bap-logo
Politics

ရှမ်းမြောက်တိုက်ပွဲတွင် MNDAA က တရုတ်လုပ် Drone များ အဓိကသုံးကာ တိုက်ခိုက်ခဲ့ဟု စစ်ခေါင်းဆောင်ပြော

KrMNIxHe9fx2XRVQ4CtR2-image

လွန်ခဲ့သော တစ်နှစ် က

ရှမ်း၊ နိုဝင်ဘာ ၁၁။

 

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများတွင် ကိုးကန့်တပ်ဖွဲ့- MNDAA က တရုတ်နိုင်ငံလုပ် Drone များကို အဓိကထားအသုံးပြုတိုက်ခိုက်ခဲ့သည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီမင်းအောင်လှိုင်က ယမန်နေ့ က နေပြည်တွင်လုပ်သည့် ကာလုံအစည်းအဝေးတွင်ပြောခဲ့သည်။

 

“Drone တွေက တရုတ်နိုင်ငံထုတ် ကုန်ထုတ်လုပ်ငန်းသုံး Drone တွေဖြစ်ပြီး ဈေးကွက်မှာ လွယ်ကူစွာ ဝယ်ယူလို့ ရနေပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။

 

MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသတွင် အာဏာပြန်လည် တည် ဆောက်နိုင်ရေး၊ TNLA အဖွဲ့အနေဖြင့် ပလောင်ပြည်နယ်ရရှိရေး၊ ကိုးကန့် အနေဖြင့် ကိုးကန့်ပြည်နယ် ရရှိရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု လည်း စစ်ခေါင်းဆောင်ကဆိုသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် ဖြစ်စဉ်များဖြစ်ပွားနေချိန်အတွင်း ပွဲလန့် တုန်းဖျာခင်းသည့် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့နေရာများ တွင် PDFKIAAA တို့က တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်” ဟုလည်းဆို သည်။

 

ရှမ်းမြောက်တွင် တိုက်ပွဲများစတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှနေ၍ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်မြို့များကို လက်လွှတ်ထား ရသည်။

 

 

၎င်းတို့အနေဖြင့် လိုအပ်သည့်လက်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟုလည်း စစ်ခေါင်းဆောင်က ပြောခဲ့သည်။

 

Burma Associated Press

 

ရှမ်း
ကိုးကန့်တပ်
မင်းအောင်လှိုင်
တရုတ်
ဒရုန်း

Share With
bap-logo