bap-logo
Local News

စစ်ဘေးရှောင်များနေရာသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်

IdqMghdZEcjcWiMvovV1j-image

လွန်ခဲ့သော ၂ နှစ် က

ကရင်နီ၊ ဖေဖော်ဝါရီ ၂၈

 

ဒီမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက စစ်ဘေးရှောင်များ နေထိုင်ရာသို့ ယမန်နေ့ ညက လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ဒီမော့ဆိုက သတင်းထုတ်ပြန်သည်။

 

ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ် မှ ၈ နာရီ ကျော်ထိ လက် နက်ကြီးများဖြင့် ၆ ကြိမ်ခန့် ရမ်းကား ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်မိသားစုတစ်စုအနက် အမျိုးသမီးကသေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူသည် ဘယ်ဘက်လက်မောင်းကျိုး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ ၎င်းတို့၏ အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ်ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။

 

လက်နက်ကြီးထိမှုကြောင့်သေဆုံးသွားသူအမျိုးသမီး၏ မိခင်မှာ အသက် ၇၀ ကျော်အရွယ် နှလုံးရောဂါ သည်ဖြစ်ပြီး သမီးဖြစ်သူ သေဆုံးမှုကြောင့် နှလုံးရောဂါဆိုးရွားစွာခံစားနေရကြောင်း၊ အခြားအမျိုးသမီး တစ်ဦး တင်ပါးဆုံ ပြင်းထန် ဒဏ်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ဒီမော့ဆိုက သတင်းထုတ်ပြန်သည်။

 

စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ချက်ရှိရှိလက်နက်ကြီးများဖြင့် နေ့စဉ်ပစ် ခတ်လျှက် ရှိ ကြောင်း ယင်းအဖွဲ့ပြန်ကြားရေးတာဝန်ခံကဆိုသည်။

 

ယင်းနေ့မှာပင် ဘောလခဲမြို့အခြေစိုက်စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒီမော့ဆိုမြို့နယ် အရှေ့ ဘက်ခြမ်းရှိ ကျေးရွာထဲသို့လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ သုံးဦးတွင် အသက် ၇၀ အရွယ်ရှိ အမျိုးသားတစ်ဦး ဆေးခန်းပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း KNDF က သတင်း ထုတ်ပြန်သည်။

 

ထို့ပြင် ဒီမော့ဆိုအရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် နေအိမ်သုံးလုံး၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများကို လက် နက်ကြီးဖြင့်ပစ်ရာတွင် နေအိမ်တစ်လုံးနှင့် တိရစ္ဆာန်တချို့ထိ ခိုက်သွားကြောင်း ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။

 

ပုံစာ ။ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုကို တွေ့ရစဉ်။

 

Burma Associated Press

 

 

KNDF
စစ်ကောင်စီ
အရပ်သား
သေဆုံး
လက်နက်ကြီး
ကရင်နီ
ဒီမောဆို

Share With
bap-logo