Politics
တမူးနယ်၊ ခမ်းပတ်မြို့ကို PDF နဲ့ပူးပေါင်းအဖွဲ့တွေ သိမ်း
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၇။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပူးပေါင်းအဖွဲ့ တွေက သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
ခမ်းပတ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ရက်တွေထဲက တိုက်နေတာဖြစ်ပြီး ဒီနေ့မှာတော့ မြို့ကို သိမ်းလိုက်ပြီဆိုပြီး သတင်းတွေထွက်လာတာပါ။
“ခမ်းပတ်မြို့ကိုလည်း အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်က PDF နဲ့ ပကဖများက အပြီးတိုင် သိမ်းပိုက် ရရှိ။ တလှိုင်းပြီး တလှိုင်း လာမယ်” ဆိုပြီး နွေဦးတော်လှန်ရေးမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။
ယမန်နေ့ နိုဝင်ဘာ ၆ ရက်မှာလည်း စစ်ကိုင်းတိုင်းရဲ့ ခရိုင်အဆင့်ဖြစ်တဲ့ ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးနဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ ပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
Related Articles
- ရှမ်းပြည်တွင် ပိတ်မိနေသော ထိုင်းနိုင်ငံ သားများ ကူမင်းမှတဆင့် ပြန်မည်
- သိမ်းပိုက်ရရှိခဲ့သည့် ခမ်းပတ်သည် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးဖြစ်သည့် ဒေသဖြစ်သည်ဟု MOD ဆို
- ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေးပြီး တစ်လအကြာတွင် နမ့်ခမ်းမြို့ ရဲစခန်းနှင့် တပ်စခန်းများ အသိမ်းခံရ
- ပူးတွဲလေ့ကျင့်ရေးအတွက် ရောက်နေသည့် ရုရှားစစ်ဦးစီးချုပ်နှင့် အာဏာသိမ်း ခေါင်းဆောင်တွေ့
Top News
လွန်ခဲ့သော ၂၈ မိနစ် က
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၅ ရက် က