bap-logo
Data

၂၀၂၂ ခုနှစ်တွင် CDM ကျန်းမာရေးဝန်ထမ်း ၁,၂၉၇ ဦးကို နွေဦးထီမှ ငွေ ကျပ်သိန်း ၆၀၀ ကျော် ထောက်ပံ့ခဲ့

Md0oNT7msBXGltPP-PcB--image

လွန်ခဲ့သော ၂ နှစ် က

ဇန်နဝါရီ ၁၆။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် NUG အစိုးရ၏ နွေဦးထီ အစီအစဉ်ရငွေ ကျပ်သိန်း ၆၀၀ ကျော် (၆၄,၆၆၈,၄၉၄) ကို ကျန်းမာရေး CDM ဝန်ထမ်း ၁,၂၉၇ ဦးအတွက် ထောက်ပံ့နိုင်ခဲ့သည်ဟု CDM Medical Network စာရင်းများအရ သိရသည်။

 

ထိုပမာဏသည် NUG အစိုးရ၏ နွေဦးထီ အစီအစဉ်မှ ထောက်ပံ့ငွေများကို ဌာနအသီးသီးသို့ ခွဲဝေထောက်ပံ့ခဲ့ရာ ပြီးခဲ့သည့်နှစ်အတွင်း ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့နိုင်ခဲ့သည့် ခွဲတမ်းဖြစ်သည်။

 

၂၀၂၂ ခုနှစ် ဒီဇင်ဘာတစ်လထဲတွင် ထောက်ပံ့ငွေခွဲတမ်း စုစုပေါင်း လေးဆယ့်ငါးသိန်းကျပ်တိတိ ( 4,500,000 ကျပ်) ကို ကျန်းမာရေး CDM ဝန်ထမ်း (90) ယောက် မှ မျှဝေ ရရှိခဲ့သည်ဟု CDM Medical Network ကဆိုသည်။

 

ကျန်းမာရေး CDM ဝန်ထမ်း စုစုပေါင်း သောင်း ကျော် ရှိသည့် အနက်မှ စားဝတ်နေရေး ခက်ခဲနေသော ဝန်ထမ်းများကို အတတ်နိုင်ဆုံးဦးစားပေး ထောက်ပံ့ပေးခဲ့ပါတယ်ဟု CDM Medical Network က ဆိုသည်။

 

နွေဦးထီ ထိုးသားပြည်သူ တစ်ရပ်လုံးကို CDM Medical Network အနေဖြင့် ထောက်ပံ့ကြေးငွေရရှိသွားသော ကျန်းမာရေး CDM ဝန်ထမ်းများ အားလုံးကိုယ်စား အထူးကျေးဇူးတင်သည်ဟုလည်း ထုတ်ပြန်သည်။

 

ကျန်ရှိနေသေးတဲ့ ကျန်းမာရေး CDMဝန်ထမ်းများကိုလည်း တစ်လချင်း ရရှိသော ထောက်ပံ့ကြေး ခွဲတမ်းများ အရ အလှည့်ကျ ခွဲဝေပေးဖို့ စီစဉ်ထားသည့်အတွက် စိတ်ဓာတ်မကျကြဖို့လည်း အားပေးလိုပါတယ်ဟု CDM Medical Network က ဆိုသည်။

 

CDM သည် တော်လှန်ရေးရဲ့ အဓိကထောက်တိုင်များအနက် တခုဖြစ်သည့်အတွက် နောက်လများတွင်လည်း ထီထိုးအား ယခုထက်ပို၍ များလာပြီး CDMဝန်ထမ်းများကို ပိုမိုထောက်ပံ့ပေးနိုင်မယ်လို့ မျှော်လင့်သည် ဟုလည်း ဆိုသည်။

 

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်မှ ၂၀၂၃ ခုနှစ်စပိုင်းအထိ ကျန်းမာရေးဝန်ထမ်း ၈၃ ယောက် အသတ်ခံခဲ့ရပြီး ဖမ်းဆီးတရားစွဲဆိုခံရသူ ၃၅၅ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၈၉ ယောက် ရှိသည်ဟု ကျန်းမာ‌ရေးမိသားစု-မန္တလေးထံမှ သိရသည်။

 

Burma Associated Press

မြန်မာ
နွေဦးထီ
စီဒီအမ် ကျန်းမာရေး ကွန်ယက်
အာဏာသိမ်း

Share With
bap-logo