bap-logo
Politics

စစ်ကောင်စီ ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် ဆန့်ကျင်ရန် ထားဝယ်သပိတ်ကော်မတီဆို

z4VP6UP4zOLESXmzsHSrJ-image

လွန်ခဲ့သော ၃ နှစ် က

ထားဝယ်၊ ဇန်နဝါရီ ၁၉

 

 

စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် ဆန့်ကျင်ပြီး လူထုတစ်ရပ်လုံး လက်မခံကြောင်း နိုင်ငံတကာသိရန် ပြသရမည်ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ ထားဝယ်ခရိုင်-DDMSC က ဆိုသည်။

 

 

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ပြုလုပ်သည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ယခုကဲ့သို့ ထုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

" အကြမ်းဖက်စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် နိုင်ငံအနည်းအကျဥ်းလေးက အသိမှတ်ပြု လိုက်ရင်တောင် ကျွန်တော်တို့ တော်လှန်ရေးအတွက် အများကြီးထိခိုက်နိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ပြည်သူတွေဟာ စစ်ကောင်စီကပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့လိုပါတယ်" ဟု DDMSC က ဆိုသည်။

 

 

နိုင်ငံရေးအကျပ်အတည်းတွေ့နေသည့် စစ်ကောင်စီသည် နိုင်ငံရေးထွက်ပေါက်ရရန် ရွေးကောက်ပွဲအား ကျင်းပနိုင်ရန် အသည်းအသန် ကြိုးပမ်းလျက်ရှိခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးပမ်း နေခြင်း သည် ဒီမိုကရေစီအကူးအပြောင်းကို လက်ခံ၍ မဟုတ်ဘဲ အတုအယောင် ရွေးကောက်ပွဲကို ဟန်ပြ ကျင်းပပြီး နိုင်ငံတကာ၏ တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိမှတ်ပြု လာအောင် လုပ်ဆောင် နေခြင်းသာဖြစ်ကြောင်း ၊ ထို့အတွက် ရွေးကောက်ပွဲအား လူထုတစ်ရပ်လုံးက လက်မခံကြောင်း နိုင်ငံတကာမှ သိရှိအောင် ပြသရမည်ဖြစ် ကြောင်း ၎င်းတို့ကဆိုသည်။

 

 

ယနေ့ ပြုလုပ်သည့် လူထုလှုပ်ရှားမှုတွင်အခြေခံ ပညာကျောင်းသားများ သပိတ်ကော်မတီ -လောင်းလုံး မြို့နယ်၊ နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ-ထားဝယ်၊ LGBT၊ လောင်းလုံးမြို့နယ် ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ- ထားဝယ်ခရိုင်- DDMSC တို့ ပူးပေါင်းပါဝင် ခဲ့ခြင်းဖြစ်သည်။

 

ပုံစာ။ စစ်ကောင်စီရွေးကောက်ပွဲအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်စဉ်။

ဓာတ်ပုံ။ DDMSC

Burma Associated Press

 

ထားဝယ်
ဆန္ဒပြ
စစ်ကောင်စီ
ရွေးကောက်ပွဲ

Share With
bap-logo