Crime
ဂျေယန်စစ်ရှောင်စခန်းတွင် လျှပ်စစ်ဝါယာ ရှော့ကြောင့် နေအိမ် ၃၅ လုံး မီးလောင်
လွန်ခဲ့သော ၂ နှစ် က
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင် စခန်းဖြစ်သော ဂျေယန် စစ်ရှောင် စခန်းရှိ ရပ်ကွက်(၆)B တွင် မတ်လ ၁၉ ရက် ညနေပိုင်း သုံးနာရီခန့်အချိန်တွင် လျှပ်စစ်ဝါယာရှော့ဖြင့် နေအိမ် ၃၅ လုံး မီးလောင်သွားကြောင်းသိရသည်။
ဂျေယန်စစ်ရှောင်စခန်းသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် နေရာလည်းဖြစ်သည်။ အဆိုပါစခန်းတွင် ရပ်ကွက် ၇ ခု ရှိကြောင်းသိရသည်။
လက်ရှိတွင် မီးဘေးသင့်ပြည်သူအိမ်ထောင်စု ၃၅ မှ ပြည်သူ ၁၇၇ ယောက်ကို ဂျေယန်စစ်ရှောင်စာသင် ကျောင်း တွင် ယာယီနေရာချထားပေးကြောင်း သိရသည်။
ဓာတ်ပုံ- Simsa Kasa Multimedia
ဒုက္ခသည်စခန်း
KIO
ကချင်
မီးလောင်မှု
Top News
လာမဲ့မတ်လမှာ တက္ကသိုလ်ဝင်တန်းဖြေမယ့် ကျောင်းသားတွေပါ စစ်မှုထမ်းစာရင်းပါနေလို့ မိဘတွေ ရတက်မအေးဖြစ်နေရ
လွန်ခဲ့သော ၂ ရက် က
စစ်မှုထမ်းဆင့်ခေါ်စာကြောင့် အလုပ်ထွက်ကြတဲ့ လူငယ်တွေရှိလာ
လွန်ခဲ့သော ၄ ရက် က
ပင်တဂွန်ထက် ဆယ်ဆ ကြီးမားသည့် စစ်ဌာနချုပ် တရုတ်တည်ဆောက်နေ
လွန်ခဲ့သော ၈ ရက် က
Articles
Share With