bap-logo
Politics

ချင်းတွင်းမြစ်တွင်သောင်တင်နေသည့် စစ်တပ်ထောက်ပို့ရေယာဉ်ကို PDF တိုက်ခိုက်သိမ်းပိုက်

Nfx3iCv0kOah1aV5S6S0i-image

လွန်ခဲ့သော ၂ နှစ် က

စစ်ကိုင်း ၊ ဖေဖော်ဝါရီ - ၁၀

 

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် စစ်ကောင်စီ၏ ထောက်ပို့ရေယာဉ် အကြီးတစ်ခု သောင်တင်နေစဉ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်နှင့် ဆီပေပါအများအပြား ရရှိခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF ကထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၇ နာရီ အချိန်ခန့်တွင် ကနီမြို့နယ် သပြေတောရွာအနီး သောင်တင် နေသည့် စစ်တပ်ထောက်ပို့သင်္ဘောတစ်စီးကို တိုက်သိမ်းပိုက်ခဲ့ကြောင်း၊ သင်္ဘောပေါ်မှ ဒီဇယ်ပေပါများ၊ ဆန် ၊ ဆီ ၊ဆားနှင့် လက်နက်ခဲယမ်းပစ္စည်းများကို သိမ်းယူနိုင်ခဲ့ကြောင်း ယင်းက ဆိုထားသည်။

 

ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်က ၂၀နှင့် အထက် သေဆုံးပြီး ထိခိုက်ဒါဏ်ရာရသူများက အခြားသင်္ဘော တစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဆိုထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG PDF၊နဂါးညီနောင်အဖွဲ့၊Alphaအဖွဲ့၊ ချင်းတွင်း ဂဠုန်ရာဇာ၊ ယင်းမာပင် PDA၊ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့၊ ဗျတ္တညီနောင်၊ ချိုမိုင်မိုင်အဖွဲ့၊ မြောက်ယမားအဖွဲ့၊ ခရိုင်း ရင်း ၁ ၊ ခရိုင်း ရင်း ၂ ၊ ကနီ ယင်းမာပင် ဆားလင်းကြီးမဟာမိတ်ညီနောင်များ ပူးပေါင်း ဆောင်ရွက်ကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။

 

အထက်ပါအကြောင်းအရာအသေးစိတ်နှင့်ပတ်သက်ပြီး ဘီအေပီက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

 

Photo - KLG PDF

Burma Associated Press

 

စစ်ကိုင်း
ဒေသကာကွယ်ရေးတပ်ဖွဲ့
တိုက်ပွဲ
စစ်ကောင်စီ

Share With
bap-logo