bap-logo
Weather

ကရင်​ဒေသအချို့တွင် ဆီးဖြူသီးအရွယ် မိုးသီးများ​ကြွေ

7L3pmodPVaJJSYSsQHudN-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၂

 

နေ့ မတ်လ ၁၂ ရက် နေ နာရီခွဲ အချိန်ခန့်တွင် အချိန်အခါမဟုတ် ရွာသည့်မိုးကြောင့် ကရင်ပြည်နယ်ဒေသအချို့တွင် ဆီးဖြူသီးအရွယ်ခန့်ရှိ မိုးသီးများကြွေကျခဲ့သည်။

 

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် မိုးရွာသွန်းနိုင်ကြောင်း မြန်မာနိုင်ငံ၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

 

လာမည့်မတ်လ ၁၃ ရက်မှစကာ အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ပြီး၊ ရွာသွန်းမည့်အချိန်တွင် ရက်မှ ရက်အထိ ကြာမြှင့်နိုင်မည်ဖြစ်ကြောင်းနှင့် ရန်ကုန် တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင်ရွာ သွန်းမြဲထက် ပိုမိုကာရွာသွန်းနိုင်ကြောင်းလည်း အသိပေးထားသည်။

 

အချိန်အခါမဟုတ်မိုးပိုနိုင်သော တိုင်းနှင့်ပြည်နယ်များမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်သည်။

 

ထို့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင်တော့ မိုးရွာသွန်းနိုင်သည့်ရက်မှာ ရက်မှ ရက်ခန့် ထစ်ချုန်းရွာသွန်းနိုင်မည်ဖြစ်ကြောင်း မိုး/ဇလမှ အသိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။

 

မိုးရွာသွန်းမည့်ဖြစ်စဉ်တွင် အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏အရှိန်၊ ကပ္ပလီပင် လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသည့် လေအေးများ တွေ့ဆုံမှုကြောင့် အချိန်ခါမဟုတ်မိုးရွာသွန်းနိုင်ခြင်းဖြစ်ကြောင်းသိရသည်။

 

Burma Associated Press

ကရင်
မြန်မာ
မိုးသီး

Share With
bap-logo