ဆောင်ရေးယာဉ်ကို အိန္ဒိယနိုင်ငံ၊ Eurocopter AS365 Dolphin အမျိုးအစား ရဟတ်ယာဉ် နှစ်စီး ကို ကရင်ပြည်နယ်နဲ့ ရန်ကုန်မှော်ဘီလို နေရာတွေမှာ ဆုံးရှုံးထားပါတယ်။
 
 
ဒါ့အပြင် စစ်တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်လောက်ကိုင်နဲ့ လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တို့ကို ဆုံးရှုံးထားကာ ကရင်နဲ့ ကရင်နီမှာဆိုရင်လည်း ဗျူဟာအလိုက် စစ်ကြောင်း အလိုက် အစုလိုက်အပြုံလိုက် လက်နက်ချမှုတွေရှိခဲ့ပါတယ်။
 
 
- စစ်ကောင်စီရဲ့ လက်နက်နဲ့ စစ်သုံးယာဉ်အမျိုးအစား ခွဲခြားမှုတွေကို Tactical Raptor 2.0 စာမျက်နှာ ကနေ ရယူထားတာဖြစ်ပါတယ်။
 
 
- ၁၂၀၊ ၈၁၊ မမ လို လက်နက်ကြီးတွေနဲ့ ပွိုင့်ဖွိုက်လို စက်သေနတ်တွေ၊ MA မောင်းပြန်သေနတ်၊ စနိုက်ဘာတွေအတွက် စစ်ကောင်စီဆုံးရှုံးမှုဟာ မရေတွက်နိုင်အောင်များပြားလို့ ယခု BAP ရဲ့ စာရင်း ထဲမှာ ဖော်ပြထားတာမရှိပါဘူး။
 
 
Burma Associated Press
စစ်ကောင်စီ
အာဏာသိမ်း

Share With
bap-logo