bap-logo
Article

အာဏာသိမ်းပြီးနောက် အမေရိကန်က စစ်အုပ်စုအပေါ် အရေးယူခဲ့မှုများ

PrNXoUtQol_hmXLXtAP0P-image

လွန်ခဲ့သော တစ်နှစ် က

ရိုဟင်ဂျာလူမျိုးတွေအ‌ပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေအပါအဝင် မြန်မာအာဏာသိမ်းစစ်အုပ်စုရဲ့ ရက်စက် ယုတ်မာမှုတွေအပေါ် ဘိုင်ဒင်အစိုးရရဲ့ ယခုနှစ်အတွင်း ပိတ်ဆို့အရေးယူမှုတွေဟာ ယမန်နှစ်က ပိတ်ဆို့အရေးယူ မှုအရေအတွက်ကို ကျော်လုနီးပါးဖြစ်နေတာဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို တိုးလာစေပါတယ်။

 

၂၀၂၃ ခုနှစ်အတွင်း လေးလစွန်းစွန်းဝင်လာတဲ့ ယခုအချိန်အထိ အိမ်ဖြူတော်က လူပုဂ္ဂိုလ် ဦးနဲ့ စီးပွားရေး လုပ်ငန်း ခုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့တာဟာ ၂၀၂၂ ခုနှစ် တစ်နှစ်လုံးမှာ ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့တဲ့ လူပုဂ္ဂိုလ် ၁၆ ဦး နဲ့ စီးပွားရေးလုပ်ငန်း ခုနဲ့ ယှဉ်ကြည့်ရင် သိသာနိုင်ပါတယ်။

 

"တိုင်းပြည်ကို ဒီမိုက‌ရေစီလမ်းကြောင်းပေါ် ပြန်လည်သွားစေဖို့အတွက်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်စဲ နိုင်ဖို့အတွက် မြန်မာစစ်အစိုးရကို ကျွန်တော်တို့ ဖိအားဆက်လက်ပေးသွားမှာပါ" လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂုလ် ဗီးဒန့် ပတ်တန်လ် (Vedant Patel) က ကြာသပတေးနေ့ (ဧပြီ ၂၀) က ဆိုခဲ့ပါတယ်။

 

"တိုင်းပြည်ကို ဒီမိုက‌ရေစီလမ်းကြောင်းပေါ် ပြန်လည်သွားစေဖို့ အတွက်နဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်စဲနိုင်ဖို့အတွက် မြန်မာစစ်အစိုးရကို ကျွန်တော်တို့ ဖိအားဆက်လက်ပေးသွား မှာပါ"

 

 

"မြန်မာက တရုတ်နဲ့ နယ်နိမိတ်ထိစပ်နေတယ်ဆိုတဲ့ ပထဝီနိုင်ငံရေးက အမေရိကန်ကို မြန်မာ့အရေးမှာ စိတ်ဝင်စားစေတာပါ။ တရုတ်ရဲ့ ဒေသတွင်း လွှမ်းမိုးမှုကို အမေရိကန်က စောင့်ကြည့်နေပြီး မြန်မာက ဒေသတွင်း တည်ငြိမ်မှု အနည်းဆုံးတိုင်းပြည်လည်းဖြစ်ပါတယ်" လို့ High Point တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပရော်ဖက်ဆာ မာတင် ကီဖာ (Martin Kifer) က တွေ့ဆုံမေးမြန်မှုတစ်ခုမှာ ဆိုခဲ့ပါတယ်။

 

"ဒေသတွင်းမှာပေါ့၊ မြန်မာရဲ့စစ်အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန်ဆန့်ကျင်သလို တခြား အာဏာရအစိုးရတွေကို ဆက်ဆံတာမျိုးရှိမယ်လို့ ကျွန်တော်တော့ မထင်ပါဘူး" လို့ ကီဖာက ဆက်လက် ဆိုခဲ့ပါတယ်။

 

စစ်အစိုးရက လူ့အသက်ကိုလည်း ပဓာန ထားတာမဟုတ်ကြောင်းကို ကီဖာက လူ ၆၀ ကိုသေစေခဲ့ပြီး အခြား လူ အယောက် ၃၀ ခန့်ကိုဒဏ်ရာရစေခဲ့တဲ့ ယခုလအစောပိုင်းက လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ရည်ညွှန်းကာ ဆိုခဲ့ပါတယ်။

