bap-logo
Data

ကရင်နီတွင် ဧပြီလအတွင်း စစ်ကောင်စီ တပ်သား ၇၀ ကျော် သေဆုံး၊ သုံ့ပန်း ၃ ဦးအရှင်ဖမ်းမိ

V8hac2_z2g4We0l0VNMsi-image

လွန်ခဲ့သော တစ်နှစ် က

မေ ၃။

 

ကရင်နီ(ကယား)ပြည်နယ်တွင် ဧပြီလအတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၇၀ ကျော် သေဆုံးခဲ့ပြီး သုံ့ပန်း ၃ ဦး အရှင်ဖမ်းမိခဲ့သည်ဟု ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDFက ယနေ့ ထုတ်ပြန်သည်။

 

ကရင်နီနှင့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနှင့်ပင်လောင်းမြို့နယ်တို့တွင် တိုက်ပွဲပေါင်း ၅၀ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်၊ လက်နက်ငယ် ၅၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု KNDFက ဆိုသည်။

 

တိုက်ပွဲများအတွင်း KNDF ရဲဘော် ၃ ဦး ကျဆုံးခဲ့ရပြီး ဧပြီလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၀၈ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၀ ကျော်၊ ပြည်သူ့ဆေးရုံနှင့် ကိုယ်ထူကိုယ်ထ ဆေးရုံ လုံး၊ ကျေးရွာ ဆေးပေးခန်း လုံးနှင့် ခရစ်ယာန် ဘုရားကျောင်း လုံး ပျက်စီးခဲ့ရသည်။

 

ထို့ပြင် ဧပြီလတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့သေးသည်ဟု KNDFက ဆိုသည်။

 

ပုံ-KNDF

Burma Associated Press

ကရင်နီ
KNDF
ပဋိပက္ခ
စစ်တပ်

Share With
bap-logo