bap-logo
Politics

ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေးပြီး တစ်လအကြာတွင် နမ့်ခမ်းမြို့ ရဲစခန်းနှင့် တပ်စခန်းများ အသိမ်းခံရ

Jda7QG42iEMX3CwA80dDy-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ ၅။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ဌာနေပြည်သူ့စစ်များကို စစ်ကောင်စီက ယခုနှစ် စက်တင်ဘာ လကုန်ပိုင်းတွင် လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သတင်းများထုတ်ပြန်ခဲ့သည်။

 

ထိုသို့ လက်နက်တပ်ဆင်ပေးပြီး တစ်လ အကြာတွင် နမ့်ခမ်းရှိ မြို့မရဲစခန်း အပါအဝင် စစ်ကောင်စီစခန်းများကို TNLA က သိမ်းပိုက်ခဲ့သည်။

 

နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စု မန်ဝန်းတပ်စခန်းနှင့် မန်ပူးကြီးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းကို နိုဝင်ဘာလ ရက်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ထို့အတူ နမ့်ခမ်းမြို့ စစ်ကောင်စီရဲစခန်းအား ယနေ့ နံနက် နာရီအချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည် ဟုဆိုသည်။

 

စစ်ဆင်ရေးအမှတ် - ၁၀၂၇ စတင်သည့် ၁၀ ရက်တာအချိန်ကာလတွင် ပြည်သူ့စစ်စခန်းများအပါအဝင် စစ်ကောင်စီ တပ်စခန်း ၁၀၀ ထက်မနည်း ဆုံးရှုံးထားပြီးဖြစ်သည်ဟု ပူ‌ပေါင်းအဖွဲ့များက ထုတ်ပြန် ထားသည်။

 

ပုံစာ - စစ်ကောင်စီက နမ့်ခမ်း ဌာနေ ပြည်သူ့စစ်များကို စက်တင်ဘာလ ၂၈ ရက်က လက်နက် တပ်ဆင်ပေးနေပုံ

 

Burma Associated Press

ရှမ်း
စစ်ကောင်စီ
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်
၁၀၂၇ စစ်ဆင်ရေး

Share With
bap-logo