bap-logo
International

"အီရန်က ကျွန်တော်တို့ကို ဖျက်ဆီးဖို့ ကြိုးစားခွင့်ရှိပြီး ကျွန်တော်က ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်မရှိရတာလဲ"

PLsBj47Ob9vrDAi19tEH4-image

လွန်ခဲ့သော ၂ နှစ် က

ဂျေရုဆလင် - မတ် ၆


 
အီရန် နျူကလီးယားစက်ရုံများကို အစ္စရေး သို့မဟုတ် အမေရိကန်က တိုက်ခိုက်လာပါက တရားမဝင်မည် မဟုတ်ကြောင်း ကုလနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့အကြီးအကဲ၏ မှတ်ချက်ကို မပြောအပ်သည့်ကိစ္စဟု အစ္စရေးက ခါးခါးသီးသီးတုန့်ပြန်လိုက်သည်။


 
အဆိုပါမှတ်ချက်နှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက -


 
"
ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်မရှိအောင် ပိတ်ပင်ခံထားရတာလား။ သေချာတာကတော့ ကျွန်တော်တို့မှာ အဲဒီလို လုပ်ခွင့်ရှိနေပါတယ်" ဟု ၎င်း၏ အစိုးရအဖွဲ့ဝင်များကို စနေနေ့ည ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။


 
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ဥက္ကဌ ရာဖေးလ် ဂရော့ဆီ (Raphael Grossi) သည် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား ၂၀၁၅ နျူကလီးယားစာအုပ် သက်တမ်းတိုးရေး အဆင်မပြေ ဖြစ်နေသည့်ကိစ္စကို ဖြေလျှော့ရေးကြိုးပမ်းချက်အနေဖြင့် တီဟီရန်ကို သွားရောက်ပြီးနောက် "အီရန် နျူကလီးယားစက်ရုံများကို စစ်ရေးအရမည့်သည့် တိုက်ခိုက်မှုမျိုးမဆို တရားဝင် မည်မဟုတ်ဟု" စနေနေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။


 
IAEA
အကြီးအကဲသည် အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်နျူကလီးယားစက်ရုံများအပေါ် ခြိမ်းခြောက် မှုများနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ အီရန်ကမူ ၎င်းတို့၏ နျူကလီးယားစမ်းသပ်မှုအစီအစဉ်မှာ ငြိမ်းချမ်းစွာအသုံးပြုရေးအတွက်သာ ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆိုထားသည်။


 
၎င်း၏မှတ်ချက်နှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ်က - " Rafael Grossi ဟာ လေးစားထိုက်တဲ့ ပုဂ္ဂိုလ် တစ်ဦးပါ၊ ဒါပေမဲ့ သူဟာ မပြောအပ်တဲ့ မှတ်ချက်ကို ပေးခဲ့ပါတယ်။ သူက ဘယ်ဥပဒေနဲ့ မညီဘူးလို့ ပြောချင် တာလဲ။ အစ္စရေးနိုင်ငံကို ဖျက်ဆီးပစ်မယ်လို့ ကမ္ဘာသိကြေညာထားတဲ့ အီရန်ကျတော့ လူသတ်လက်နက်တွေ ထုတ်ခွင့်ရှိတာလား။" ဟု ဆက်လက် တုန့်ပြန်ခဲ့သည်။


 
ဂရော့ဆီသည် အီရန်နိုင်ငံရှိ ထုတ်ဖော်ကြေညာမထားသော နေရာများတွင်တွေ့ရသည့် ယူရေနီယံ အမှုန်အမွှား များနှင့်ပတ်သက်၍ ကာလရှည်ရပ်ဆိုင်းထားရသည့် စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ကူညီရေးအပါအဝင် ဖယ်ရှား လိုက်သည့် နျူကလီးယားစောင့်ကြည့်ရေး ကိရိယာများ ပြန်လည်တပ်ဆင်ရေးအတွက် အာမခံချက်များ ရရှိခဲ့ ကြောင်း IAEA က  စနေနေ့တွင် ပြောကြား ခဲ့သည်။


 
 
 
Source – Reuters/The Jerusalem Post


 
ပုံ - အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု။

 

Burma Associated Press

 

 

အစ္စရေး
ဝန်ကြီးချုပ်
အီရန်
နျူကလီးယား
ဘင်ဂျမင်နေတန်ယာဟု

Share With
bap-logo