bap-logo
Data

Wednesday facts

PUKIZC-m_PcX0p7aDz1Ph-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁၁။

 

BAP ရဲ့ အခုတစ်ပတ် Wednesday facts အစီအစဉ်မှာတော့ အောက်တိုဘာ ၅ ရက်ကနေ အောက်တိုဘာ ၁၀ ရက်အထိ သတင်းဖြစ်စဉ်တွေထဲကနေ ထင်ရှားခဲ့တဲ့ ကိန်းဂဏန်းတွေကို တင်ဆက်ထားပါတယ်။

 

၁၃၂,၀၉၉

 

 NUGရဲ့ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍနဲ့ သက်မွေးပညာကဏ္ဍတွေမှာ ဆရာ၊ဆရာမပေါင်း ၁၃၂,၀၉၉ ဦး ပါဝင်နေတယ်လို့ အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

 

၃.၆

 

 ထိုင်း−မြန်မာနယ်စပ်က ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် ထိုင်းဘတ်ငွေ ၃.၆ သန်းကို ထိုင်းအစိုးရက ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့-UNICEF ကို အောက်တိုဘာ ရက်က ပေးအပ်ခဲ့ပါတယ်။

 

၁,၃၁၆

 

လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်တဲ့ ရေးသားမှုကြောင့် ၂၀၂၂ ဖေဖော်ဝါရီကနေ ၂၀၂၃ စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ ၁,၃၁၆ ဦး ရှိတယ်လို့ Data For Myanmar က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

 

၂၉ ဦး

 

ကချင်ပြည်နယ်၊ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီက အောက်တိုဘာ ၉ ရက်မှာ ဗုံးကြဲခဲ့လို့ ကလေးငယ်တွေအပါအဝင် စစ်ရှောင် ၂၉ ဦး သေဆုံးခဲ့ပါတယ်။

 

၅၂၈

 

 စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် အောက်တိုဘာ ၁ ရက်အထိ ချင်းလူမျိုး ၅၂၈ ဦး သေဆုံးခဲ့ပြီလို့ ချင်းရေးရာအဖွဲ့ချုပ်က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

 

Burma Associated Press

Wednesday Facts

Related Articles

Share With
bap-logo