Politics
ရေးမြို့ ခြေမြန်တပ်ရင်း ၃၁၇ က စစ်ကောင်စီတပ်သား ၅ ဦး ပစ်သတ်ခံရ
လွန်ခဲ့သော ၃ နှစ် က
ရေး၊ ဇန်နဝါရီ ၂၀။
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ခြေမြန်တပ်ရင်း ခမရ ၃၁၇ က တပ်သားငါးဦးကို ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ရေးပြောက်ကျားအဖွဲ့က ပစ်သတ်လိုက်ကြောင်းသိရသည်။
စစ်ကောင်စီတပ်သားငါးဦး ဆိုင်ကယ်ဖြင့်သွားလာနေချိန်တွင် ရေးပြောက်ကျားအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီတပ်သားများထံမှသေနတ် ၃ လက်ရရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်ရက်က သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာအခြေစိုက် နယ်မြေရဲစခန်းကို ရေးပြောက်ကျားအဖွဲ့ (YGF) နှင့်ပူးပေါင်းတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ ကြောင်းသိရသည်။
အဆိုပါရဲစခန်းတိုက်ခိုက်မှုတွင် မိနစ် ၂၀ ခန့်ကြာမြင့်ကာ အပြန်အလှန်ပစ်ခတ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ - YGF
Burma Associated Press