bap-logo
Politics

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်တွင်းပထမညမှာပင် ဆေးရုံသို့ရွှေ့ပြောင်း

NCvk9_KnCOQEHq4nMKDqZ-image

လွန်ခဲ့သော တစ်နှစ် က

ပြည်ပြေးဘဝမှ ပြန်လာသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် လေဆိပ်မှ နိုင်ငံတော်တရားရုံးချုပ်သို့ သွားရောက်ခဲ့ပြီး အရာရှိဟောင်းများ၏ ရာဇဝတ်မှုများကို စီရင်သည့် အထူးအဖွဲ့က ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခဲ့သည့်အတွက် ဘန်ကောက်ပင်မအကျဉ်းထောင်သို့ သွားရောက်ခဲ့ရသည်။

 

၎င်း၏ ပထမဆုံး အကျဉ်းထောင်အတွင်းမှ ညမှာပင် ကျန်းမာရေးစိုးရိမ်ရသည့်အတွက် ဆေးရုံသို့ ရွှေ့ပြောင်း ခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ၎င်းကို အာဏာအလွဲသုံးစားမှု၊ အကျင့်ပျက်ခြစားကြောင်း စွပ်စွဲခံရမှုနှင့် အင်အားကောင်းသည့် ဘုရင်စနစ်ကို သစ္စာမဲ့မှုတို့ဖြင့် မျက်ကွယ်အစီရင်ခံထားရခြင်းဖြစ်ပြီး ၎င်းကမူ မှားယွင်းကြောင်းချေပထားသည်။

 

အသက် ၇၄ နှစ်အရွယ်ရှိ သက်ဆင်ကို မနက်အစောပိုင်း ၁ နာရီတွင် ဆေးရုံသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု အရာရှိများက ပြောကြားသည်။ ၎င်းသည် အိပ်မပျော်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ သွေးတိုးခြင်းနှင့် လက်ထိပ် ဖျားမှ အောက်ဆီဂျင်ကျဆင်းနေခြင်းတို့ ခံစားနေရကြောင်း ပြန်လည်ပြင်ဆင်ရေးဌာန (အကျဉ်းဦးစီးဌာန)မှ ထုတ်ပြန်ထားသည်ဟု သိရသည်။

 

သင့်လျော်သည့် ဆေးပစ္စည်းကိရိယာများ အားနည့်းသည့်အတွက် ဆရာဝန်က အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ယုံကြည်ရသည်။ ထို့ကြောင့် လူနာကို ဆေးပစ္စည်းကိရိယာများ ပိုမိုကောင်းမွန်သည့် ရဲတပ်ဖွဲ့ဆေးရုံသို့ ရွှေ့ပြောင်းရန် သဘောတူညီခဲ့ကြသည်။၎င်းဌာနက ပြောဆိုသည်။

 

သက်ဆင်ပြန်လာချိန်သည် ၎င်း၏ Pheu Thai ပါတီက ၎င်းတို့၏ ကာလရှည်ကြာ ရန်သူများဖြစ်သော စစ်တပ်မဟာမိတ်ပါတီများနှင့် အငြင်းပွားဖွယ် သဘောတူညီမှုပြုလုပ်ခဲ့ချိန်ဖြစ်ပြီး သက်ဆင်ကို အဆိုးရွားဆုံး ထောင်ဒဏ် မကျရောက်စေရန် နိုင်ငံရေးသဘောတူညီမှု ယူထားသည်ဟု ယူဆမှုများလည်း ကျယ်ပြန့်စွာ ထွက်ပေါ်နေသည်။

 

၎င်းကို ဘန်ကောက်ရမန်အချုပ်ထောင်ရှိ ဆေးကုသဆောင်၌ ထားရှိပြီး အနီးကပ်စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ အရာရှိများက ၎င်းကို ထိခိုက်လွယ်သည့် အကျဉ်းသားများအဖြစ် ရှင်းလင်းဖော်ပြခဲ့ပြီး အင်္ဂါနေ့က ဆေးစစ်ရာ တွင် ၎င်းတွင် နှလုံး၊ အဆုတ်၊ သွေးတိုးနှင့် ကျောရိုးဆိုင်ရာ ပြဿနာများတွေ့ရှိခဲ့ရသည်ဟု ဖော်ပြထားသည်။

 

သက်ဆင်သည် ၎င်းကို ချမှတ်ထားပြီးသော အပြစ်ကျူးလွန်မှုများအရ အကျဉ်းထောင် ပထမဆုံးနေ့တွင် တော်ဝင် လွတ်ငြိမ်းဖြေလျော့မှုကို လျှောက်ထားခွင့်ရှိသည်။ ကျန်းမာရေးအကြောင်းပြချက်သည် ပိုမိုသက်ညှာ ရန် အကြောင်းပြချက်တစ်ခုအဖြစ် ပြသနိုင်သည်။

 

အင်္ဂါနေ့တွင် သက်ဆင်ထောက်ခံသူ ရာဂဏန်းများစွာက လေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့ကြသော်လည်း လူမှုမီဒီယာများတွင်မူ ၎င်းတို့၏မဲဆန္ဒများနှင့် ပါတီ၏ မူလတန်ဖိုးများကို ၎င်း၏ ကိုယ်ကျိုးအတွက် ယုတ်လျော့စေသည်ဟု စွပ်စွဲကာ ဒေါသနှင့် ပြစ်တင်ခဲ့ကြသည်။

 

ကိုးကား - The Guardian AP

ပုံစာ - ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် (Photo: Lillian Suwanrumpha/AFP/Getty Images)

 

ထိုင်းနိုင်ငံ
သက်ဆင်
ဆေးရုံ
ဝန်ကြီးချုပ်ဟောင်း

Share With
bap-logo