 

"အကြမ်းဖက်မှုတွေကို ရပ်တန့်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို နောက်မကျ စေဘဲ ဝင်ရောက်ခွင့်ပေးဖို့၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရပိုင်ခွင့်အပေါ် အလေးအနက်ထားပေးဖို့ကို အမေရိကန်က မြန်မာစစ်အစိုးရကို တောင်းဆိုထားပါတယ်" လို့ ပတ်တန်လ် က ဆိုခဲ့ပါတယ်။

 

ကချင်လူမျိုး၊ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အရေးပါတဲ့ ဘာသာရေး‌‌ခေါင်းဆောင်ဖြစ်တဲ့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရဲ့ အကြံပေး ဒေါက်တာခလမ်ဆမ်ဆွန်ကို ထောင်ဒဏ် နှစ် ချမှတ်ခဲ့တာကိုလည်း ပတ်တန်လ်က ဝေဖန်ခဲ့ပါတယ်။

 

တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်က ၁၉၆၂ ကတည်းက တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မှာမှ တိုင်းပြည်က ဒီမိုကရေစီလမ်းကြောင်းပေါ် စတင်ရောက်ရှိလာခဲ့တာပါ။

 

 

နောက်ပိုင်း ရွေးကောက်ပွဲမှာ NLD ရဲ့ သောင်ပြိုကမ်းပြိုအနိုင်ရမှုတွေက စစ်တပ်ကို အန်တုဖို့ သေနတ်မောင်း ဖြုတ်ပေးခဲ့သလို ဖြစ်ခဲ့ပါတယ်။

 

NLD ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်ဖြူတော်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိခဲ့ပြီး မြန်မာကို ကာလကြာရှည်စွာချမှတ်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၂၀၁၆ မှာ အိုဘားမားအစိုးရက ဖယ်ရှား ပေးခဲ့ပါတယ်။

 

သို့ပေမယ့်လည်း နောက်နှစ် ၂၀၁၇ မှာ စစ်တပ်က ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် ထရန့်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ချမှတ်ခဲ့ပါတယ်။

 

စစ်တပ်က လူ ၂၅,၀၀၀ ကိုသေစေခဲ့ပြီး၊ လူတစ်သန်းနီးပါးက ဘင်္ဂလားဒေ့ရှ်ကို နေရပ်စွန့်ခွာ‌ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာအရေးမှာ ဘိုင်ဒင်အစိုးရကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုက ၂၀၂၃ မှာ ရွေးကောက်ပွဲကိုကျင်းပပေးမယ်လို့ပြောခဲ့ပေမယ့် လက်ရှိနိုင်ငံရေး အခင်း အကျင်းမှာ ပေးတဲ့မဲတွေဟာ တရားဝင်တယ်ဆိုတာကိုတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အယုံ အကြည် မရှိကြောင်းဆိုခဲ့ပါတယ်။

 

၂၀၂၀ ရွေးကောက်ပွဲမှာ လူကြိုက်အများဆုံးဖြစ်ခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်တပ်က ပြီးခဲ့တဲ့တစ်လကျော်က ကြေညာခဲ့ပါတယ်။

 

"စစ်တပ်က နိုင်ငံရေးပါတီအချို့ကို ဖျက်သိမ်းကြောင်းကြေညာတာဟာ ပါတီစုံဒီမိုကရေစီနဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒကို ပမာမခန့်ပြုလိုက်တာပါပဲ။ နိုင်ငံရေးအတိုက်အခံတွေနဲ့ သဘောထားချင်း မတိုက်ဆိုင်သူတွေကို စစ်တပ်က နှမ်နင်းနေတာနဲ့ နိုင်ငံရေးမှာ ပြည်သူတွေရဲ့ပါဝင်မှုကို အမြစ်ဖြုတ်နေတာဟာ စစ်တပ်က ၎င်းတို့ အကျိုးစီးပွားနဲ့ အာဏာကို ထပ်မံကုတ်တွယ်နေတာမျိုးပါပဲ။ ဒီအချက်ကပဲ စစ်တပ်ကကျင်းပပေးမယ့် အပြစ် အနာအဆာ‌တွေနဲ့ ရွေးကောက်ပွဲဆိုတာက ဖေါ်ညွှန်းနေပြီး ကျင်းပဖြစ်ခဲ့ရင်လည်း ဒါဟာ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒကို ကိုယ်စားပြုရာရောက်မှာမဟုတ်ပါဘူး" လို့ အ‌မေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က နိုင်ငံရေး ပါတီများဖျက်သိမ်းခံရခြင်းနဲ့ပတ်သက်ပြီး ဆိုခဲ့ပါတယ်။

