bap-logo
Politics

အရပ်သားကားကို မိုင်းဆွဲမိသဖြင့် YPPDF တောင်းပန်

LdWTVuDqJW5UbOZ2X7GPN-image

လွန်ခဲ့သော ၂ နှစ် က

မွန်၊ ဖေဖော်ဝါရီ ၉။

 

ရေး- ထား၀ယ် ကားလမ်းပိုင်းတွင် အရပ်၀တ်ဖြင့် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ဟိုက်ဂျက်ကား ၂ စီးကြား ဖြတ်မောင်းလာသည့် အရပ်သားများလိုက်ပါလာသော ဟိုက်ဂျက်ကား တစ်စီးအား ရှေ့ထွက်မိုင်း ဆွဲမိ သဖြင့် အနူးအညွတ်တောင်းပန်ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (YPPDF)မှ ဖေဖော်ဝါရီ ၉ရက်က ထုတ်ပြန်လိုက်သည်။

 

မိုင်းဆွဲခံရခြင်းကြောင့် အဆိုပါဟိုက်ဂျက်ကားပေါ်တွင်လိုက်ပါလာသည့် အရပ်သား ၈ ဦး အနက် ဘုန်းကြီး တစ်ပါး ပျံလွန်ခဲ့ပြီး၊ အရပ်သားတစ်ဦးလည်း သေဆုံးခဲ့ကာ ကျန် ၆ ဦးမှာ ဒဏ်ရာများရရှိခဲ့ကြသည်။

 

ကျွန်တော်တို့ မိုင်းဆွဲတိုက်ခိုက်ပြီးမှ အဲဒီဟိုက်ဂျက်ကားမှာ ပြည်သူများလိုက်ပါလာတဲ့ ကားဖြစ်ကြောင်း သိရ တယ်။ ပြည်သူများတိုက်ခိုက်ခံရမှုကို ကျွန်တော်တို့ကူညီပေးချင်သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် နီးစပ်ရာဆေးရုံနဲ့ အရေးပေါ်ကယ်ဆယ်ရေးကားများကို ဖုန်းဆက်အကြောင်းကြားပြီး ပြန်လည် ဆုတ်ခွာ ခဲ့ရတယ်” ဟု ထုတ်ပြန်ချက်တွင် YPPDFအဖွဲ့ ပြောထားပါသည်။

 

YPPDF သည် တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့နယ်အခြေစိုက်စခန်းမှ ရေဖြူမြို့နယ်အခြေစိုက် တပ်ရင်းသို့ အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ဟိုက်ဂျက်ကား ၂စီးအား ရေး - ထားဝယ် လမ်းပိုင်း တွင် ဖေဖော်ဝါရီ ၆ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ရန် စီစဥ်ထားခဲ့ပါသည်။ သို့သော် စစ်ကားနှစ်စီးကြားထဲသို့ ဘုန်းကြီးတစ်ပါးနှင့် အရပ်သားများလိုက်ပါလာသော ဟိုက်ဂျက်ကားတစ်စီးမှ ကြားဝင်မောင်းနှင်လာသည်ကို လုံးဝ (လုံးဝ) မသိဘဲ မိုင်းဆွဲတိုက်ခိုက်မိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါြဖစ်စဉ်တွင် ထိခိုက်နစ်နာမှုခံစားရသူမိသားစုများအား YPPDF တပ်ဖွဲ့တစ်ခုလုံးမှ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့်တောင်းပန်ကြောင်း၊ ယင်းသို့ကိစ္စရပ်များမဖြစ်စေရန်နှင့် တော်လှန်ရေးအမြန်ဆုံး ပြီးမြောက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

 

ဓာတ်ပုံ - YPPDF

Burma Associated Press

 

မွန်
ရေး
ဒေသကာကွယ်ရေးတပ်ဖွဲ့

Share With
bap-logo