 

"စစ်တပ်က နိုင်ငံရေးပါတီအချို့ကို ဖျက်သိမ်းကြောင်း ကြေညာတာဟာ ပါတီစုံဒီမိုကရေစီနဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒကို ပမာမခန့် ပြုလိုက်တာပါပဲ။"

 

 

သမ္မတ ဘိုင်ဒင်ကလည်း မြန်မာက ရိုဟင်ဂျာတွေ၊ တရုတ်က မူဆလင်တွေနဲ့အတူ အမေရိကန်က အတူရှိ ကြောင်းကို ပြီးခဲ့တဲ့ ရမဒန် ဥပုသ်လအစမှာ ဆိုခဲ့ပါသေးတယ်။

 

အိမ်ဖြူတော်က မြန်မာစစ်အစိုးရကို အကူအညီပေးမှုတွေရပ်တန့်ထားပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီဆိုင်ရာ ရံပုံငွေတွေထောက်ပံ့ပေးခဲ့တာ အမေရိကန်ဒေါ်လာ . သန်းနီးပါးရှိပါပြီ။

 

ဒီထောက်ပံ့မှုတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပညာသင်ကြားခွင့်၊ အစားအစာနဲ့ သန့်ရှင်းသော ရေရပိုင် ခွင့် နဲ့ ရေဆိုးစနစ်ကို အဆင့်မြှင့်တင်ခြင်းဆိုင်ရာတွေမှာ အသုံးပြုခဲ့ပါတယ်။

 

"အာဏာသိမ်းစစ်အုပ်စုက ၎င်းရဲ့ပြည်သူ‌တွေအပေါ် ရက်ရက်စက်စက် ဖိနှပ်မှုတွေကို အဆုံးသတ်ဖို့နဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကိုသွားနိုင်စေဖို့အတွက် ခုဖြစ်နေတဲ့ အကျပ်အတည်းတွေကို အဆုံးသတ်ဖို့ဆိုတာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ နေ့စဉ်လုပ်ဆောင်နေရတဲ့ အသက်ကယ်ဆယ်ရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်ပေးဖို့ ကျွန်ုပ်တို့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်တွေကို တောင်းဆို ပါတယ်" လို့ သမ္မတ ဘိုင်ဒင်က မတ်လက ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့မှုအသစ်တွေ ပေးဆောင်စဉ်က ဆိုခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ ပြည်သူ အယောက် ၃,၀၀၀ နီးပါး အသတ်ခံခဲ့ရပြီး၊ ၁၇,၀၀၀ ကျော်နီးပါးက ဖမ်းဆီးထိန်းသိမ်းခံ‌ခဲ့ရကာ ပြည်သူ . သန်းကျော်က နေရပ် ရွှေ့ပြောင်း နေထိုင်ခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်မှန်းပြောကြားခဲ့ပါတယ်။

 

မြန်မာမှာ နိုင်ငံရဲ့ စီးပွားရေး ပြိုလဲမှုနဲ့အတူ အစားအစာနဲ့ လောင်စာပြတ်တောက်မှုကလည်း ဖြစ်ပွားလျက် ရှိပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် လူပုဂ္ဂိုလ် ၈၃ ဦးနဲ့ စစ်တပ်နဲ့ဆက်စပ်နေတဲ့စီးပွားရေးလုပ်ငန်း ၄၉ ခုကို အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီးဖြစ်ပါတယ်။

 

(Courthouse News Service ရဲ့ ဆောင်းပါးရှင် Nolan Stout ရေးသားတဲ့ "Biden administration kicks up pace of sanctions for Myanmar" ဆောင်းပါးကို ဘာသာပြန်ပါတယ်။)

 

Photo credit to AP

 

Burma Associated Press

 

စစ်ကောင်စီ
အာဏာသိမ်း
အမေရိကန်
ဒဏ်ခတ်ပိတ်ဆို့မှု

Share With
bap-logo